"နာပေါ့ဗျာ ကျတော့်ကိုတစ်ယောက်တည်းပြစ်ထားချင်တဲ့ လူကြီး၊နာတာတောင်နည်းသေးတယ်"

"ကိုယ်က ကိုယ့်ဘေဘီလေးကို ပြစ်ထားစရာလားလို့"

"ဟွန့် အခုမှလာပြီး"

"ကယ် စောစောစီးစီးတော့ ကောက်တော်မမူလိုက်ပါနဲ့ဗျာ၊အခု ရေသွားချိုးမယ်၊ပြီးရင် ဘေဘီ့ စိတ်တိုင်းကျအားလုံးလုပ်ပေးမယ်နော်"

"ပြီးတာပဲ ချီ"

"ဟုတ်ပါပြီဗျာ"

ဆိုပြီးကောက်ချီလိုက်တော့ ပုခုံးပေါ်ခေါင်းလေးမှီလာတယ်။ပြီးတော့ ရေချိုးခန်းထဲခေါ်သွားပြီး~

"ကိုယ်ဟာကို ချိုးမှာလား ကိုယ်ချိုးပေးရမှာလား ချွဲစိန်လေး"

"ကိုယ်ဟာကိုချိုးမှာ၊daddyကbreakfast သွားပြင်ထား"

"တူတူချိုးမယ်လေ ဘေဘီကလည်း~"

"မရပါဘူး၊ကိုယ့်ဟာကို ဟိုဘက်အခန်းမှာ သွားချိုး မြန်မြန်ချိုးနော်"

"ဟုတ်ကဲ့ပါဗျ"

ဆိုပြီး ထွက်သွားတော့မှ ဟယ်ရီတစ်ယောက် ရေစချိုးတယ်။

နာရီဝက်လောက်ကြာတော့~

ဒရေဂိုလည်း ရေချိုးပြီးသွားတာနဲ့ သူ့ဘေဘီရဲ့အမိန့်အတိုင်း breakfast ပြင်ဖို့ဆင်းလာတယ်။သူပြင်ပြီးသွားတဲ့ အထိ ဟယ်ရီတစ်ယောက်ဆင်းမလာသေးဘူး၊အဲ့တာနဲ့ ဒရေဂိုလည်း ဟယ်ရီကိုသွားကြည့်ဖို့ အပေါ်ထပ်ကိုပြန်တက်လာခဲ့တယ်။

အခုချိန်ထိ ဘေဘီက ရေချိုးခန်းထဲကထွက်မလာသေးဘူး။

*ဖျားတော့မှာပဲကွာ!*

"ဘေဘီရေ~မပြီးသေးဘူးလား ကိုယ်တောင်breakfast ပြင်ပြီးနေပြီ"

"ပြီးပါပြီ daddyရဲ့"

"ဘေဘီ အကျီကိုဘာလို့ရေချိုးခန်းထဲမှာ လဲတာလဲ၊ ဒီမှာကြည့်အုံး ရေတွေစိုကုန်ပြီ"

"Daddyကလည်း ဒီလောက်စိုတာ ဘာမှမဖြစ်ပါဘူး"

"ဘာလို့ ဘာမှမဖြစ်ရမှာလဲ၊အရင်..."

ဒရေဂိုစကားဆုံးအောင်တောင်မပြောလိုက်ရ••

"ဘေဘီ ဗိုက်ဆာနေပြီ၊ နောက်မှ ဆက်ပြောတော့ လာ သွားမယ်"

~DON'T BLAME ME~Where stories live. Discover now