"ဘေဘီ ကိုယ်ကားမောင်းနေတယ်လေ ပြီးမှပြောပါလားကွာ"

"ငြိုငြင်တာလား"

"အမလေး မငြိုငြင်ရဲပါဘူးဗျာ"

"Daddyနော်"

"ဘေဘီရယ် စိတ်ကောက်မယ်ဆိုလည်း ရွန် အိမ်ရောက်မှ ကောက်နော်၊အခုတော့ ကိုယ်ကားအေးဆေး မောင်းပါရစေနော်"

"ဟွန့် ပြီးတာပဲ ကိုကို့အိမ်ရောက်မှ ကောက်မယ်"

ဆိုကာ ဘေးတွေဆီပြန်အကြည့်ရောက်သွားတဲ့ ဟယ်ရီ~~

"ကယ် ဘေဘီလေး ရောက်ပါပြီဗျာ"

"အွန်း အဲ့တာဆို စကောက်ပြီ"

လို့ပြောပြီး ကားပေါ်က ဆင်းကာ အိမ်ထဲဝင်သွားလေတယ်။

ဒရေဂိုလည်း သူ့ဘေဘီနောက်ကနေလိုက်ဝင်လာလေရဲ့၊

အိမ်ထဲရောက်ရောက်ချင်း~

"ကိုကို!"

လို့ အော်ကာ ရွန့်ကို ပြေးဖက်သော ဘေဘီ~

"ဟယ်ရီ၊ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"

"တမင်လာတာပေါ့လို့ ဘာလဲ မလာရဘူးလား"

"မဟုတ်ပါဘူး မဟုတ်ရင်တောင် ကိုကိုက လွမ်းနေတာ"

"တကယ်လဲ မဟုတ်ပဲနဲ့"

"ဟုတ်ပါတယ် ပေါက်စရယ် ကိုကို တကယ်ပြောတာ"

"ယုန်လိုက်မယ် တောထဲမှာ"

"ကယ် ဒီညီအစ်ကို တွေ အလွမ်းသယ်လို့ပြီးအုံးမှာလား"

ဒရေဂို ဝင်ပြောလိုက်တယ်။

"အော် အေး ဒရေဂို မင်းပါ ပါတာလား"

"ကိုကို့ ကို စောစောကတော့ မပြောဘူး"

"ဟွန့်​ ပြောစရာလား အဲ့အဖိုးကြီးကို စိတ်ကောက်ရအုံးမယ်လေ ပြောစရာလား"

~ဟား ဟား ဟား~

"ကိုကို ဘာရယ်တာလဲ"

"မဟုတ်ပါဘူး"

"နှစ်ယောက်လုံးကို ကောက်လိုက်မှာနော်"

လို့ဆိုကာ အပေါ်ထပ်က သူအရင်နေတဲ့ အခန်းထဲ ဝင်သွားလေရဲ့~~

"ဒရေဂို လာထိုင်အုံးကွာ အဆိုးလေးကို ထိန်းနေရတာ ဘယ်လိုလဲ"

~DON'T BLAME ME~Where stories live. Discover now