Jimin သည်ပုခုံးလေးကိုသိုင်းဖက်ထားရာမှ
လိပ်ပြာလေးနှင့်မျက်နှာချင်းဆိုင်ကိုပြောင်း
ထိုင်လိုက်ကာ ပန်းချီဆွဲနေသူရင်ခွင်ထဲသို့
အတင်းတိုးဝင်သည်။

"နှစ်တွေဘယ်လောက်ကြာနေပြီလဲ...
ခွဲစရာလား Jungkook ရယ်
ကိုယ်ကို့ ယုံပါ...တလောကလုံး မိသားစုတခုလုံးနဲ့
မင်း ကိုယ်မင်းကိုပဲရွေးချယ်ခဲ့တာလေ....
ဒီလောက် အခက်အခဲပေါင်းစုံနဲ့ပိုင်ဆိုင်ထားရတဲ့
ကိုယ့်အဖိုးတန်လိပ်ပြာလေးကို တစ်နာရီတစ်မိနစ်
တောင်မခွဲနိုင်ပါဘူး...."

"Jimin ကိုယုံတယ် .....Jimin ကိုပဲယုံတာ...."

စုတ်တံလေးကိုပစ်ချကာ ထထွက်သွားပြန်သည်။
လက်စမသတ်သေးသော ပုံတူဟာလိပ်ပြာငယ်
ဒေါသတွေထွက်နေ၍ရွေးထားသောအရောင်တွေ
သည်မိုက်တိမိုက်ကန်း....။

"သူတို့ဘက်က အဲ့လိုအငွေ့အသက်ပါတဲ့
စကားတစ်ခွန်းပဲပြော ကိုယ်ချက်ချင်းပြန်လာမယ်
မင်းစိတ်တိုင်းကျဖြစ်စေရမယ် မင်းစိတ်ထဲ
တစ်ခုခု ထင့်တာနဲ့ သဘောမကျစရာရှိတာနဲ့
မနေတော့ဘူးကွာ....ဒယ်ဒီတို့ကတောင်းပန်ပြီးကို
ပြန်ခေါ်နေလို့ပါ....ကိုယ်တော့လိမ်နေတယ်မထင်ဘူး..."

"ဆရာဝန်ဖြစ်ပြီး ပြောလို့ဆိုလို့မကောင်းလိုက်တာ..."

လိပ်ပြာငယ်သည်ဆံပင်တွေကိုဆွဲဖွကာဝရံတာ
ဆီကိုသွားပြီး မျက်နှာသည်မှုန်တေလွန်းနေသည်။
ဆရာဝန်ကြီးကနောက်မှာလိုက်လာကာ
ကြိုးစားပမ်းစားဖြောင်းပြပြောဆိုနေသည်။

"ဘယ်သူနဲ့မှကို မပတ်သတ်ချင်တာ
ဒီဘဝလေးမှာပဲ ပျော်တယ် လန်ဒန်ကကျွန်တော်တို့
အိမ်ပဲ..."

"ငါ့အဖေ အမေလေကွာ!!!!ဘယ်လောက်ဆိုးခဲ့
အုန်း အချိန်တွေကြာတော့ ငါသတိရတယ်ကွ...."

"ကျွန်တော့်ကို မအော်နဲ့!!!!"

"ချော့နေတာ ရက်၁၀၀လောက်ရှိနေပြီ
ငါစိတ်မရှည်တော့ဘူး..."

"Jimin ကကျွန်တော့်ကိုစိတ်မရှည်ချင်လို့
ဘယ်သူ့ကိုများသွားစိတ်ရှည်ချင်နေတာလဲ.."

Butterfly...Jeon🦋 (Completed)Where stories live. Discover now