"ကိုယ့်ဘေဘီလေးက ကိုယ့်ကိုအရမ်းချစ်တာပဲလား"

"ချစ်တာပေါ့လို့၊ဒါပေမယ့် Daddy အချစ်ကိုတော့ ဘယ်မှီပါ့မလဲ ဟီးဟီး"

"ဘေဘီ တစ်ချို့အတွဲတွေဆိုရင်လေ ဘယ်သူ ပိုချစ်လဲ အမြဲငြင်းနေကြ ဘေဘီအလှည့်ကျမှပဲ"

"အင်း ဘယ်လိုပြောရမလဲ Daddy ရဲ့အပြုအမူတွေကို ကြည့်ပြီးဘေးလူတွေကတောင် သိနိုင်ပါတယ် ပိုချစ်တဲ့သူက Daddy ပဲဆိုတာကိုလေ"

ဆိုပြီး ပုခုံးပေါ်မှီနေရာမှ မျက်နှာချင်းဆိုင် အနေအထားကို ပြန်ရောက်လာသော ဘေဘီ~

"​ပြောပါအုံး ကိုယ့်ဘေဘီလေးက ဘယ်အချက်တွေကို ကြည့်ပြီးပြောတာလဲ"

"ပြောရမယ်ဆိုရင်တော့ အများကြီးပဲ~ဘေဘီ ဆိုးတာလည်း daddy ခံရတယ်၊စိတ်ဆိုးတာ ရစ်တာ အဆိုးဆုံးက မနက်ကလိုမျိုး စိတ်ပူအောင် လုပ်တာတွေပေါ့~အဲ့ဒါတွေကို မညီးမညူဘဲ ချစ်ပေးတယ် စိတ်မကွက်သွားပဲ ဂရုစိုက်ပေးတယ် ဘေဘီသာဆို ဘယ်လိုမှ..."

"ဆိုလိုတာက ကိုယ်သာ အဲ့လိုမျိုးလုပ်ခဲ့ရင် ဘေဘီက ကိုယ့်ကို ထားသွားနိုင်တယ်ပေါ့"

"အဲ့ဒီသဘောမဟုတ်ပေမယ့် Daddyသိတဲ့အတိုင်းပဲ ဘေဘီက လက်ရှိကိုပဲကြည့်တာ အတိတ်တွေ အနာဂတ်တွေကြည့်နေတတ်တဲ့ သူ မဟုတ်တော့~~Daddy သဘောပေါက်မှာပါ~"

"ပေါက်ပါတယ်ဗျာ အဲ့ဒီအကြောင်း ဒီမှာတင်ရပ်လိုက်တော့ ရွန်ကိုဘာပြောထားလဲ ပြန်သိမ်းပေးမှာပါ ဆို"

ထိုကျမှ သတိရတဲ့ပုံစံနဲ့~~

"ဟုတ်သားပဲ သွားကူလိုက်အုံးမယ်"

ဒရေဂို့ပေါင်ပေါ်ကနေ အလျင်အမြန်ထပြီး အပေါ်ထပ် တက်ဖို့ အသွား ဆင်းလာတဲ့ ရွှန်နဲ့ တိုးလေတယ်။

"ကိုကို ကျတော်က အခုပဲ လာကူမလို့ကို"

မျက်နှာချိုသွေးပြီး ပြောနေသော ဟယ်ရီ~

ထိုပုံစံလေးကို အသည်းယားနေသူကတော့ သူ့ရဲ့Daddyကြီး ဒရေဂို~

"ကူဖို့သတိရသေးတာပဲ ကျေးဇူးတင်ပါတယ်"

ရွှဲ့ပြီးပြန်ဖြေလိုက်တော့~

"အဲ့တာဆို Daddy ကိုကျေးဇူးတင်ရမှာ သူသတိပေးလို့ သတိရတာ"

~DON'T BLAME ME~Where stories live. Discover now