ဟယ်ရှင်းချွမ်မျက်လုံးတွေက ပြူးကျယ်သွားရကာ
"ထန်ကော! ဘာလို့အဝတ်အစားတွေမဝတ်တာလဲ!?"

"ညအိပ်ဝတ်စုံယူဖို့မေ့သွားတာ"

ဟယ်ရှင်းချွမ်မျက်နှာရဲရဲကိုမြင်ချိန်မှာ ယန်ထန်ကပိုစချင်သွားတယ်၊ အနားတိုးကပ်သွားလိုက်ပြီး
"ဘာလို့လဲ? ထန်ကောခန္ဓာကိုယ်က အမိုက်စားမဟုတ်ဘူးလား? ဘာလဲ သဘောမကျဘူးလား?"

"မ...မဟုတ်ဘူး...အခန်းထဲပြန်သွား အမြန်အင်္ကျီဝတ်တော့...အအေးပတ်မယ်"

"မဟုတ်ဘူးလား? အဲ့ဒါဆို ဘာလို့မကြည့်ရဲတာလဲ?"

စကားသံအဆုံးမှာ၊ ဟယ်ရှင်းချွမ်ဟာ နှလုံးတောင်မခိုင်တော့သလိုပဲ။
မျက်နှာလေးဟာ ပိုမိုနီရဲလာရပြီး
"လာစမနေနဲ့! လူမိုက်ကြီးကျနေတာပဲ!"

ရန်တွေ့စကားတွေက ယန်ထန်ကိုပိုလို့တောင်ရယ်ချင်စေမိတယ်။
အရှက်ကြီးသူလေးကို လွှတ်ပေးလိုက်ပါမယ်လေ။
"ကောင်မလေးကျနေတာပဲ"

ဟယ်ရှင်းချွမ်ဟာ အခန်းတံခါးမှာမှီနေမိပြီး၊ မနည်းစိတ်ပြန်ထိန်းနေရတယ်။
ရေချိုးခန်းထဲဝင်ချိန်မှာ၊ သူ့အောက်ကဖောင်းနေတဲ့အရာကိုကြည့်ပြီး ဘာလုပ်ရမှန်းတောင်မသိတော့ပေ။

ထန်ကော...ထန်ကော...

စာသင်ချိန်အတွင်းမှာ မုန့်ခိုးစားတဲ့လူတွေအမြဲရှိတတ်တယ်။

လူအမျိုးအစားသုံးမျိုးရှိတယ်။

ပထမတစ်မျိုးကတော့ သတ္တိရှိပြီး သတိကြီးတဲ့လူ။
ဥပမာ ဝမ်ဘင်းဘင်းလိုပေါ့။
Matcha Towelကိုလက်ထဲကိုင်ရင်း၊ သင်္ချာဆရာစာလှည့်ရေးချိန်မှာ အမြန်တစ်ကိုက်ကိုက်တယ်။
လက်ဖက်စိမ်းနဲ့ ခရင်မ်အနံ့လေးဟာ မွှေးပျံ့လို့သွားတယ်။

ဒုတိယတစ်မျိုးကတော့ သတ္တိမရှိပေမဲ့ ဗိုက်ဆာလွန်းလို့သည်းမခံနိုင်တော့သူလေး။
ဥပမာကတော့ ဟယ်ရှင်းချွမ်ပါ။
ဟယ်ရှင်းချွမ်ဟာ အများကြီးခိုးမစားရဲဘူး၊ စာအုပ်ကိုထောင်ကာ ဘီစကစ်တွေကိုအရှေ့ပုံထားတယ်။
ပါးစပ်ထဲအမြန်ထိုးထည့်ပြီး ယန်ထန်ကိုပါ တစ်ဝက်ဖဲ့ပေးလိုက်သေး။

တတိယတစ်မျိုးကတော့ ဘာမှဂရုမစိုက်တဲ့လူမျိုး။
ဥပမာကတော့ အသေအချာကိုယန်ထန်ပဲ။
သစ်သီးပန်ကိတ်စားထားပေမဲ့ ဗိုက်ကဆာနေတုန်းပဲ။
ဟယ်ရှင်းချွမ်ဘီစကွတ်လှမ်းပေးချိန်မှာ၊ ဟန်တောင်မဆောင်နိုင်တော့ဘဲ ချက်ချင်းစားလိုက်တယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now