ယောက်ျားလေးတွေက ပြန်လည်စနောက်နိုင်ပေမဲ့၊ မိန်းကလေးတွေကတော့ မျက်နှာနီနေရပြီ။

တောင်အောက်ပြန်ဆင်းချိန်မှာ ဟယ်ရှင်းချွမ်ကိုရှာမတွေ့ဘူး။
မျက်စိမျက်နှာပျက်နေတဲ့ဆရာမကြောင့် ယန်ထန်ကပဲမေးခွန်းထုတ်လိုက်ရတယ်
"ဆရာမ၊ ဟယ်ရှင်းချွမ်ရော?"

ဆရာမက ဒီခရီးစဉ်ကို သိပ်တာဝန်ယူချင်တာမဟုတ်ဘူး။
မေးခွန်းကိုကြားချိန်မှာ အမြန်ပြန်ငြင်းတယ်
"သူ...သူ တောင်အောက်ပြန်မဆင်းလာပါဘူး၊ ငါ သူ့ကိုလုံးဝမတွေ့မိဘူးလေ"

ယန်ထန်ရဲ့ရှားရှားပါးပါးအပြုံးတွေဟာ ချက်ချင်းပျောက်ကွယ်သွားခဲ့တယ်။
အနောက်ကလူအုပ်ကြီးဆီပြန်လှည့်လာပြီး ဝမ်ဘင်းဘင်းကိုမေးတယ်
"မင်း လူရေကြည့်၊ တစ်ခြားမရောက်သေးတဲ့လူတွေရှိနေလား"

"အင်း...လီချန်နဲ့ ချင်ရှန်းရှန်းမရောက်သေးဘူး"

"သူတို့ဘယ်သွားလဲသိကျလား?"

ဝမ်ဘင်းဘင်းက ခဏတာတွေးတောလိုက်ပြီးမှ
"ရှုပမ်းက သူတို့နဲ့အုပ်စုတူတယ်!"

နာမည်အခေါ်ခံရတဲ့ရှုပမ်းက အမြန်ပြေးထွက်လာကာ
"ထန်ကော၊ ဘာဖြစ်လို့လဲ?"

ယန်ထန်ကစကားရှည်မနေတော့ဘဲ လိုရင်းကိုသာမေးလိုက်တယ်
"လီချန်နဲ့ ချင်ရှန်းရှန်းဘယ်သွားလဲသိလား?"

"တောင်တက်နေတုန်းလမ်းတစ်ဝက်မှာ သူတို့မတက်ချင်တော့လို့ထင်တယ်၊ ငါတို့ကိုအရင်သွားဖို့ပြောတယ်။ ငါထင်တာတော့ တောင်လမ်းတစ်ဝက်လောက်မှာရှိတဲ့ရေကန်နားမှာ ဆော့နေတာဖြစ်ရမယ်"

ယန်ထန်က မျက်မှောင်ကြုတ်သွားရတယ်။
မှာစရာရှိတာတွေမှာပြီးနောက်မှာ အမြန်ပဲတောင်ပေါ်ပြေးတက်သွားတယ်။
ရှုပမ်းနဲ့ဝမ်ဘင်းဘင်းဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိရင်း၊ ယန်ထန့်နောက်ကိုသာ အမြန်ပြေးလိုက်ကျတယ်။

သူတို့က ယန်ထန်လောက်မမြန်နိုင်ဘူး။
တောင်တက်လမ်းပေါ်ရောက်ချိန်မှာ ယန်ထန့်ကိုမျက်ခြေပြတ်သွားခဲ့ပြီ။

ယုကျင်းပန်းခြံမှာ ရေကန်နှစ်ကန်ရှိတယ်။
တစ်ခုကကြီးပြီး လူသိများတယ်၊ နောက်တစ်ခုကတော့ တောင်တက်လမ်းဘေးမှာရှိတာ။
ဒါပေမဲ့လည်း တောင်တက်ရပင်ပန်းဒဏ်ကြောင့် လာရောက်သူနည်းပါးလှတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now