ရွန်လည်း နှစ်ယောက်တည်းအေးဆေး ဖြေရှင်းပါစေ ဆိုပြီး ဟယ်ရီဖွထားတဲ့ စက္ကူပုံးတွေကို ရှင်းရင်းနဲ့ပဲ နေခဲ့တယ်။

ဆိုဖာပေါ်မှာ မျက်နှာထားတည်တည်နဲ့ ထိုက်နေတဲ့ ဟယ်ရီ့ရဲ့Daddy~ဟယ်ရီတစ်ယောက် ဒရေဂိုရဲ့ ပေါင်ပေါ်မှာ မျက်နှာချင်းဆိုင်တက်ထိုင်လိုက်တော့ ပြုတ်ကျမှာဆိုးလို့ ခါးတစ်ဝိုက်ရစ်ပတ်လာတဲ့ ဒရေဂို့ရဲ့လက်~~

"Daddy~~စိတ်ဆိုးသွားတာလား"

"မဆိုးပါဘူး စိတ်မကောင်းဖြစ်ရုံပါ"

"Daddyကလည်း စိတ်မဆိုးဘူးလည်းပြောသေး ပါးစပ်ထဲရှိတဲ့ နံပါတ်တွေပဲပေးသွားတယ်၊မှန်လည်းမမှန်ဘူး"

"ဖွင့်ကြည့်ပြီးပြီလား"

"မဖွင့်သေးပါဘူး Daddy ရယ် အဲ့တုန်းက Daddy ကို စချင်လို့ တမင်မေးလိုက်တာ ကိုယ့်ယောက်ျားမွေးနေ့ကိုယ် မမှတ်မိစရာလားလို့"

"ဟုတ်လို့လား"

"မဟုတ်ဘူးဆို ခင်ဗျားမွေးနေ့ကို မမှတ်မိဘဲ နှစ်တိုင်း လက်ဆောင်တွေ ပေးနေတာ ဘယ်က သရဲလဲ"

နှုတ်ခမ်းကြီး ထော်ကာပြောလာသော သူ့ဘေဘီ~ဟုတ်ပါတယ် နှစ်တိုင်းသူ့မွေးနေ့မှာ သူကိုယ်တိုင်လုပ်ထားတဲ့ ပစ္စည်းလေးတွေကို မွေးနေ့လက်ဆောင်ပေးနေကြ~ဘယ်လိုတွေတောင် မေ့တာလဲ ဒရေဂိုရယ်~~

"ကိုယ်က ရုတ်တရက်ဆိုတော့ မေ့သွားလို့ပါ၊ပြီးတော့ ဘေဘီက ကိုယ့်ကို အလေးမထားသလို ခံစားရလိုက်ရလို့"

"ဒါပေါ့ ဒါပေါ့ အဲ့ဒီက ချစ်ယောက်ျားကြီးကို စိတ်မကောင်းဖြစ်အောင်လုပ်မိတဲ့ အတွက် ဟောဒီက အိမ်ရှင်ထီးလေးက တောင်းပန်ပါတယ်နော်"

မျက်နှာကို လက်သေးသေးလေးတွေနဲ့ကိုင်ကာ ချစ်ဖို့ကောင်းအောင်ပြောနေပါသော ဘေဘီ ဟယ်ရီ~

"ဘေဘီ"

ခေါ်လိုက်တော့ ပြောဆိုတဲ့ သဘောနဲ့ မျက်စပစ်ပြတယ်။အဲ့ ပုံစံလေးတွေကအစ ချစ်ဖို့ကောင်းနေတာ၊ငါနော်~~

"ဘေဘီ အခုလိုဆက်လုပ်နေမယ် ဆိုရင် ဒီမှာတင် ညအိပ်လိုက်ရမယ်နော်"

​အစပိုင်းကြောင်တောင်တောင်ဖြစ်နေပေမယ့် ခနနေတော့ သဘောပေါက်သွားတဲ့ပုံစံနဲ့ သူရင်ဘတ်ကို လက်သီးဆုပ်လေးတွေနဲ့  ထုလာတယ်။

~DON'T BLAME ME~Where stories live. Discover now