ဆိုပြီး ဒရေဂို့လက်ကိုဆွဲကာ ကော့တော့ကော့တော့ ထွက်သွားတဲ့ ဟယ်ရီ~

အနောက်ကဒရေဂို ကတော့ မနိုင်ဘူး ဆိုတဲ့ အကြည့်တွေနဲ့ ခေါင်းတခါခါ ပါလာခဲ့တယ်။

မနက်စာ စားနေရင်း~

"Daddy!!"

"ဗျာ"

"ကော်ဖီက Daddy ဖျော်ထားတာ မဟုတ်ဘူး မလား"

"အင်း အစက ကိုယ်ဖျော်မလို့ပဲ ဘေဘီက ကြာနေတော့ လာကြည့်ရင်း အဒေါ်ကြီးကို ဖျော် ခိုင်း..."

~ခွမ်း~

ကော်ဖီခွက်ကို ကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်တဲ့ ဟယ်ရီ~

"ဘေဘီက Daddy ဖျော်တာပဲသောက်ချင်တာ"

"သောက်ချင်တာက ကိုယ်ဖျော်ပေးလို့ရတယ်လေ အခုလိုခွက်ကို ခွဲပစ်စရာလိုလို့လား!!"

အလိုလိုက်ထားတော့ ရောင့်တက်နေတာကြောင့် တစ်ချက်အော်မိသွားတယ်။ပြီးတော့မှ သူသတိရလိုက်တာက ဘေဘီက သူ့ကို အော်တာ ကို သေလောက်အောင် မုန်းတယ် ဆိုတာပါပဲ၊အထူးသဖြင့် ကျတော့်ဆီကပေါ့

"ဘေဘီ ကိုယ်တောင်းပန်ပါ.."

"စိတ်ကုန်နေပြီမလား"

"ဟင် ဘေဘီ ကိုယ်..."

"စိတ်ကုန်နေပြီမလား လို့ မေးနေတာကိုပဲ ဖြေ!!"

အိမ်ကြီးထဲက အလုပ်သမားတွေကလည်း ဘာမှ ဝင်မပြောရဲကြဘူး။

"မဟုတ်တာ ဘေဘီရာ ကိုယ်ကမင်းကို ဘာလို့စိတ်ကုန်ရမှာလဲ"

"အဲ့တာဆို ဘာလို့ခွက်လေးကွဲတာကို လာအော်နေလဲ!!၊ ကျတော့်အကြောင်း သိရဲ့သားနဲ့လေ"

ဒေါသကြောင့်ပေါက်ထွက်မတက်နီမြန်းနေတဲ့ မျက်နှာလေး~

"ဘေဘီ စိတ်လျှော့~"

ဆိုပြီး ဘေဘီ့ရှေ့ကိုသွားကာ ဒူးထောက်လိုက်တယ်။

"ခွက်ကွဲတာက အရေးမဟုတ်ပေမယ့် မင်းလေးရဲ့ စိတ်ကို နည်းနည်းလေးထိန်းခိုင်းနေတာ ကိုယ်က ဘေဘီ့အကြောင်းသိလို့ ကိစ္စမရှိဘူး၊ဒီနေ့က အိမ်မှာဖြစ်လို့၊အကယ်၍ အပြင်မှာသာ အခုလိုဖြစ်လို့ ဘေဘီက စိတိလိုက်မာန်ပါ လျှောက်လုပ်လိုက်ရင် ဘေဘီ့ကို လူတွေ ဘယ်လိုထင်ကြမလဲ"

~DON'T BLAME ME~Opowieści tętniące życiem. Odkryj je teraz