"ဟာ Daddy ဘာလို့လှည့်ကြည့်တာလဲ"

"မသိဘူးလေ ဘေဘီပြောလို့ လှည့်ကြည့်တာလေ"

"တကယ်ပါပဲ"

ဆိုပြီးဒရေဂိုဆီ လျှောက်လာပြီး နှုတ်ခမ်းကိုတစ်ချက်နမ်းလိုက်တယ်။ပြီးတော့မှ ဟိုသုံးယောက်ကို ဒါငါ့အပိုင် ဆိုတဲ့ပုံစံနဲ့ကြည့်ပေးလိုက်တယ်။

"ဘေဘီ"

"တော် တိတ်၊daddyရဲ့ အရမ်းတွေချောနေတဲ့ အဲ့ဒီ မျက်နှာကြီးကို ဘေဘီ ဓါးနဲ့လှီးပစ်ချင်လာပြီနော်"

"လုပ်ရက်လို့လား ဘေဘီ"

"မလုပ်ရက်လို့ အခုထိမလုပ်တာပေါ့ ဟင်းမ်း"

ဆိုပြီး လက်သီးထောင်ပြတယ်။

ခနနေတော့ စားစရာတွေရောက်လာလို့ သူတို့လည်းစ စားတော့တယ်။

"ဟယ်ရီ!!!"

စားနေရင်းခေါ်သံကြားလို့မော့ကြည့်လိုက်တော့~

"ဟင် ကိုကို"

"လာပါအုံး ငါ့ဟယ်ရီလေး မတွေ့ရတာတောင်ကြာပြီ"

လို့ပြောပြီးဟယ်ရီ့ကိုဖက်လိုက်တယ်။

"ကိုကိုကလည်း နှစ်ရက်ပဲရှိသေးပါတယ်နော်"

"နှစ်ရက်လည်း နှစ်ရက်ပဲ ကိုယ့်ညီပိစိလေးကိုလွမ်းတာပေါ့လို့ ဘယ်လိုလဲ ဒရေဂို ကို အရမ်းတွေ အနိုင်ကျင့်နေပြန်ပြီလား"

"ကိုကိုကလည်း မဟုတ်ပါဘူးနော်"

"သေချာလို့လား ဘေဘီရဲ့"

ဒရေဂိုကဝင်ပြောတော့~

"မရှည်နဲ့ Daddy"

"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ရွန် ထိုင်ပြိီးပြောကြလေ"

"အင်း"

ဒရေဂိုနဲ့ရွန်ဆိုတာ ကျောင်းကတည်းကပေါင်းလာကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပါ၊ဒါပေမယ့်သူကအဖွက်ကောင်းတယ်။သူ့ညီလေးကို ဥထားတာများ ပေါင်းတာတော်တော်ကြာမှ သိတယ်။ဘေဘီနဲ့စတွေ့တဲ့နေ့က~

အဲ့ဒီနေ့ကရွန်က သူ့အိမ်မှာစာလုပ်ပြိီး ပြန်သွားတော့ ဖုန်းကျန်ခဲ့တယ်လေ။အဲ့တုန်းကသူတို့တော်တော်တောင် ငယ်သေးတာ၊21 22လောက်ပဲရှိအုံးမယ်။ဘေဘီက 17~~
နောက်နေ့တွေ့မှပေးလဲရပေမယ့် အဲ့နေ့ကဖြစ်ချင်တော့ ကျောင်းကလုပ်ရတဲ့ projectနဲ့ ပတ်သတ်တဲ့ fileတွေက ရွန် ဖုန်းထဲထည့်ပြီး သိမ်းထားတာကြောင့်မပေးလို့ကလည်း မဖြစ်။သူလုပ်ပေးလိုက်ရအောင်လည်း groupမတူတော့ လုပ်ပေးလို့မရ၊အဲ့တာနဲ့ပဲ ph contact ထဲက အိမ် ဆိုပြီးနောက်မှာ အသည်းပုံလေး နဲ့ မှတ်ထားတဲ့ no ကိုဆက်လိုက်တော့~ပြန်ဖြေလာတဲ့ အသံလေး

~DON'T BLAME ME~Tahanan ng mga kuwento. Tumuklas ngayon