"ငါတော့လစ်တော့မယ် ဒီမှာဆက်နေရင်ပျင်းလို့သေတော့မယ်~ညကျမင်းအားရင် ဖုန်းဆက်လိုက် ငါကြွလာခဲ့မယ် မင်းတော့ သေချာလိုက်မှတ်ထားနော်~"

"အေး ဂျောင်း တကယ်ပါပဲ ဒင်းတို့လင်မယား အယ် မှားလို့ လင်လင်တွေ ပြောကိုမပြောချင်ဘူး ငါနဲ့ငါ့လူကြီးကို အနိုင်ကျင့်နေကြတယ်~"

"ဟီးဟီး စိတ်မရှိပါနဲ့ကွာ"

ဆိုကာ လွယ်အိတ်ယူကာ ထသွားလေရဲ့~အနောက်က ဆရာမကတော့~

"ဟေ့ ဟယ်ရီပေါ်တာ!!အတန်းအပြီးသေးဘူးလေ ရုံးခန်းထပ်ရောက်ချင်နေတာလား"

အသံကြားတော့ လှည့်ကြည့်လာပြီး လမ်းနောက်ပြန်လျှောက်ကာ~

"ဆရာမ ကိုယ့်စာကိုယ်သင်~"

ဆိုကာ လက်ပြပြီး ပြန်လှည့်သွားလေတယ်~တကယ့်ကို မနိုင်စိန်~~

ဟယ်ရီလည်း Daddy ကုမ္ပဏီကိုသာ ထွက်လာခဲ့တယ်~ဟိုရောက်တော့ အတွင်းရေးမှူးမလေးက~

"Ceoအစည်းအဝေး သွားနေပါတယ် ဘယ်သူမှ အခန်းထဲဝင်လို့မရပါဘူးရှင်"

ဟယ်ရီသူပြောတာကို အရေးမစိုက်ဘဲ အခန်းထဲဝင်ကာ သူ့Daddyရဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့~

"ဒါCeoရဲ့ထိုင်ခုံပါ အေးအေးဆေးဆေး ထွက်မသွားရင် လုံခြုံရေးခေါ်ပြီးဆွဲထုတ်ခိုင်းရပါလိမ့်မယ်"

ဘာလဲဟ လုံခြုံရေးတောင် သူဘယ်သူလဲ သိတယ်~ကြည့်ရတာ ဒီမိန်းမအလုပ်ပြုတ်ချင်​နေပြီနဲ့တူတယ်~လူကြည့်လိုက်တော့လည်း မိတ်ကပ်အဖွေးသားနဲ့ ရေမွှေးနံ့ကလည်း မွှန်ထူနေတာပဲ~နောက်မှ တံဆိပ်မေးပြီး ထုတ်တဲ့ ကုမ္ပဏီပြဿနာသွားရှာအုံးမယ်~Daddyရဲ့ချွေးနံ့လောက်တောင် မမွှေးပဲ ရေမွှေးတဲ့ လာလိုက်သေးတယ် တကယ်ပါပဲ~~

"ဒီမှာ ကျမအကောင်းပြောနေတုန်း ထွက်သွားပေးပါ နောက်မှ ကျမ အဆိုးမဆိုပါနဲ့!!"

ထိုအချိန်~

"ဒီမှာ ဘာတြွေဖစ်နေကြတာလဲ!!"

ဖိုင်းနလီး Daddyရောက်လာပြီကွ အခုမှပဲ နားအေးသွားတော့တယ်~

"Ceo ဒီမှာ ဘယ်ကမှန်းမသိတဲ့ကောင်လေးတစ်ယောက် အခန်းထဲကို အတင်းဝင်နေလို့ပါ~"

~DON'T BLAME ME~Where stories live. Discover now