"ခုနက မင်းကိုအော်လိုက်တာ ဘာလို့လို့ ထင်လဲ"

"တခြားသူတွေ အမြင်မှာ ရိုင်းမှာစိုးလို့လား၊ဒါမှမဟုတ် အကယ်၍ အပြင်မှာသာဖြစ်ရင် Daddy သိက္ခာကျမှာစိုးလို့လား"

ခေါင်းခါပြတဲ့ ဟယ်ရီရဲ့daddy~

"အဲ့တာဆို ဘာလို့လဲ"

"ကိုယ်ဘာလို့ အဲ့ဒီကတိကိုတောင်းရလဲ ဆိုတာ ခုနက ကိစ္စကြောင့်ပဲ~"

"ဟင်!"

"ဟုတ်တယ်လေ ဘေဘီခွဲလိုက်တဲ့ ခွက်ထဲမှာ ကော်ဖီပူတွေနဲ့လေ မတော်လို့များ အဲ့ဒီကော်ဖီတွေ ဘေဘီ့ကိုစင်သွားရင် ဒါမှမဟုတ် ဖန်စတွေ ပြန်ကန်ထွက်လာပြီး ဘေဘီ့ခြေထောက်ကိုစိုက်သွားရင် ဘယ်လိုလုပ်မလဲ၊အဲ့တာကြောင့် ကိုယ်စိတ်ပူသွားလို့အော် လိုက်မိတာပါ"

"----"

"သိရဲ့လား အရူးလေးရဲ့"

"daddyက ဘေဘီ့ကို အဲ့လောက်တောင်ချစ်တာပဲလား"

"ချစ်တာပေါ့ဗျာ"

"ဘေဘီလည်း daddy ကိုချစ်ပါတယ်။Daddy အချစ်ကိုမမှီနိုင်ပေမဲ့လို့ပေါ့၊ ဘေဘီက အတ္တကြီးတယ်။တစ်ကို်ယ်ကောင်းဆန်တယ်။ကိုယ်ဖြစ်ချင်တာပဲ ကိုယ်သိတာ၊အဲ့ဒီတော့..."

ပြောနေတုနး်မှာပဲ ဟယ်ရီနှုတ်ခမ်းပေါ်ရောက်လာတဲ့ ဒရေဂို့ရဲ့လက်ညိုှး~

"ရှူး ကိုယ်သိတယ်။ကိုယ့်အပေါ်ကြိုက်သလောက်ဆိုး ကြိုက်သလောက်အနိုင်ကျင့် ဘာမှမဖြစ်ဘူး၊ဒါပေမယ့် ကိုယ့်အနားကတော့ ထွက်မသွားနဲ့၊အခုလိုပဲ ကိုယ့်အနားမှာ ချွဲ လိုက် ဂျစ် လိုက် ဆိုး လိုက် နဲ့ပဲ တစ်သက်လုံးနေသွားပေး~"

"အွန်း"

ဟယ်ရီဆီကအဖြေကိုရပြီးတာနဲ့ဟယ်ရီကိုယ်လုံးလေးကို သူနဲ့ မျက်နှာချင်းဆိုင်ကိုလှည့်ပြီး နှုတ်ခမ်းလေးကို နူးနူးညံ့ညံ့လေး နမ်းလိုက်တယ်။ဒီအနမ်းလေးကတော့ ဘာအလိုရမ္မက်မှ မပါတဲ့ ချိုမြိန်သောအနမ်းလေး တစ်ပွင့်~~

စက္ကန့်၂၀လောက်နမ်းပြီးမှ အနမ်းတွေကို ဖြတ်တောက်လိုက်တယ်။

"ကယ် daddy့ဘေဘီ လေး ဒီနေ့ဘယ်သွားချင်ပါသလဲဗျာ"

"daddyမိဘတွေဆီသွားမယ်လေ ပြီးရင်ကိုကို့ဆီဝင်မယ် ပြီးရင်  မမ မီမီဆီသွားမယ် အိုကေလား"

~DON'T BLAME ME~Where stories live. Discover now