အလိုလိုက်ထားတော့ ရောင့်တက်နေတာကြောင့် တစ်ချက်အော်မိသွားတယ်။ပြီးတော့မှ သူသတိရလိုက်တာက ဘေဘီက သူ့ကို အော်တာ ကို သေလောက်အောင် မုန်းတယ် ဆိုတာပါပဲ၊အထူးသဖြင့် ကျတော့်ဆီကပေါ့

"ဘေဘီ ကိုယ်တောင်းပန်ပါ.."

"စိတ်ကုန်နေပြီမလား"

"ဟင် ဘေဘီ ကိုယ်..."

"စိတ်ကုန်နေပြီမလား လို့ မေးနေတာကိုပဲ ဖြေ!!"

အိမ်ကြီးထဲက အလုပ်သမားတွေကလည်း ဘာမှ ဝင်မပြောရဲကြဘူး။

"မဟုတ်တာ ဘေဘီရာ ကိုယ်ကမင်းကို ဘာလို့စိတ်ကုန်ရမှာလဲ"

"အဲ့တာဆို ဘာလို့ခွက်လေးကွဲတာကို လာအော်နေလဲ!!၊ ကျတော့်အကြောင်း သိရဲ့သားနဲ့လေ"

ဒေါသကြောင့်ပေါက်ထွက်မတက်နီမြန်းနေတဲ့ မျက်နှာလေး~

"ဘေဘီ စိတ်လျှော့~"

ဆိုပြီး ဘေဘီ့ရှေ့ကိုသွားကာ ဒူးထောက်လိုက်တယ်။

"ခွက်ကွဲတာက အရေးမဟုတ်ပေမယ့် မင်းလေးရဲ့ စိတ်ကို နည်းနည်းလေးထိန်းခိုင်းနေတာ ကိုယ်က ဘေဘီ့အကြောင်းသိလို့ ကိစ္စမရှိဘူး၊ဒီနေ့က အိမ်မှာဖြစ်လို့၊အကယ်၍ အပြင်မှာသာ အခုလိုဖြစ်လို့ ဘေဘီက စိတိလိုက်မာန်ပါ လျှောက်လုပ်လိုက်ရင် ဘေဘီ့ကို လူတွေ ဘယ်လိုထင်ကြမလဲ"

"ဟက်~ ကျတော့်က ဂရုစိုက်မယ် ထင်နေတာလား။သူတို့ ဘယ်လိုထင်ထင် ကျတော့်အတွက်အရေးမကြီးဘူး"

"ဘေဘီရယ် အဲ့လိုလဲ မဟုတ်သေးဘူးလေ"

"ခင်ဗျား သိပါတယ်။ကျတော်က ကျတော့်ဘဝထဲကို လူတကာ အဝင်ခံတဲ့လူ မဟုတ်ဘူး။ကျတော် ဘဝထဲမှာရှိနေတဲ့ လူတိုင်းကလည်း ကျတော့်ရဲ့ပုံစံအစစ်အမှန်ကို နားလည်ပေးနိုင်မယ့် လူတွေကိုပဲ ကျတော့်ဘဝထဲ ဝင်ခွင့်ပြုတာ၊အဲ့ဒီအတွက် ကျတော့်အတွက်အရေးကြီးတဲ့လူ တွေကလွဲရင် ကျန်တဲ့လူတွေရဲ့ အထင်တွေကို ကျတော် ဂရုမစိုက်နိုင်ဘူး။"

"ဘေဘီ~"

"ကျတော့်အကြောင်းကို သိရဲ့သားနဲ့ ဒီလိုထပ်ဖြစ်လာမယ်ဆိုရင်တော့ ခင်ဗျားလည်း ကျတော့်ဘဝရဲ့ အရေးမပါတဲ့သူဖြစ်သွားလိမ့်မယ်နော်"

~DON'T BLAME ME~Where stories live. Discover now