"ဘေဘီ ဒီမှာကော်ဖီ ပူတယ်နော် ဖြည်းဖြည်းသောက်"

"အင်း"

သူတို့လည်း စားလို့သောက်လို့ပြီးတာနဲ့ ဘေဘီကို ကျောင်းပို့ဖို့ထွက်လာခဲ့တယ်။

ကျောင်းရောက်တော့~

"ဘေဘီ Daddy လိုက်စရာလိုသေးလား"

"ဟင့်အင်း လိုရင်ခေါ်လိုက်မယ်Daddy~မွ~"

နှုတ်ခမ်းကို လှမ်းနမ်းကာ ကားပေါ်ကဆင်းသွားသော ဘေဘီ~ပြီးတော့မှ မှန်ချပေးဆိုတဲ့ ပုံစံနဲ့ လက်အမူအယာလုပ်ပြလာတယ်။မှန်ချပေးလိုက်တော့~

"Daddy Kiss!"

ဟုဆိုကာ နှုတ်ခမ်းဆူထားသော ဟယ်ရီ~ဒီကောင်လေးကို အိမ်ကိုပဲ ပြန်ခေါ်သွားပြီး တစ်ချီဆွဲလိုက်ရင်ပဲ ကောင်းမလား ငါနော်!!

"ဘေဘီ ကိုယ့်ကိုဒုက္ခရောက်အောင်လုပ်နေတာပဲ"

"Daddyက မပေးချင်ဘူးလား"

"ထင်လား"

ဟုဆိုပြီး ကိုယ်ကို ရသလောက်ကိုင်းကာ အလှပဆုံးအနမ်းတွေ ဖန်တီးလိုက်တယ်။ကွက်ကြည့်ကွက်ကြည့်လုပ်နေတဲ့ ပတ်ဝန်းကျင်ကို လျစ်လျူရှူ့ရင်းပေါ့~အဲ့အကြောင်း မေးခွန်းထုတ်လာခဲ့ရင်လည်း အဖြေဟာ~

~ဘေဘီကိုစချစ်တည်းက ပတ်ဝန်းကျင်ဆိုတာကြီးကို $ဂရုကို မစိုက်တော့တာ~

Daddyကားထွက်သွားတာကို ကြည့်ပြီးမှ သူကျောင်းထဲဝင်လာခဲ့တယ်~အဲ့အချိန်~

"အိုးဟိုး တစ်မိုးအောက်တစ်ယောက် ဟယ်ရီဝေစလေ ပါလား မဟုတ်သေးပါဘူး ဟယ်ရီမက်ဖွိုင်းလို့ခေါ်ရမှာပေါ့~ဟက်~အခြောက်ကောင်"

စလာပြီ ဇာတ်လမ်းတွေ~တော်တော် အာရုံစိုက်ခံချင်နေကြလားမသိပါဘူး~

"မင်းကိုယ်မင်းလည်း ပြန်ကြည့်အုံး ငါစီးတဲ့ဖိနပ်လောက်တောင် အဆင့်မရှိဘဲနဲ့ ငါနဲ့စကား​ပြောချင်ရင်လည်း ရိုးရိုးတန်းတန်းပြောလို့ရပါတယ်ကွာ~"

"ဘာ!!မင်း ဘယ်သူ့ကို အဆင့်မရှိဘူးလို့လာပြောတာလဲ ငါ့အဖေဘယ်သူလဲ မင်းသိလား!!"

ဒေါနဲ့မောနဲ့ ပြန်ပြောလာတဲ့ ထိုတစ်ယောက်~

"ငါ့ယောက်ျားဘယ်သူလဲရော မင်းသိလား"

~DON'T BLAME ME~Where stories live. Discover now