"ဘေဘီ သိပါတယ်။ဒါပေမယ့် Daddy သိထားရမှာက ဘယ်သူ့အတွက်နဲ့မှ ပြောင်းလဲမပေးနိုင်ဘူး ဆိုတာပဲ"
"မပြောင်းလဲခိုင်းပါဘူး၊ဒီတိုင်း နည်းနည်းလေး ထိန်းချုပ်ခိုင်းတာ~"
"ဟင့်အင်း"
"ဘေဘီ့ကိုယ့်ကို ကတိတစ်ခုတော့ပေး"
"ဘာကတိလည်း"
"ဘေဘီ ပြောင်းလဲစရာလည်း မလိုဘူး။ထိန်းချုပ်စရာလည်း မလိုဘူး၊အဲ့ဒီအစား ဘေဘီ့လုပ်မဲ့အရာက ဘေဘီ့ကို ထိခိုက်စေမှာမျိုးတော့ မဖြစ်စေနဲ့"
"Daddyကလည်း ကိုယ့်ဟာကိုထိခိုက်အောင်လုပ်ရအောင် ဘေဘီက အရူးလား"
ပြုံးစိစိနဲ့ပြောလာတဲ့ ဘေဘီ~
"ဘေဘီ~"
"ဗျာ~"
"ခုနက မင်းကိုအော်လိုက်တာ ဘာလို့လို့ ထင်လဲ"
"တခြားသူတွေ အမြင်မှာ ရိုင်းမှာစိုးလို့လား၊ဒါမှမဟုတ် အကယ်၍ အပြင်မှာသာဖြစ်ရင် Daddy သိက္ခာကျမှာစိုးလို့လား"
ခေါင်းခါပြတဲ့ ဟယ်ရီရဲ့daddy~
"အဲ့တာဆို ဘာလို့လဲ"
"ကိုယ်ဘာလို့ အဲ့ဒီကတိကိုတောင်းရလဲ ဆိုတာ ခုနက ကိစ္စကြောင့်ပဲ~"
"ဟင်!"
"ဟုတ်တယ်လေ ဘေဘီခွဲလိုက်တဲ့ ခွက်ထဲမှာ ကော်ဖီပူတွေနဲ့လေ မတော်လို့များ အဲ့ဒီကော်ဖီတွေ ဘေဘီ့ကိုစင်သွားရင် ဒါမှမဟုတ် ဖန်စတွေ ပြန်ကန်ထွက်လာပြီး ဘေဘီ့ခြေထောက်ကိုစိုက်သွားရင် ဘယ်လိုလုပ်မလဲ၊အဲ့တာကြောင့် ကိုယ်စိတ်ပူသွားလို့အော် လိုက်မိတာပါ"
"----"
"သိရဲ့လား အရူးလေးရဲ့"
"daddyက ဘေဘီ့ကို အဲ့လောက်တောင်ချစ်တာပဲလား"
"ချစ်တာပေါ့ဗျာ"
"ဘေဘီလည်း daddy ကိုချစ်ပါတယ်။Daddy အချစ်ကိုမမှီနိုင်ပေမဲ့လို့ပေါ့၊ ဘေဘီက အတ္တကြီးတယ်။တစ်ကိုယ်ကောင်းဆန်တယ်။ကိုယ်ဖြစ်ချင်တာပဲ ကိုယ်သိတာ၊အဲ့ဒီတော့..."
ပြောနေတုန်းမှာပဲ ဟယ်ရီနှုတ်ခမ်းပေါ်ရောက်လာတဲ့ ဒရေဂို့ရဲ့လက်ညှိုး~
"ရှူး ကိုယ်သိတယ်။ကိုယ့်အပေါ်ကြိုက်သလောက်ဆိုး ကြိုက်သလောက်အနိုင်ကျင့် ဘာမှမဖြစ်ဘူး၊ဒါပေမယ့် ကိုယ့်အနားကတော့ ထွက်မသွားနဲ့၊အခုလိုပဲ ကိုယ့်အနားမှာ ချွဲ လိုက် ဂျစ် လိုက် ဆိုး လိုက် နဲ့ပဲ တစ်သက်လုံးနေသွားပေး~"
"အွန်း"
ဟယ်ရီဆီကအဖြေကိုရပြီးတာနဲ့ဟယ်ရီကိုယ်လုံးလေးကို သူနဲ့ မျက်နှာချင်းဆိုင်ကိုလှည့်ပြီး နှုတ်ခမ်းလေးကို နူးနူးညံ့ညံ့လေး နမ်းလိုက်တယ်။ဒီအနမ်းလေးကတော့ ဘာအလိုရမ္မက်မှ မပါတဲ့ ချိုမြိန်သောအနမ်းလေး တစ်ပွင့်~~
စက္ကန့်၂၀လောက်နမ်းပြီးမှ အနမ်းတွေကို ဖြတ်တောက်လိုက်တယ်။
"ကယ် daddy့ဘေဘီ လေး ဒီနေ့ဘယ်သွားချင်ပါသလဲဗျာ"
"daddyမိဘတွေဆီသွားမယ်လေ ပြီးရင်ကိုကို့ဆီဝင်မယ် ပြီးရင် မမ မီမီဆီသွားမယ် အိုကေလား"
"အိုကေပါဗျာ"
ပြန်ဖြေလိုက်တော့ တခစ်ခစ်ရယ်နေလေရဲ့
"အကျီလဲအုံးမှာလား ဘေဘီ"
"ဟင့်အင်း"
"ဒါဆိုလည်းသွားကြတာပေါ့"
ဆိုပြီး ကားသော့ယူကာ ဟယ်ရီလက်လေးဆွဲရင်း ဆင်းလာခဲ့တယ်။
အောက်ရောက်တော့လည်း ကားတံခါးဖွင့်ပေး ခါးပတ်သေချာပတ်ပေး စတဲ့ သူလုပ်နေကျအတိုင်းပဲ အကုန်ဂရုတစိုက်လုပ်ပေးပြီးတော့ ဒရေဂိုရဲ့ မိဘတွေ ဖြစ်တဲ့ လူစီးယပ်နဲ့ နာစစ်ဆာ တို့နေထိုင်ရာ မက်ဖွိုင်းစံအိမ်ကြီး သို့ထွက်လာခဲ့ကြတယ်။
.
.
.
.
.
.
.
_________________________
ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်ပြီး စိတ်တိုင်းမကျ☹️
dနေ့တော့ Emerald green လေးနားပါမယ်နော်🥺😩
Luv u all🥺
#Thinn🐷
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
Part-3{U/Z}
Start from the beginning
