ဟယ်ရီစကားလည်း ဆုံးရော ဒရေဂိုတစ်ယောက်ရီပါလေရော~
"ဘေဘီ ကိုယ့်စကားဆုံးအောင် နားထောင်ပါအုံး ဘာတွေလျှောက်တွေးနေတာလဲ"
အဲ့ကျတော့ သူ့ကို မျက်လုံးစွေကြည့်လာပြီး~
"မဟုတ်လို့လား"
ဆိုပြီး မေးလာတယ်။
"ဟုတ်တယ်"
"ဟွန့် သိသားပဲ ဒီမှာကြည့် အံတိုရုံတင်မဟုတ်ဘူး ကျိုးပါကျိုးနေပြီ သိလား"
ပါးစပ်ဟကာ အံသွားလေးကို လက်ညိုးထိုးပြီး ပြောလာတဲ့ ဘေဘီရယ်ပါ~
"ဟား ဟား ဟုတ်ပါပြီကွာ~"
ဒီလိုနဲ့ သူတို့လည်း ရေခဲမုန့်ဆိုင်ကိုရောက်လာခဲ့ကြတယ်။
"ဘေဘီ ဘယ်အရသာနဲ့ စားမှာလဲ"
အဲ့လိုမေးလိုက်တော့ သူ့ကို မျက်မှောင်ကြုံ့ပြီး ကြည့်ရင်း~
"ဘေဘီ ဘယ်ဟာနဲ့ စားနေကျလဲ ဆိုတာမသိဘူးလား"
ဘေဘီ့ စကားဆုံးတာနဲ့ သူလည်း ရေခဲမုန့်တစ်ခွက် အမြန်သွားဝယ်လိုက်တယ်။
"ဘေဘီ ဒီမှာ ရော့"
"အင်းနော် အင်း ခင်ဗျားကြီး အချိုးတွေပြောင်းနေတယ်နော်"
"ဟောဗျာ ကိုယ်ဘယ်မှာ ပြောင်းလို့လဲ"
"အရင်တုန်းကဆိုရင် အလိုက်တသိဝယ်ပေးနေကြကို~"
"မဟုတ်ပါဘူးဗျာ ဘေဘီများ တခြားဟာများ ပြောင်းပြီး စားချင်မလားလို့ပါ"
"ခင်ဗျားနော် အလျှောက်ကောင်းလို့ အထောင်း သက်သာသွားတယ် မှတ်"
သူ့ကိုပြောစရာရှိတာပြောပြီး ရေခဲမုန့်ဆီ အာရုံပြန်ရောက်သွားသော ဘေဘီ~သူလည်း ကားစက်ပြန်နှိုးပြီး မောင်းလာခဲ့တယ်~~
အိမ်ရောက်တော့ ဘေဘီက သူ့ကျောင်းက စာတြွေပန်ကြည့်နေတာနဲ့ ကျတော်လည်း ပစ်ထားတဲ့ အလုပ်တွေလုပ်နေလိုက်တယ်။အလုပ်ထဲအာရုံရောက်သွားတော့ ဒင်းလေးကို ဂရုမစိုက်မိသလိုဖြစ်သွားရော အခု ဒင်းလေး ကောက်တာကို ချော့နေရပါတယ်။
"ဘေဘီ ကိုယ်က ဘေဘီ စာလုပ်နေသေးတယ် ထင်လို့လေ"
"အဲ့တာဆို ဘေဘီက ဘေဘီ စာလုပ်ပြီးတဲ့ အကြောင်းကို တစ်အိမ်လုံးကြားအောင် အော်ပြောရမှာလား"
"ကိုယ်ပြောတာ အဲ့လိုမဟုတ်ဘူးလေ ဘေဘီရယ် ပစ်ထားတဲ့အလုပ်တွေကများတော့ မြန်မြန်ပြီးအောင် ကိုယ်ကလုပ်နေတာလေ အဲ့တာမှ ဘေဘီ့ကို အချိန်ပိုပြီးပေးနိုင်မှာပေါ့~"
"အဲ့တာကြောင့် အလုပ်ကျတော့လုပ်ပြီး ဘေဘီ့ကိုကျတော့ ပလစ်တယ်ပေါ့"
ဘာမဟုတ်တဲ့ ကိစ္စပိစိလေးကို ပုံကြီးချဲ့ကာ ရစ်နေသော ဘေဘီကြောင့် စိတ်ပေါက်လာတယ်။
"ဘေဘီ ကိစ္စသေးသေးလေးကို ဘာလို့ဒီလောက်တောင် ရစ်နေရတာလဲ"
သူ့ကိုကျောပေးထားတဲ့ ဘေဘီ့မျက်နှာချင်းဆိုင်ကို သွားပြီး မေးလိုက်တယ်။
"ချစ်လို့"
ဟောဗျာ အခုတော့လည်း ခုနကရစ်ပြီး ကောက်နေတာ သူမဟုတ်တဲ့ အတိုင်းပဲ~~
"ခုနက ရစ်စိန်လေး ဘယ်ရောက်သွားလဲ"
ဆိုပြီး ဘေဘီကို ခါးကနေပွေ့ကာမေးလိုက်တော့ ကိုအာလာလေးတစ်ကောင်လို လူကိုဖက်ကာ~
"Daddyကလည်း ရစ်တာမဟုတ်ပါဘူး~ဘေဘီကလေ အမြဲတမ်း ဘာနဲ့ပဲယှဉ်ယှဉ် Daddyရဲ့ ပထမဆုံးဉီးစားပေးတဲ့လူ ပဲဖြစ်ချင်တာ~"
"အရင်ကရော အခုရော နောင်ရော ဘေဘီက ကိုယ့်ရဲ့ ပထမဆုံးဉီးစားပေးတဲ့လူပဲ မှတ်ထား ငတုံးလေး"
"ဟီးဟီး ဟုတ်"
ဘေဘီ မင်းကလေ ကိုယ့်ကို ဝမ်းနည်းအောင်ရော ပျော်အောင်ရော စိတ်လှုပ်ရှားအောင်ရော စိတ်ခံစားမှု အမျိုးမျိုးကို ဖြစ်စေခဲ့တဲ့ ပထမဉီးဆုံး လူသားဆိုတာ မင်းလေး သိပါလေစ~~
ချစ်တယ် ကိုယ့်ရဲ့အသက်~
.
.
.
.
.
.
________________________
မနေ့ကUpပေးမယ် ပြောပြီး ဒီနေ့မှ up တဲ့ အတွက် ခွေးလွှတ်ပါလို့~~စိတ်မချိုးဘူးမယားးဟင်🥺
Luv u all🥰😘
#Thinn🐷
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
Part-6{U/Z}
Start from the beginning
