"နှာဗူးကြီး!!"

"ဟောဗျာ ဖြစ်ရပြန်ပြီ"

"မဟုတ်လို့လား"

"ဘေဘီက မဗူးဗူး အောင် လုပ်နေတာကို"

"ဘယ်မှာလုပ်လို့လဲ Daddy နော်"

ဆိုပြီး မျက်စောင်းထိုးလာပြန်တယ်။ကြည့် ကြည့် သူလုပ်နေတာ သူမသိဘူး။

"နေအုံး ဖွင့်ကြည့်လိုက်အုံးမယ်"

"အင်း"

ဖုန်းpwရိုက်ပြီးပြီချင်း ပေါ်လာတဲ့wallpaperလေး~သူ့ပုံ ဖုန်းပေးမလို့ အိမ်ရှေ့မှာ ထိုင်စောင့်နေတဲ့ ပုံ~

"ဘေဘီ ဒါက??"

"Daddyပုံလေ မမှတ်မိတော့ဘူးလား"

"မဟုတ်ဘူးလေ ကိုယ့်ပုံတော့သိတာပေါ့လို့၊ဘာလို့"

"ဘာရယ် မဟုတ်ပါဘူး။ဒီတိုင်း ကြည့်ကောင်းလို့ရိုက်ထားတာ"

"အင်း wp ထားရတဲ့အကြောင်းလေးလဲရှင်းပါအုံး"

"အဲ့တာက ဒီလိုရှိတယ်"

"ဘယ်လိုရှိတာလဲ"

"ဒီတိုင်း သဘောကျလို့"

"အဲ့တော့ ဘေဘီက ကိုယ့်ကို"

"ဘာဖြစ်လဲ"

"ကိုယ့်ဖက်က ဖွင့်ပြောတဲ့ အထိဘာလို့စောင့်နေတာလဲ"

"ဟင်မ်းး ကိုယ့်ဖက်က စပြီး ဖွင့်ပြောရတာကြီးက မမိုက်လို့ပါ"

"စပြီး ကြိုက်တာကျ မိုက်တယ်ပေါ့"

"ဒါပေါ့ ပြီးတော့ အဲ့တာDaddy အပြစ်လည်းပါတယ်လေ~"

"ဟောဗျာ ကျတော်မျိုးရဲ့ ဘယ်အပြစ်ပါလဲ ခင်ဗျာ~"

"ခင်ဗျားကြီး အရမ်းတွေ ကြည့်ကောင်းနေတဲ့ အပြစ်လေ အဲ့တော့ လူက မကြွေပဲနေမလားလို့"

"ကိုယ် တကယ်မထင်ထားဘူး"

"ဘာကိုလဲ"

ဟယ်ရီပြန်မေးတော့ နူးနူးညံ့ညံ့လေး ခေါင်းခါပြတယ်။

"ကိုယ်မှတ်မိသေးတယ်သိလား"

"အစမရှိအဆုံးမရှိ?"

"ကိုယ့်မိဘတွေနဲ့ ပထမဆုံးပေးတွေ့တုန်းက စွာစိလန်လေးကိုလေ"

~DON'T BLAME ME~Donde viven las historias. Descúbrelo ahora