Part-6{U/Z}

Mulai dari awal
                                        

"ငါလည်းပြန်တော့မယ် ရွန်"

"အေး အေး နောက်မှအေးဆေးထပ်တွေ့ကြတာပေါ့"

အချင်းချင်းနှုတ်ဆက်ပြီးတာနဲ့ ကိုယ့်အိမ်ကိုယ် အသီးသီး ပြန်သွားကြလေတယ်။

အိမ်ရောက်ခါနီးမှ~

"Daddy~"

"ဗျာ~"

ကားမောင်းနေတဲ့ ဒရေဂို့ကို ဟယ်ရီလှမ်းခေါ်လိုက်ခြင်း~~

"ဘေဘီ ရေခဲမုန့်စားချင်တယ်"

"နောက်နေ့မှ စားပါလား ဘေဘီရယ်"

"ဘာလဲ ဝယ်မကျွေးချင်ဘူးလား"

ဟယ်ရီပြောပြီးတာနဲ့ ကားကို ချက်ချင်းပြန်လှည့်လိုက်သော ဒရေဂို~

"Daddyဘာလို့ ပြန်လှည့်လိုက်တာလဲ"

"ဘေဘီပဲ ရေခဲမုန့်စားချင်တယ်ဆို"

"ဟီးဟီး အဲ့တာကြောင့်Daddyကိုချစ်တာ~"

"ချစ်ရင် ဆုချလေ~"

"ဟင် Daddyက ဘာဆုလိုချင်လို့တုန်း"

"အိမ်ရောက်ရင်..."

ဒရေဂို စကားမဆုံးသေးခင်မှာပဲ~~

"နိုး နိုး နိုး Daddy အဲ့ဒါတော့ မရဘူး နက်ဖြန်တော့ ကျောင်းသွားဖြစ်အောင်သွားရမယ်"

ဟယ်ရီစကားလည်း ဆုံးရော ဒရေဂိုတစ်ယောက်ရီပါလေရော~

"ဘေဘီ ကိုယ့်စကားဆုံးအောင် နားထောင်ပါအုံး ဘာတွေလျှောက်တွေးနေတာလဲ"

အဲ့ကျတော့ သူ့ကို မျက်လုံးစွေကြည့်လာပြီး~

"မဟုတ်လို့လား"

ဆိုပြီး မေးလာတယ်။

"ဟုတ်တယ်"

"ဟွန့် သိသားပဲ ဒီမှာကြည့် အံတိုရုံတင်မဟုတ်ဘူး ကျိုးပါကျိုးနေပြီ သိလား"

ပါးစပ်ဟကာ အံသွားလေးကို လက်ညိုးထိုးပြီး ပြောလာတဲ့ ဘေဘီရယ်ပါ~

"ဟား ဟား ဟုတ်ပါပြီကွာ~"

ဒီလိုနဲ့ သူတို့လည်း ရေခဲမုန့်ဆိုင်ကိုရောက်လာခဲ့ကြတယ်။

"ဘေဘိီ ဘယ်အရသာနဲ့ စားမှာလဲ"

အဲ့လိုမေးလိုက်တော့ သူ့ကို မျက်မှောင်ကြုံ့ပြီး ကြည့်ရင်း~

~DON'T BLAME ME~Tempat cerita menjadi hidup. Temukan sekarang