"အိုကေပါဗျာ"

ပြန်ဖြေလိုက်တော့ တခစ်ခစ်ရယ်နေလေရဲ့

"အကျီလဲအုံးမှာလား ဘေဘီ"

"ဟင့်အင်း"

"ဒါဆိုလည်းသွားကြတာပေါ့"

ဆိုပြိီး ကားသော့ယူကာ ဟယ်ရီလက်လေးဆွဲရင်း ဆင်းလာခဲ့တယ်။

အောက်ရောက်တော့လည်း ကားတံခါးဖွင့်ပေး ခါးပတ်သေချာပတ်ပေး စတဲ့ သူလုပ်နေကျအတိုင်းပဲ အကုန်ဂရုတစိုက်လုပ်ပေးပြီးတော့ ဒရေဂိုရဲ့ မိဘတွေ ဖြစ်တဲ့ လူစီးယပ်နဲ့ နာစစ်ဆာ တို့နေထိုင်ရာ မက်ဖိွုင်းစံအိမ်ကြီး သို့ထွက်လာခဲ့ကြတယ်။
.
.
.
.
.
.
.
_________________________
ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်ပြီး စိတ်တိုင်းမကျ☹️
dနေ့တော့ Emerald green လေးနားပါမယ်နော်🥺😩

Luv u all🥺

#Thinn🐷

Zawgyi~

မနက် ဒရေဂို နိုးတော့ သူ့လက်မောင်းပေါ် ခေါင်းအုံးပြီး အိပ်နေတဲ့ ဟယ်ရီပထမဆုံးတွေ့လိုက်ရတော့ ပြုံးလိုက်မိတယ်။

ဘေဘီဟာလေ အသက်ဘယ်လောက်ပဲကြီးလာလာ ကလေးလေး အတိုင်းပဲ~ခနနေတော့  လှုပ်လှုပ်ရွရြွဖစ်လာတာနဲ့ သူလည်း မျက်လုံးပြန်မှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။နိုးလာတာနဲ့ တစ်ယောက်တည်းပွစိပွစိ လုပ်နေရင်း ပြီးမှ ကျတော်လက်မောင်းကို ကိုက်ချလိုက်တယ်။

"အား!!!ဘေဘီ ဘာလို့ကိုက်တာလဲ"

"ကိုက်ချင်လို့ကိုက်တာဗျာ"

ဆိုပြီး ဆူပုတ်ပုတ်နဲ့ ပြန်​ဖြေတဲ့ဟယ်ရီ~

"ဟောဗျာ ကိုယ့်ဘေဘီလေးက စောစောစီးစီး ကောက်နေပါလား"

"----"

"ဘာတွေကို ကောက်တော်မူနေတာလဲ"

"daddy ကြောင့် ကျောင်းမသွားရတော့ဘူးလေ၊အဲ့တာကြောင့် daddy လည်း အိမ်မှာပဲနေတော့"

"မနေပါဘူး။ကိုယ်ကအလုပ်သွားမှာ"

ဆိုပြီး ရွှတ်နောက်နောက်ပြောလိုက်တော့~

လက်မောင်းပေါ်မှာ သွားရာ နောက်တစ်ခုထပ်ရလိုက်ပါတယ်။

"ဘေဘီ နာတယ်လေ"

~DON'T BLAME ME~Where stories live. Discover now