သူအခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး~
"တာဝန်ကျေပါတယ် အခုပဲ သုံးလစာ ယူပြီးထွက်သွားလိုက်တော့ မင်းကို အလုပ်ထုတ်လိုက်ပြီ!"
"ဘာ ဘယ်လို? Ceo!!Ceo!"
အခန်းတံခါးကို ပိတ်ကာ သူ့ဆီလျှောက်လာပါသော Daddy~
"ဘယ်ကကောင်ဇိုးလေးလဲ ကျောင်းလစ်ပြီး သူများထိုင်ခုံမှာ ဝင်ထိုင်နေတာ~"
"Daddyရဲ့ကောင်ဇိုးလေး~"
ထိုသို့ပြန်ဖြေလိုက်တော့ တစ်ချက်ပြုံးလိုက်ပြီး သူ့ကိုပွေ့ကာ အရင်ဝင်ထိုင်လိုက်တယ်~ပြီးမှ ပေါင်ပေါ်မှာ မျက်နှာချင်းဆိုင် ပွေ့ပြီး တင်လိုက်တယ်~
"ပြောပါအုံး ကျောင်းမှာဘာတွေများဖြစ်လာလို့လဲ"
"ဘာမှမဖြစ်ပါဘူး ဒီတိုင်းDaddyကိုလွမ်းလို့ ထွက်လာတာ~"
"ဘယ်နှနာရီမှတောင် မရှိသေးဘူးလေ ဘေဘီရယ်~"
"အဲ့တာDaddyကြောင့်လေ လူကိုမတွေ့ရမနေနိုင်ဖြစ်သွားအောင် ဘာဆေးတွေကျွေးနေလဲမှ မသိတာ~"
"ဟား ဟုတ်ပါပြီကွာ စကားသိပ်တတ်နေတဲ့နှုတ်ခမ်းလေးကို ဆုချရမယ်"
ဆိုပြီး သူ့ကိုနမ်းဖို့အလုပ်~
"နေ နေ နေအုံး ဘေဘီပြောစရာရှိလို့"
ထိုအခါ မျက်မှောင်တစ်ချက်ကြုတ်သွားပြီး~
"ဘာပြောမလို့လဲ ဘေဘီရာ"
"Daddyနော် ဘာလဲ ငြိုငြင်တာလား"
"မဟုတ်ရပါဘူး သခင်လေးရယ် ပြော ဘာပြောမလို့တုန်း~~"
"ဆစ်ဒရစ်ကပြောခိုင်းလိုက်လို့ သူ့လူကြီးကို အလုပ်ခိုင်းရင်လည်း နီးနီးနားနားပဲခိုင်းပါတဲ့"
~ဒေါက် ဒေါက်~
"ဝင်ခဲ့~"
"ဒရေဂို ရပြီ ကိစ္စပြတ်သွားပြီ~"
ဝင်လာတဲ့သူက တခြားသူမဟုတ် ဆစ်ဒရစ်ရဲ့ လူကြီး~
"အော် အေး"
"ဟယ်ရီရောက်နေတာလား"
"ဟုတ်တယ်လေ ဟီးဟီး ပြီးတော့ ဆစ်ဒရစ်က လွမ်းတယ်တဲ့ စကားပါးခိုင်းလိုက်တယ်~"
"စကားပြန်လုပ်နေတာပေါ့ ဘေဘီက~"
"ဟာ မဟုတ်ပါဘူး Daddyရာ"
"အဲ့တာဆို ငါသွားတော့မယ် ဟယ်ရီအစ်ကိုသွားပြီနော်~"
"ဟုတ်ကဲ့ ဆစ်ဒရစ်ဆီသွားမို့မလား"
"ဒါပေါ့ မင်းDaddyကောင်းမှုနဲ့ ပူတူးလေးကို မတွေ့ရတာ သုံးရက်ရှိပြီ~"
"ဘာလို့ ငါက ပါလာရတာလဲ"
ဒရေဂို လှမ်းမေးလိုက်တယ်~
"အာ Daddyကလည်း မဟုတ်တာကြနေတာပဲ အစ်ကို သွားတော့လေ ဆစ်ဒရစ်လည်း ပြောရရင် မအားလောက်ဘူး ကျတော်စာကူးခိုင်းထားတယ် ဟဲဟဲ"
"အေးပါ မင်းတို့လင်လင်နှစ်ယောက်အကြောင်း ငါသိပါတယ်~ငါနဲ့ပူတူးကို ခိုင်းစားနေကြတာလေ~"
"အဲ့လိုလည်းမဟုတ်ပါဘူး အစ်ကိုကလည်း ဟီးဟီး"
"အေးပါ သွားပြီ"
ဆိုကာ ထွက်သွားသော တွမ်~
"ဘေဘီ"
"ဟင်"
"ဘေဘီ့ကို ကိုယ်ဆုမချရသေးဘူးလေ"
"အော် ဟုတ်လား အခု ချစေဗျာ~"
စကားဆုံးတာနဲ့ သူနှုတ်ခမ်းပေါ်ကျရောက်လာတဲ့ Daddy နှုတ်ခမ်းများ~အပေါ်တစ်လှည့် အောက်တစ်လှည့် စိတ်ကြိုက်ခြယ်လှယ်ကာ ကျွမ်းကျွမ်းကျင်ကျင်နမ်းနေတဲ့ Daddyကြောင့် သူ့စိတ်ထဲတစ်ခုခု ခုလာပြန်တယ်~အဲ့တာကြောင့်Daddyကို အတင်းတွန်းဖယ်လိုက်ရင်း~
"Daddy ဘေဘီအပြင် ဘယ်သူတွေနဲ့များနမ်းဖူးလို့ ဒီလောက်တောင် ကျွမ်းနေရတာလဲ~"
ဘေဘီ ဟယ်ရီတော့ မေးခွန်းသတ်ပြီ~
"ဘေဘီ အပြင် ဘယ်သူရှိရအုံးမှာလဲ ဘေဘီရာ~"
"မရဘူး မကျေနပ်ဘူး ဘေဘီကျေနပ်တဲ့အထိရှင်း!!"
ဒီလိုနဲ့ပဲ သူရဲ့ကျွမ်းကျင်ပြောင်မြောက်လှတဲ့ အနမ်းစကေးကြောင့် ဘေဘီလေးကို အမြုပ်ထွက်မတတ်ချော့လိုက်ရပါတော့တယ်~~
.
.
.
.
.
.
_____________________
ကိုယ်ပစ်ထားတာကြာသွားလို့ဆောရီးပါနော်😁MEGလေးပြီးသွားပြီဆိုတော့ ကိုယ်ပစ်ထားတဲ့Ficနှစ်ပုဒ်ဆီပြန်လာပါပြီလို့~
Luv u all🥰😘
#Thinn🐷
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
Part-7{U/Z}
Start from the beginning
