"Daddyကလည်း ဒါကတော့ ဘေဘီက daddy မရှိလို့မှ မဖြစ်တာ"

သူ့ပုခုံးပေါ် ခေါင်းလေးမှီလာပြီး ပြောလာတဲ့ ဘေဘီ~

"Daddyမသိလို့ အဲ့ဒီတုန်းက မာမီတို့သာ သဘောမတူရင် ဘေဘီပြောခဲ့တယ့်အတိုင်း Daddyကို ခိုးပြေးမိမလားပဲ~~အရမ်း စိတ်ပူခဲ့ရတာ~စာမေးပွဲအမှတ်ထွက်တာတောင် အဲ့လောက် ရင်မပူဖူးဘူး။"

"ကိုယ့်ဘေဘီလေးက ကိုယ့်ကိုအရမ်းချစ်တာပဲလား"

"ချစ်တာပေါ့လို့၊ဒါပေမယ့် Daddy အချစ်ကိုတော့ ဘယ်မှီပါ့မလဲ ဟီးဟီး"

"ဘေဘီ တစ်ချို့အတွဲတွေဆိုရင်လေ ဘယ်သူ ပိုချစ်လဲ အမြဲငြင်းနေကြ ဘေဘီအလှည့်ကျမှပဲ"

"အင်း ဘယ်လိုပြောရမလဲ Daddy ရဲ့အပြုအမူတွေကို ကြည့်ပြီးဘေးလူတွေကတောင် သိနိုင်ပါတယ် ပိုချစ်တဲ့သူက Daddy ပဲဆိုတာကိုလေ"

ဆိုပြိီး ပုခုံးပေါ်မှီနေရာမှ မျက်နှာချင်းဆိုင် အနေအထားကို ပြန်ရောက်လာသော ဘေဘီ~

"​ပြောပါအုံး ကိုယ့်ဘေဘီလေးက ဘယ်အချက်တွေကို ကြည့်ပြီးပြောတာလဲ"

"ပြောရမယ်ဆိုရင်တော့ အများကြီးပဲ~ဘေဘီ ဆိုးတာလည်း daddy ခံရတယ်၊စိတ်ဆိုးတာ ရစ်တာ အဆိုးဆုံးက မနက်ကလိုမျိုး စိတ်ပူအောင် လုပ်တာတွေပေါ့~အဲ့ဒါတွေကို မညီးမညူဘဲ ချစ်ပေးတယ် စိတ်မကွက်သွားပဲ ဂရုစိုက်ပေးတယ် ဘေဘီသာဆို ဘယ်လိုမှ..."

"ဆိုလိုတာက ကိုယ်သာ အဲ့လိုမျိုးလုပ်ခဲ့ရင် ဘေဘီက ကိုယ့်ကို ထားသွားနိုင်တယ်ပေါ့"

"အဲ့ဒီသဘောမဟုတ်ပေမယ့် Daddyသိတဲ့အတိုင်းပဲ ဘေဘီက လက်ရှိကိုပဲကြည့်တာ အတိတ်တွေ အနာဂတ်တွေကြည့်နေတတ်တဲ့ သူ မဟုတ်တော့~~Daddy သဘောပေါက်မှာပါ~"

"ပေါက်ပါတယ်ဗျာ အဲ့ဒီအကြောင်း ဒီမှာတင်ရပ်လိုက်တော့ ရွန်ကိုဘာပြောထားလဲ ပြန်သိမ်းပေးမှာပါ ဆို"

ထိုကျမှ သတိရတဲ့ပုံစံနဲ့~~

"ဟုတ်သားပဲ သွားကူလိုက်အုံးမယ်"

ဒရေဂို့ပေါင်ပေါ်ကနေ အလျင်အမြန်ထပြီး အပေါ်ထပ် တက်ဖို့ အသွား ဆင်းလာတဲ့ ရွှန်နဲ့ တိုးလေတယ်။

~DON'T BLAME ME~Where stories live. Discover now