"တတ်လဲ တတ်နိုင်တဲ့ဟာလေး"

ဒရေဂို တစ်ယောက်တည်း စကားတွေပြောကာ ဟယ်ရီတို့နောက်လိုက်လာခဲ့တယ်။

"Daddy မြန်မြန်လာ ဘေဘီ ဗိုက်ဆာနေပြီ"

"ဟုတ်သားပဲ မင်းကလည်း မြန်မြန်လာ ဒီမှာ ငယ်လေးက ဗိုက်ဆာနေပြီကို"

ဆိုပြီး နာစစ်ဆာက ဝင်ပြောတယ်။

"ဘယ်သူက သားအရင်းလဲတောင် မကွဲတော့ဘူး"

တိုးတိုးလေးပြောလိုက်တော့~

"ဟိုကောင် ပွစိပွစိ လုပ်မနေနဲ့ မြန်မြန်လာ"

အဖေ ဟောက်တာပါ ခံလိုက်ရပါတယ်။ကျတော့် ဘဝကလည်း နော်~~

စားပြီးသောက်ပြီး သွားကြတော့ ဧည့်ခန်းထဲမှာ အချိုပွဲစားရင်း~

"မာမီ့လက်ရာကတော့ အရင်တိုင်းပဲနော် အမြဲစားကောင်း"

"အမလေး မြှောက်မပြောလည်း ကျွေးမှာပါ ငယ်လေးရယ်"

မာမီက ပြန်ပြောတော့ နှုတ်ခမ်းကြိီး ဆူကာ~

"ဟုတ်ပါဘူးနော် တကယ်ကောင်းလို့ကောင်းတယ်ပြောတာ"

"ဟုတ်ပါပြီ ချွဲစိန်လေးရယ်"

ဆိုပြီး ဆူနေတဲ့ နှုတ်ခမ်းလေးကို မာမီက လှမ်းဆွဲလိုက်တော့ တစ်ခစ်ခစ်ရယ်နေပါသော ကလေးငယ်~~

"မာမီ ငယ်တို့ပြန်တော့မယ်နော် ကိုကို့ဆီ ဝင်အုံးမှာ မလို့"

"အေး အေး ဂရုစိုက်သွားအုံး"

"ရွန်ကိုလည်း အားရင် လာလည်ခိုင်းလိုက်ပါအုံး"

"ဟုတ် ဒယ်ဒီ"

နှုတ်ဆက်စရာရှိတာ နှုတ်ဆက်ပြီးတာနဲ့ သူတို့ မက်ဖိွုင်းစံအိမ်ကြီးကနေ ထွက်လာခဲ့ကြတယ်။

ကားပေါ်မှာတော့~

"daddyဟို ဆိုင်လေးက အသစ်ဖွင့်တာလား မသိဘူး ချစ်စရာလေး"

"daddy ဟိုဘက်ကို ကြည့်အုံး"

"daddy ဟိုမှာ ပန်းလေးတွေ လှလိုက်တာ"

"daddy..."

"daddy..."

"daddy..."

Daddyချင်း ထပ်အောင်ခေါ်ကာ ကားမောင်းနေသော ဒရေဂို့ကို ပေါက်ပေါက်ဖောက်နေသော ဟယ်ရီပေါက်စ~

~DON'T BLAME ME~Where stories live. Discover now