အဲ့ဒီနေ့ကဘေဘီ အသံလေးကို ပထမဆုံးကြားခဲ့ရတဲ့ နေ့၊ဘေဘီဟာလေး တကယ့်အဆိုးလေး ပထမဆုံး ဖုန်း​ပြောကတည်း ဂျစ်ကန်ကန်လေးနဲ့~~

"ဟယ်လို"

"ဘယ်သူလဲ၊ဒါကိုကို့ ဖုန်း မဟုတ်ဘူးလား"

"ဟုတ်ပါတယ်၊သူက.."

စကားတောင်မဆုံးသေး~

"ကိုကို့ဖုန်းကို ယူထားတာခင်ဗျား ဘယ်သူလဲ၊ခါးပိုက်နှိုက်လား"

"မဟုတ်ပါဘူး၊ကိုယ်ကရွန် သူငယ်ချင်းပါ၊အိမ်မှာ စာလုပ်ရင်း ဖုန်းကျန်ခဲ့လို့၊ဖုန်းကလည်းပေးမှ ရမှာ မို့လို့ပါ"

"အော် ကိုကို့က အခုအိမ်မှာ၊နောက်နေ့မှ ပေးလို့မရဘူးလား"

"မရဘူး၊သူ့အိမ်လဲမသိတော့~"

"ဒါဆို ခင်ဗျားအိမ်ကဘယ်နားမှာလဲ"

"ကိုယ့်အိမ်က-----လမ်းက အိမ်နံပါတ်----"

"ကျတော်အိမ်မပြန်ခင်ပတ်ပြီးလာယူလိုက်မယ်ဗျာ"

"အင်း"

~တီ~

​အဖြေရတာနဲ့ချက်ချင်းဖုန်းချသွားတဲ့ကောင်လေးပါ~

"Daddy~"

"ဗျာ~~"

"ဘာတွေ တွေးနေတာလဲ"

"ဘာရယ်မဟုတ်ပါဘူး စွစိလန်လေးကို စတွေ့တုန်းကအကြောင်းတွေးနေတာ"

"မှတ်မိသေးတာလား၊ဒီလောက်တောင်ကြာပြီကို"

"မှတ်မိတာပေါ့၊ကိုယ့်ဘေဘီလေးအကြောင်းဆို ချီးပါသေးပေါက်က အစ အကုန်မှတ်မိတယ်။"

"Daddy အဲ့တာတော့နည်းနည်းပိုသွားပြီ"

"မပိုပါဘူး။လိုတောင်လိုနေသေးတာ"

"ဟုတ်လို့လား"

"ဒါပေါ့ဗျာ"

"အဲ့ဒါကြောင့်ယောက်ျားကို ချစ်တာ~မွ~"

"ကိုယ်ကပိုချစ်တယ်"

"ငါ့လိုနှစ်တစ်သောင်းFaကြီးရှေ့မှာလာ ရိုနေလိုက်ကြ"

"ကိုကိုကလည်း မကျေနပ်ရင်ရှာလေ"

"တော်ပါပြီကွာ အပူမရှာချင်လို့"

~DON'T BLAME ME~Where stories live. Discover now