လူသားစားမြို့(၂)

En başından başla
                                    

ဒါက ပင့်ကူပင်။

ပင့်ကူက ကြီးမားပြီး မိန်းကလေးရဲ့ လက်ဖဝါးလောက် ကြီးမားကာ မိန်းကလေးက ပင့်ကူကို ထိလိုက်ချိန်တွင် ပင့်ကူက အသိစိတ်ရှိသလိုမျိုး သူမလက်ပေါ် ချက်ချင်း ပြေးတက်လာပြီး သူမက ဘယ်လောက်ပဲ ခါထုတ်ပါစေ ပြုတ်မကျသွားပေ။

“အိုး!” မိန်းကလေးက အော်လိုက်ပြီး သူမတစ်ကိုယ်လုံးက ထိုနေရာတွင် အရူးလိုမျိုးသာ အေးခဲနေခဲ့သည်။

ရှောင်ချန်း ကမျက်စိကို မှေးကျဉ်းလိုက်ပြီး အိပ်ရာမှ ထ,လိုက်ကာ ကူညီဖို့ လုပ်လိုက်ပေမဲ့ သူဘာမှ မလုပ်ရသေးခင် ပင့်ကူက မိန်းကလေးရဲ့လက်မှ ခုန်ချသွားပြီး ချောင်တစ်ခုဆီ ပင့်ကူမျှင်အား ထုတ်လိုက်ပြီး ပျောက်သွားခဲ့သည်။

မိန်းကလေးက ကြောက်နေခဲ့ပြီး မျက်ရည်တွေက ဆက်တိုက်ကျနေခဲ့သည်။ သူမက ခေါင်းကိုသာ အကြိမ်ကြိမ် ညိတ်လိုက်ပြီး ထပ်တလဲလဲ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

ရှောင်ချန်း ကသူမအား လျစ်လျူရှုလိုက်သည်။ သူ့မျက်လုံးတွေက ပင့်ကူပျောက်သွားသည့် နေရာကိုသာ အတွေးများစွာဖြင့် ကြည့်နေခဲ့သည်။

“ပင့်ကူတွေကို မင်းကြောက်လား?”

“မကြောက်ဘူး”

“ဒီလောက်ကြီးတဲ့ ပင့်ကူဆိုရင်ကော?” ကောင်လေးက သူ့လက်နဲ့ အရမ်းကြီးမားသည့် အရွယ်အစားပုံစံ လုပ်ပြလိုက်သည်။

သူ့ထက်ပိုသေးသည့် ကောင်လေးက မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။ “မကြောက်ဘူး”

ကောင်လေးက အနည်းငယ် စိတ်ပျက်ပုံပေါ်သွားသည်။ “ဒါဆို ကလေးက ဘာကိုကြောက်လဲ? ကလေးက ဘာမှမကြောက်တော့ ကိုယ်က ကလေးကို ဘယ်လိုလုပ်ပြီး ကာကွယ်ပေးရမှာလဲ?!”

ကောင်ငယ်လေးက ရယ်လိုက်ပြီး သူ့လက်နှစ်ဖက်လုံးဖြင့် တစ်ဖက်လူကို ဖက်လိုက်သည်။ “ခင်ဗျားရှိနေရင် ကျွန်တော် ဘာမှမကြောက်ဘူး! ခင်ဗျားက ကျွန်တော့်ကို ကာကွယ်ပေးမှာကို သိနေလို့ပဲ!”

ရှောင်ချန်း ကသူ့မှတ်ဉာဏ်တွေထဲမှ ထွက်လိုက်ပြီး တိတ်ဆိတ်စွာဖြင့်သာ ပြတင်းပေါက်ဆီကို လျှောက်သွားလိုက်ပြီး အပြင်ဘက်မှ ရှုခင်းအား ကြည့်လိုက်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Hikayelerin yaşadığı yer. Şimdi keşfedin