🍃22🍃

14.2K 1.7K 219
                                    

"ဖြောင်း...!!!!"

ဘဝတစ်လျှောက်လုံးတဖက်သားနာကျင်ရ
မည့်အလုပ်ဆို ခြင်တကောင်ကိုမျှမသတ်ခဲ့ဖူး။
လူ့အသက်ပေါင်းများစွာကိုကယ်တင်ပေးခဲ့တာ။
ဒီမိန်းမကတော့ သေအောင်ရိုက်ချပစ်ချင်စရာကောင်း
လွန်းပါသည်...။
စိတ်နဲ့လူနဲ့ပြန်ကပ်ပြီးတဲ့နောက်သူလန့်နိုးလာ
တော့ ညနေစောင်းနေပြီ...။
ဘယ်လိုလုပ်ခေါင်းမိုးထပ်အိမ်လေးက
အိပ်ယာထဲရောက်နေသလဲမတွေးတတ်ခဲ့....။
ဘေးဘီကြည့်မိတော့ ဘာမှမဝတ်ထားသော
ကျောပြင်တခုကကြိုဆိုနေခဲ့သည်။
လန့်လွန်းလို့ ခုတင်ပေါ်မှခုန်ဆင်းလိုက်ရသည်အထိ။
တကိုယ်လုံးတွင်လည်းနီရဲနေသောနူတ်ခမ်းနီရာတွေ
စောင်တထည်အားရင်ဘက်ပေါ်လွှမ်းရင်း
သူ့ကိုပြုံးလျှက်ကြည့်လာသော LeeHanna...။
ထိုအပြုံးသည် မျက်နှာတခုလုံးစုတ်ပြတ်သတ်
အောင်ရိုက်ပစ်ဖို့ကောင်းလွန်းသော
အပြုံးတခုဖြစ်ခဲ့ပါသည်။

"ရိုက်လေ ထပ်ရိုက်.....!!!!
သေအောင်ရိုက်ချင်လည်းရိုက်......"

နောက်တချက်ထပ်ရိုက်ချလိုက်သောအချိန်တွင်
သူမသည်ချက်ချင်းပြန်မထနိုင်တော့...။

"နင်ဘာလုပ်တာလဲ နင်ဘာလုပ်လိုက်တာလဲ....."

ဘေးနားတွင်ကျနေသောအကျီတထည်အား
ကောက်ယူဝတ်မယ်ကြံတော့လက်တွေရိုက်
ချလာသော ParkJimin သည်သရဲစီးနေသလို။

"ကောင်လေးပစ္စည်းတွေကိုမထိနဲ့
နင်ဘာမှမဝတ်ထားလည်း ငါဘာမှမဖြစ်ဘူး
ငါ့အတွက်ဘာမှမထူးဘူး...."

"ဟုတ်လား....ကောင်းတာပေါ့....
ဒါပေမယ့် ဘယ်လိုလုပ်မလဲ
ရှင့်ကောင်လေးကတော့ထူးသွားပြီ....."

"နင်အောက်တန်းကျလွန်းအားကြီးတယ်
LeeHanna...."

"အို....အို...ရှင်က ကျမယူမယ့်ယောကျ်ားလေ
ဒီလိုလာအိပ်တာ ဘာများဖြစ်လို့လဲ....
ကျမအောက်တန်းကျတဲ့အလုပ်ဘာမှမလုပ်ထား
ပါဘူး....သူများနဲ့စေ့စပ်ထားတဲ့ယောကျ်ား
ဆီလာလာအိပ်တဲ့ကောင်ကမှ အောက်တန်းစားလေ
ပြောင်းပြန်တွေပြောနေပြန်ပြီ..."

"စောက်ပါးစပ်ပိတ်ထားစမ်း...."

"ဆရာဝန်ကြီးရယ် ရိုင်းလိုက်တာ...."

Butterfly...Jeon🦋 (Completed)Where stories live. Discover now