ပုတ်သင်ညိုလို ခေါင်းတစ်ဆတ်ဆတ်ညိတ်ပြီး ဖြေတဲ့ ဘေဘီရယ်ပါ~~

အဲ့ဒီ အပြုအမူလေးတွေကြောင့်ပဲ လူတိုင်းက သည်းသည်းလှုပ်နေတာ~~

"ဒယ်ဒီ မင်းမာမီကို သွားကူလိုက်အုံးမယ် အေးဆေးနေကြအုံးနော်"

"ဟုတ်"

လူစီးယပ်ထွက်သွားတော့မှ~

"ဘေဘီ ခုနက ဘာပြောမလို့လဲ"

"ဟင် အင်း ဖုန်း ခနပေး"

"ဘာလုပ်မလို့လဲ ဘေဘီရဲ့"

"Daddyနော် အရင်တုန်းကအဲ့လို မဟုတ်ပါဘူးနော် ဘေဘီ တောင်းရင် ချက်ချင်းပေးပါတယ် ဖုန်းထဲမှာဘာတွေရှိလို့လဲ"

"အမလေး အမလေး ဘေဘီရယ် ကိုယ်က ဘာလုပ်မလို့လဲ လို့ပဲ မေးမိတာပါကွာ ရော့ ယူယူ"

"ဘာလဲ စိတ်မရှည်တာလား"

ရစ်စရာ မရှိတာ ကြံဖန်ရစ်နေသော ဘေဘီ~~

"မဟုတ်ရပါဘူး ဗျာ"

"မဟုတ်ဘူးဆို ဘာလို့ စိတ်မရှည်တဲ့ လေသံကြီးနဲ့ ပြောနေတာလဲလို့"

"မပြောရပါဘူး ဘေဘီရယ်"

"ဟွန့် ပေးပေး မြန်မြန်"

ဆိုပြီး လက်ထဲက ဖုန်းကို ဆွဲလုသွားလေရဲ့၊

"ဘေဘီ ရေသောက်အုံးမလား"

"Daddy!"

"ဗျာ~"

"လိုက်စမနေနဲ့ဗျာ~"

"မစပါဘူး ဘေဘီကလည်း မောနေမှာစိုးလို့ စေတနာနဲ့ပါ"

"Daddy!"

ထိုအချိန်~

"ကယ် ဒီကလေးတွေ ဘာဖြစ်နေကြပြန်တာလဲ"

ထမင်းစားခန်းထဲက ထွက်လာတဲ့ လူစီးယပ်က မေးလာတယ်။

"ဒီမှာလေ daddy ပေါ့ ကျတော့်ကိုလိုက်စနေတယ်"

"ဟိုကောင်! ဘာလို့ ငယ်လေး ကို လိုက်စနေတာလဲ"

"ကဲ ကဲ မင်းတို့ မာမီက ထမင်းစားလို့ရပြီတဲ့ လာခဲ့ကြတော့ ငယ်လေး လာ"

"ဟုတ် ဒယ်ဒီ"

ဆိုကာ လူစီးယပ်နောက် ကော့တော့ကော့တော့ ပါသွားတဲ့ ဟယ်ရီ~

~DON'T BLAME ME~Where stories live. Discover now