"မရပါဘူး၊ကိုယ့်ဟာကို ဟိုဘက်အခန်းမှာ သွားချိုး မြန်မြန်ချိုးနော်"

"ဟုတ်ကဲ့ပါဗျ"

ဆိုပြီး ထွက်သွားတော့မှ ဟယ်ရီတစ်ယောက် ရေစချိုးတယ်။

နာရီဝက်လောက်ကြာတော့~

ဒရေဂိုလည်း ရေချိုးပြီးသွားတာနဲ့ သူ့ဘေဘီရဲ့အမိန့်အတိုင်း breakfast ပြင်ဖို့ဆင်းလာတယ်။သူပြင်ပြီးသွားတဲ့ အထိ ဟယ်ရီတစ်ယောက်ဆင်းမလာသေးဘူး၊အဲ့တာနဲ့ ဒရေဂိုလည်း ဟယ်ရီကိုသွားကြည့်ဖို့ အပေါ်ထပ်ကိုပြန်တက်လာခဲ့တယ်။

အခုချိန်ထိ ဘေဘီက ရေချိုးခန်းထဲကထွက်မလာသေးဘူး။

*ဖျားတော့မှာပဲကွာ!*

"ဘေဘီရေ~မပြီးသေးဘူးလား ကိုယ်တောင်breakfast ပြင်ပြိီးနေပြီ"

"ပြီးပါပြီ daddyရဲ့"

"ဘေဘီ အကျီကိုဘာလို့ရေချိုးခန်းထဲမှာ လဲတာလဲ၊ ဒီမှာကြည့်အုံး ရေတွေစိုကုန်ပြီ"

"Daddyကလည်း ဒီလောက်စိုတာ ဘာမှမဖြစ်ပါဘူး"

"ဘာလို့ ဘာမှမဖြစ်ရမှာလဲ၊အရင်..."

ဒရေဂိုစကားဆုံးအောင်တောင်မပြောလိုက်ရ••

"ဘေဘီ ဗိုက်ဆာနေပြီ၊ နောက်မှ ဆက်ပြောတော့ လာ သွားမယ်"

ဆိုပြီး ဒရေဂို့လက်ကိုဆွဲကာ ကော့တော့ကော့တော့ ထွက်သွားတဲ့ ဟယ်ရီ~

အနောက်ကဒရေဂို ကတော့ မနိုင်ဘူး ဆိုတဲ့ အကြည့်တွေနဲ့ ခေါင်းတခါခါ ပါလာခဲ့တယ်။

မနက်စာ စားနေရင်း~

"Daddy!!"

"ဗျာ"

"ကော်ဖီက Daddy ဖျော်ထားတာ မဟုတ်ဘူး မလား"

"အင်း အစက ကိုယ်ဖျော်မလို့ပဲ ဘေဘီက ကြာနေတော့ လာကြည့်ရင်း အဒေါ်ကြီးကို ဖျော် ခိုင်း..."

~ခွမ်း~

ကော်ဖီခွက်ကို ကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်တဲ့ ဟယ်ရီ~

"ဘေဘီက Daddy ဖျော်တာပဲသောက်ချင်တာ"

"သောက်ချင်တာက ကိုယ်ဖျော်ပေးလို့ရတယ်လေ အခုလိုခွက်ကို ခွဲပစ်စရာလိုလို့လား!!"

~DON'T BLAME ME~Where stories live. Discover now