"သိရင်ပြန်လှည့်လေ"

"မလှည့်ဘူးဆိုရင်ကော"

"တစ်ပတ်လုံးညစာ ငတ်မယ်လေ၊ဘယ်လိုလဲ အဆင်ပြေလား"

"ဘေဘီကလည်း ကို်ယ်ကစတာကို၊စိတ်ကြီးပဲ"

ဆိုပြိီး ပြန်လှည့်လိုက်တယ်။တစ်ပတ်စာတော့ အငတ်မခံနိုင်ဘူးလေ၊

သူတို့လည်း dream ဆိုတဲ့ဆိုင်လေးကိုထွက်လာခဲ့ကြတယ်။

"Daddy!"

"​ပြောပါဗျာ ဘေဘီပေါက်စလေး"

"နက်ဖြန်ကျောင်းဖွင့်ပြီလေ၊အဲ့တာကျောင်းလိုက်ခဲ့အုံး"

"ဒီတစ်ခါကော ဘယ်သူလဲ"

"ရောက်ရင်သိလိမ့်မယ်။"

"ဟုတ်ပါပြီဗျာ"

အဲ့လိုနဲ့ သူတို့လည်း ဆိုင်ကိုရောက်တော့~
ကားရပ်ပြီး ကားပေါ်ကဆင်းကာ ဟယ်ရီ့ဘက်ကကားတံခါးကိုသွားဖွင့်ပေးတယ်။

"ကယ် ဆင်းပါဗျာ သခင်လေး"

"အဲ့လိုတွေအလိုက်သိလို့ ယောက်ျားကိုချစ်တာ"

ဆိုပြီး ကားပေါ်ကဆင်းကာ ဆိုင်ထဲဝင်သွားလေရဲ့

~ဟက်~

*ချွဲစိန်လေး*

~           ~           ~           ~            ~           ~

"အစ်ကိုတို့ ဘာမှာမလဲ"

"ဘေဘီ ဘာစားမလဲ"

"ပင်လယ်စာထမင်းကြော်တစ်ပွဲ၊ပြီးတော့ အရွက်သူပ်တစ်ပွဲ၊ပြီးရင်orange juiceတစ်ခွက်"

"ဘေဘီ ကိုယ့်အတွက်ကော"

"Daddyကလည်း ကို်ယ်စားချင်တာကိုယ့်ဟာကိုမှာပေါ့"

"ဟုတ်ကဲ့ပါဗျာ"

ဒရေဂိုလည်းမှာစရာရှိတာမှာပြီးဘေဘီ့ကိုကြည့်လိုက်တော့ မျက်နှာကဆူပုတ်နေတာပဲ~ဒီက​ေလးနယ် ဘာဖြစ်နေပြန်ပြီလဲမသိ

"ဘေဘီ ဘာဖြစ်နေတာလဲ"

"ဘာဖြစ်ရမှာလဲ ဟိုဘက်ဝိုင်းက အဒေါ်ကြီးတွေပေါ့ Daddy ကိုလိုက်ကြည့်နေကြတယ်လေ တကယ်ပါပဲ"

ဘေဘီ ပြောလို့လှည့်ကြည့်လိုက်တော့ အနောက်ဘက်ဝိုင်းက မိန်းကလေး၃ယောက် သူ့ကိုလှမ်းကြည့်နေတာတွေ့လိုက်တယ်။သူပြန်ကြည့်တာလဲမြင်ကော ယောက်ယပ်တွေခပ်ကုန်တာပဲ၊သူတို့တွေက ငယ်ငယ်ချောချော လေးတွေပါပဲ ဘာလို့ ဘေဘီ က အဒေါ်ကြီးတွေ လို့ပြောတာလဲမသိ~

~DON'T BLAME ME~Where stories live. Discover now