ထိုသို့ပြောပြီး ခပ်ဟဟရယ်ကာ သူထွက်လာခဲ့တယ်~နောက်ကတစ်ယောက်ကတော့ တရူးရူးတရှဲရှဲနဲ့ကျန်ခဲ့တာပေါ့~ဟက် ဒါပဲလေ သူတို့ကိုယ်သူတို့ဘာထင်နေလဲမသိဘူး~

"ဟာ အချိန်တွေ​ရေ မြန်မြန်ကုန်ပါတော့ ကျောင်းတက်ရတာ Daddy ရင်ခွင်ထဲအိပ်ရတာလောက်တောင် ပျော်ဖို့မကောင်းဘူး~ဟူး~"

သက်ပြင်းတစ်ချက်ချကာ သူအခန်းဘက်သူထွက်လာခဲ့တယ်~

"ဟယ်ရီ~"

သူ့နာမည်ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ ဆစ်ဒရစ်~တစ်ကျောင်းလုံးမှာ သူနဲ့ပေါင်းလို့ရတာဆိုလို့ ဆစ်ဒရစ်တစ်ယောက်ပဲရှိတာ~~

"အင်း"

"မနေ့က ဘာလို့မလာတာလဲ ရိုက်ပွဲချိန်းထားတာကို မင်းမလာတော့ ငါတစ်ယောက်ပဲဖိုက်လိုက်ရတယ်~"

"အော် အေး ဆောရီးကွာ ငါမေ့သွားတယ် ဟဲဟဲ အဆင်ပြေတယ်မလား"

"မင်းက ငါ့ကိုအထင်သေးတာလား၊နည်းနည်းပါးပါးတော့ထိတာပေါ့ကွာ~"

"မင်းဘဲကြီးဘာမှမပြောဘူးလား"

"ငါ့ကိုတော့ဘာမှမပြောပါဘူး ဟိုဖက်ကကောင်တွေတော့ မသိဘူး ဟီး~"

"အေး အသက်ရှိသေးရင်တောင် ကံကောင်း~"

"မင်းမနေ့ကမလာတာ မင်းDaddyကြောင့်လား"

"omm"

"ငါ့လူကြီးက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားလို့ လွတ်လပ်ရေးရနေတာ ညနေကျလိုက်မလား ပွဲရှိတယ်~"

"တော်ပြီ အခုတောင် အတန်းလစ်မလားလို့ မင်းလူကြီးကို မလွမ်းဘူးလား"

"လွမ်းတာပေါ့ကွ အဲ့တာမင်းရဲ့Daddyအစုတ်ပလုတ်ကြောင့်လေ~သူ့ကိုပြောလိုက် သူများလူကြီးကို အဝေးကြီးတွေပဲ ပတ်ခိုင်းမနေနဲ့လို့~"

"ဟား ဟား အေးပါကွာ ပြောလိုက်ပါ့မယ်"

ဆစ်ဒရစ်ရဲ့ဘဲကြီးက တခြားသူတော့မဟုတ်Daddyရဲ့ယုံကြည်ရတဲ့လူယုံတစ်ယောက်~သူငယ်ချင်းဆိုလဲမမှားဘူးပေါ့~နာမည်က တွမ်ရစ်ဒယ် တဲ့~~

"ကယ် ကလေးတို့ နားလည်ကြလား"

ဟယ်ရီတစ်ယောက် ဆရာမပြောပြနေတဲ့ စာတွေလိုက်နားထောင်နေရတာ တော်တော်ကို ပျင်းနေပါပြီ~စိတ်ဝင်စားစရာ တစ်ကွက်မှမရှိ~Daddyကို ဒီတိုင်း ထိုင်ကြည့်နေရတာမှ ပျော်ဖို့ကောင်းအုံးမယ်~~အဲ့လိုတွေးပြီး ဘေးနားက ဆစ်ဒရစ်ကို လှမ်းပြောလိုက်တယ်~

~DON'T BLAME ME~Where stories live. Discover now