"Daddy!"

"ပြော ဘေဘီ"

"ပြော ငယ်လေး"

ဒီအခေါ်အဝေါ်က္စိ္စလည်း ပြောရအုံးမယ်။အဲ့တာကြောင့်ပဲ ရောက်တိုင်း အဖေနဲ့ ရန်ဖြစ်ရတယ်။အဖေကလည်း မျက်နှာလိုက်ချက်က သူ့သားမက်လေးကိုကျ ဘာမှ မပြော~သူ့သားအရင်းခေါက်ခေါက်ကြီးကို ပဲ ရန်တွေ့~
အဲ့အချိန် သားမက်ကလေးက ဘာလုပ်နေတယ် ထင်လဲ၊ဘေးနားကနေ ထိုင်ခွီနေတယ်လေ~~

"ဒါတော့ ကျတော့်ကို ခေါ်တာ ဟုတ်တယ်မလား ဘေဘီ"

"အွန်း daddy ကိုခေါ်တာ ဒယ်ဒီ့ကို ခေါ်တာ မဟုတ်ဘူး"

ပုတ်သင်ညိုလို ခေါင်းတစ်ဆတ်ဆတ်ညိတ်ပြီး ဖြေတဲ့ ဘေဘီရယ်ပါ~~

အဲ့ဒီ အပြုအမူလေးတွေကြောင့်ပဲ လူတိုင်းက သည်းသည်းလှုပ်နေတာ~~

"ဒယ်ဒီ မင်းမာမီကို သွားကူလိုက်အုံးမယ် အေးဆေးနေကြအုံးနော်"

"ဟုတ်"

လူစီးယပ်ထွက်သွားတော့မှ~

"ဘေဘီ ခုနက ဘာပြောမလို့လဲ"

"ဟင် အင်း ဖုန်း ခနပေး"

"ဘာလုပ်မလို့လဲ ဘေဘီရဲ့"

"Daddyနော် အရင်တုန်းကအဲ့လို မဟုတ်ပါဘူးနော် ဘေဘီ တောင်းရင် ချက်ချင်းပေးပါတယ် ဖုန်းထဲမှာဘာတွေရှိလို့လဲ"

"အမလေး အမလေး ဘေဘီရယ် ကိုယ်က ဘာလုပ်မလို့လဲ လို့ပဲ မေးမိတာပါကွာ ရော့ ယူယူ"

"ဘာလဲ စိတ်မရှည်တာလား"

ရစ်စရာ မရှိတာ ကြံဖန်ရစ်နေသော ဘေဘီ~~

"မဟုတ်ရပါဘူး ဗျာ"

"မဟုတ်ဘူးဆို ဘာလို့ စိတ်မရှည်တဲ့ လေသံကြီးနဲ့ ပြောနေတာလဲလို့"

"မပြောရပါဘူး ဘေဘီရယ်"

"ဟွန့် ပေးပေး မြန်မြန်"

ဆိုပြီး လက်ထဲက ဖုန်းကို ဆွဲလုသွားလေရဲ့၊

"ဘေဘီ ရေသောက်အုံးမလား"

"Daddy!"

"ဗျာ~"

"လိုက်စမနေနဲ့ဗျာ~"

"မစပါဘူး ဘေဘီကလည်း မောနေမှာစိုးလို့ စေတနာနဲ့ပါ"

"Daddy!"

~DON'T BLAME ME~Tahanan ng mga kuwento. Tumuklas ngayon