Chapter(54):နေ့စဉ်ဘဝ နေ့စဉ်ဘဝ

Start from the beginning
                                    

အတိတ်ကိုပြန်လည်တွေးတောနေရင်း ရှုရန်က အစားစား​နေတယ်။ သူထမင်းစားပြီးလို့ ပန်းကန်တွေကို ဆေးကြောပြီးသွားတာတောင်မှ လျိုထုံကအဲ့ဒီကောနဲ့ စကားပြောနေတုန်းဆိုတာကို သူတွေ့လိုက်ရတယ်။

ရှုရန်ကသူတို့နဲ့ သွားစကားပြောဖို့ကလည်း အဲ့ဒါက ကသိကအောက်ဖြစ်စရာဖြစ်နေမယ်လို့ ခံစားလိုက်ရတယ်။ နောက်ဆုံးမှာတော့ ဒီနေရာက မော်ဒန်ကမ္ဘာမဟုတ်ဘူးလေ။ ဒီနေရာမှာဆိုရင် ယောက်ျားတစ်ယောက်က ကောတစ်ယောက်နဲ့ နှစ်ယောက်တည်းသီးသန့် တွေ့နေကြမယ်ဆိုရင် အတင်းပြောစရာတွေ ဖြစ်နေလိမ့်မယ်။

သူ့မှာနောက်ထပ်လုပ်စရာ ဘာတစ်ခုမှမတွေ့တာမို့ ရှုရန်ကရိုးရိုးရှင်းရှင်းပဲ သူ့အခန်းထဲကိုပြန်ပြီး စာထိုင်ဖတ်နေလိုက်တော့တယ်။

နောက်နှစ်နွေဦးမှာ အင်ပါယာစာမေးပွဲတွေရှိတာ ဖြစ်တယ်။ သူကြိုးစားရမယ်။ အခုထိတော့ ဘာကအားမလိုအားမရ ဖြစ်စေတာလဲဆိုတော့ သူအနိမ့်ဆုံးစာသင်သားအဆင့်ကနေတောင်မှ စတင်ရမှာကိုပဲ။

ဒါပေမဲ့ သူတောက်ပလှတဲ့ အနာဂတ်အကြောင်းကို စဉ်းစားမိလိုက်တဲ့အချိန်မှာ စိတ်လှုပ်ရှားတက်ကြွမှုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားတယ်။ ရှုပ်ထွေးလှတဲ့ မလိုမုန်းထားစိတ်ရှိတဲ့ ရှေးခေတ်စရိုက်သဘာဝလူတွေကို သူကနားအလည်နိုင်ဆုံးဖြစ်တယ်။ အဆုံးသတ်မှာတော့ သူ့ရဲ့မူလကမ္ဘာမှာတုန်းက သူကအဆင့်မြင့်ပညာသင်ကြား​ရေးစနစ်ကို ရရှိခဲ့သူဖြစ်တယ်။ ခန့်မှန်းတွေးတောနေရင်း စာဖတ်နေရင်းနဲ့ အဲ့ဒါကသူ့ကို အတော်လေးဆွဲဆောင်ထားပြီးတော့ စာဖတ်ခြင်းထဲတွင် နက်ရှိုင်းစွာ နစ်မြှုပ်သွားတော့တယ်။

အဲ့ဒီကောနဲ့စကားပြောခြင်း ပြီးဆုံးသွားလို့ လျိုထုံက ပြန်ဝင်လာတဲ့အချိန်မှာ ရှုရန်ကအခန်းထဲတွင် စာဖတ်နေတာကိုသာ တွေ့လိုက်ရတယ်။ အဲ့ဒါကြောင့် သူသူ့ကို သွားမနှောင့်ယှက်တော့ဘူး။ ထို့နောက် သူညစာပြင်ဆင်ဖို့အတွက် မီးဖိုချောင်ထဲကို တိုက်ရိုက်ဝင်သွားတော့တယ်။

သူချက်ပြုတ်နေတဲ့အချိန်မှာ တျန်းတျန်းနဲ့ကော်ကော်တို့က ပြန်ရောက်လာကြတယ်။ သူတို့တွေက ပျော်ရွှင်စွာ စကားပြောနေကြတယ်။ သူတို့စကားပြောနေသံတွေက ရံဖန်ရံခါဆိုရင် ခွေးလေးတွေရဲ့ဟောင်သံတွေနဲ့ ရောနှောသွားတတ်ကြတယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now