Chapter(53):ကြောက်စိတ်မွှန်ခြင်း

Start from the beginning
                                    

လျိုထုံကငွေတွေကို အိတ်အသေးလေးထဲကို ပြန်ထည့်လိုက်ပြီးတော့ သူ့လက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်တယ်။ ဒီငွေတွေနဲ့ဆိုရင် သူတျန်းတျန်းနဲ့
ကော်ကော်တို့ကို ပြုစုပျိုးထောင်ပေးနိုင်မှာပါ။ ဒါ့အပြင် သူသူ့ဘာသာသူ ဝင်ငွေရှာလို့ရသေးတာပဲ။ အနာဂတ်ကျရင် သူတို့ရဲ့ဘဝတွေက ခက်ခဲနေမှာမဟုတ်ပါဘူး။ လျိုထုံကို ဝမ်းနည်းစေတဲ့ တစ်ခုတည်းသောအရာက တျန်းတျန်းနဲ့​ကော်ကော်တို့က ထပ်ပြီးခံစားရအုံးတော့မှာကိုပဲ။ သူတို့တွေ တစ်ခြားလူတွေရဲ့ အတင်းစကားတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြတော့မှာပဲ။

သို့သော်လည်း သူလုံးဝကို သူ့အတွက်သူ မစဉ်းစားမိခဲ့သလို ရှုရန်ကသူတို့တွေကို ဘယ်တုန်းကမှ မထားသွားခဲ့ချင်ဘူးဆိုတဲ့ အဖြစ်မှန်ကို ဘေးဖယ်ထားလိုက်အုံး။ သူရှုရန်ကို ဆွဲခေါ်ထားဖို့ကိုရော စဉ်းစားမိခဲ့ရဲ့လား။

ရှုရန်က မွန်းလွဲပိုင်းမှာ ပြန်ရောက်လာခဲ့တယ်။ ဂိတ်ပေါက်ဝကနေ သူအော်ခေါ်လိုက်တယ်။ "ဟေ့ ထုံထုံ ရေရှိလား? ကိုယ်ရေအရမ်းဆာနေပြီ။"

သူစကားပြောရင်း လမ်းလျှောက်လာပြီး အိမ်ထဲကိုဝင်လိုက်ပြီးနောက် သူခုံတန်းရှည်တစ်ခုကို​ တွေ့လိုက်တော့ အဲ့မှာထိုင်ချလိုက်တယ်။ သူ့ခေါင်းတစ်ခုလုံး ချွေးတွေနဲ့စိုရွှဲနေတယ်။

လျိုထုံက တျန်းတျန်းနဲ့ကော်ကော်တို့ ထားရစ်ခဲ့တဲ့အစားအစာကို ဗလာဖြစ်စွာစိုက်ကြည့်နေတယ်။ ရှုရန်ရဲ့စကားသံကိုကြားတော့ သူချက်ချင်းတုံ့ပြန်လိုက်တယ်။ သူ့အတွက် ရေတစ်ခွက် လောင်းထည့်ပေးလိုက်ပြီးနောက် တံခါးနားမှာရှိတဲ့သူ့ဆီ သွားပို့လိုက်တယ်။

ရှုရန်ကရေကို အလျင်အမြန် အငမ်းမရသောက်ချလိုက်ပြီးနောက် သူထပ်လိုချင်သေးတယ်ဆိုတဲ့သဘောနဲ့
ရေခွက်ကိုလျိုထုံဆီ ကမ်းပေးလိုက်တယ်။

လျိုထုံကရေခွက်ကိုယူပြီး သူ့အတွက်နောက်တစ်ခွက်
ထပ်ထည့်ပေးလိုက်တယ်။ သူရေခွက်အချို့မသောက်ပြီးခင် အချိန်အထိ သူသတိပြန်မဝင်လာသေးဘူး။

လျိုထုံကထို့နောက် ရှုရန်အတွက်​ ရေဇလုံတစ်လုံးသွားယူလာလိုက်တယ်။ ရှုရန်မျက်နှာသစ်နေတာကို ကြည့်နေရင်း လျိုထုံကမေးလိုက်တယ်။ "ရန် မင်းဘာသွားလုပ်လာတာလဲ? ဘာလို့ချွေးတွေအများကြီး ထွက်နေရတာလဲ?"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now