ဆိုပြီး အပေါ်ထပ်ကိုတက်သွားတဲ့ ဟယ်ရီ~

ကျန်ခဲ့တဲ့ ဒရေဂို လည်း အလုပ်သမားတွေကို 
ဖန်စတွေကို ရှင်းဖို့ မျက်စပစ်ပြလိုက်ပြီး သူ့ဘေဘီလေး နောက်ကို လိုက်လာခဲ့တယ်။

ဘေဘီ့က အဲ့ဒီလိုပဲ တစ်ခုခုဆို အရမ်းစိတ်ကိုဉီးစားပေးလွန်းတယ်။ သူလုပ်ချင်တဲ့ ဟာဆို ဘာမှ မစဉ္းစားပဲလုပ်ပစ်တယ်။သူက ကောင်းစေချင်လို့ ပြောပြန်တော့လည်း အခုလိုပဲ ဒေါသက အရင်ထွက်တယ်။

ဘေဘီမျက်ရည်ကျတာကိုတော့ စတွေ့တည်းက အခုအချိန်ထိ တစ်ခါမှ မမြင်ဘူးသေးဘူး။ငိုဖို့ဆို အဝေးကြိီး~~
အမြဲတမ်း ဘေဘီက ဝမ်းနည်းမှုကို ဒေါသနဲ့ အစားထိုးတယ်။တခြားသူတွေ သိမသိတော့ မသိ ကျတော်နဲ့ ရွန်ကတော့ သေချာကြီးကို သိပါတယ်။ဘေဘီ့ရဲ့ ဒေါသ ဟာ သူလေးရဲ့ ဝမ်းနည်းမှုနဲ့ တိုက်ရိုက်အချိုးတူတယ် ဆိုတာပါပဲ။

*ဟူး!!*

သူလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး အခန်းထဲဝင်သွားတော့~

မွေ့ယာပေါ်မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ဘေဘီ~

သူလည်း ဘေဘီ အနောက်ကိုသွားပြီး ကိုယ်လုံး သေးသေးလေးကို ရင်ခွင်ထဲ ဆွဲထည့်လိုက်တယ်။

ပြီးတော့မှ~

"ဘေဘီ ကိုယ်က မင်းကိုကောင်းစေချင်လို့ပြောတာလေ"

"ဘေဘီ သိပါတယ်။ဒါပေမယ့် Daddy သိထားရမှာက ဘယ်သူ့အတွက်နဲ့မှ ပြောင်းလဲမပေးနိုင်ဘူး ဆိုတာပဲ"

"မပြောင်းလဲခိုင်းပါဘူး၊ဒီတိုင်း နည်းနည်းလေး ထိန်းချုပ်ခိုင်းတာ~"

"ဟင့်အင်း"

"ဘေဘီ့ကိုယ့်ကို ကတိတစ်ခုတော့ပေး"

"ဘာကတိလည်း"

"ဘေဘီ ပြောင်းလဲစရာလည်း မလိုဘူး။ထိန်းချုပ်စရာလည်း မလိုဘူး၊အဲ့ဒီအစား ဘေဘီ့လုပ်မဲ့အရာက ဘေဘီ့ကို ထိခိုက်စေမှာမျိုးတော့ မဖြစ်စေနဲ့"

"Daddyကလည်း ကိုယ့်ဟာကိုထိခိုက်အောင်လုပ်ရအောင် ဘေဘီက အရူးလား"

ပြုံးစိစိနဲ့ပြောလာတဲ့ ဘေဘီ~

"ဘေဘီ~"

"ဗျာ~"

~DON'T BLAME ME~Where stories live. Discover now