"ဘေဘီ ဘာဖြစ်နေတာလဲ"

"ဘာဖြစ်ရမှာလဲ ဟိုဘက်ဝိုင်းက အဒေါ်ကြီးတွေပေါ့ Daddy ကိုလိုက်ကြည့်နေကြတယ်လေ တကယ်ပါပဲ"

ဘေဘီ ပြောလို့လှည့်ကြည့်လိုက်တော့ အနောက်ဘက်ဝိုင်းက မိန်းကလေး၃ယောက် သူ့ကိုလှမ်းကြည့်နေတာတွေ့လိုက်တယ်။သူပြန်ကြည့်တာလဲမြင်ကော ယောက်ယပ်တွေခပ်ကုန်တာပဲ၊သူတို့တွေက ငယ်ငယ်ချောချော လေးတွေပါပဲ ဘာလို့ ဘေဘီ က အဒေါ်ကြီးတွေ လို့ပြောတာလဲမသိ~

"ဟာ Daddy ဘာလို့လှည့်ကြည့်တာလဲ"

"မသိဘူးလေ ဘေဘီပြောလို့ လှည့်ကြည့်တာလေ"

"တကယ်ပါပဲ"

ဆိုပြီးဒရေဂိုဆီ လျှောက်လာပြီး နှုတ်ခမ်းကိုတစ်ချက်နမ်းလိုက်တယ်။ပြီးတော့မှ ဟိုသုံးယောက်ကို ဒါငါ့အပိုင် ဆိုတဲ့ပုံစံနဲ့ကြည့်ပေးလိုက်တယ်။

"ဘေဘီ"

"တော် တိတ်၊daddyရဲ့ အရမ်းတွေချောနေတဲ့ အဲ့ဒီ မျက်နှာကြီးကို ဘေဘီ ဓါးနဲ့လှီးပစ်ချင်လာပြီနော်"

"လုပ်ရက်လို့လား ဘေဘီ"

"မလုပ်ရက်လို့ အခုထိမလုပ်တာပေါ့ ဟင်းမ်း"

ဆိုပြီး လက်သီးထောင်ပြတယ်။

ခနနေတော့ စားစရာတွေရောက်လာလို့ သူတို့လည်းစ စားတော့တယ်။

"ဟယ်ရီ!!!"

စားနေရင်းခေါ်သံကြားလို့မော့ကြည့်လိုက်တော့~

"ဟင် ကိုကို"

"လာပါအုံး ငါ့ဟယ်ရီလေး မတွေ့ရတာတောင်ကြာပြီ"

လို့ပြောပြီးဟယ်ရီ့ကိုဖက်လိုက်တယ်။

"ကိုကိုကလည်း နှစ်ရက်ပဲရှိသေးပါတယ်နော်"

"နှစ်ရက်လည်း နှစ်ရက်ပဲ ကိုယ့်ညီပိစိလေးကိုလွမ်းတာပေါ့လို့ ဘယ်လိုလဲ ဒရေဂို ကို အရမ်းတွေ အနိုင်ကျင့်နေပြန်ပြီလား"

"ကိုကိုကလည်း မဟုတ်ပါဘူးနော်"

"သေချာလို့လား ဘေဘီရဲ့"

ဒရေဂိုကဝင်ပြောတော့~

"မရှည်နဲ့ Daddy"

"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ရွန် ထိုင်ပြီးပြောကြလေ"

~DON'T BLAME ME~Where stories live. Discover now