🦋4🦋

14.5K 2K 123
                                    

ဒီနေ့စိတ်ထဲမကြည်မလင်

မနေ့က လိပ်ပြာတွေကိုလွှတ်ပေးလိုက်မိတာ
ကြောင့်ပြန်လိုချင်နေသည်

မီးခိုးရောင်ခန်းစီး လိုက်ကာအားအနည်းငယ်
ဟလျှက်ခြံထဲသို့ငေးကြည့်နေတာနာရီပိုင်း
လောက်တော့ကြာမြင့်နေကြောင်း
မနက်စာလာပို့သောJinHyungသည်
နေ့လည်စာလာပို့သည့်အချိန်သို့ပြောင်းလဲ
သွားကသက်သေဖြစ်နေသည်...။

အဖြူစွတ်စွတ်အကျီနှင့်ဘောင်းဘီအားဝတ်
ထားကာလက်ကလေးတွေသည်
ခန်းစီးစအား ဖွဖွလေးကိုင်ထားခဲ့ပြီး
လိပ်ပြာလေးတွေအား မျှော်နေခဲ့သည်....။
အသက်ရှူမှန်မှန်နှင့်နူတ်ခမ်းသားလေးတွေသည်
ကျန်းမာရေးအခြေအနေအရကောင်းတဲ့ဘက်သို့
ရောက်နေတာကြောင့်ဖြူဖတ်မနေဘဲ
ရဲနေသည်....။
မျက်တောင်လေးတွေတချက်ချင်းခတ်သည်
ဝိုင်းစက်နေသောမျက်လုံးလေးများသည်
ခြံထဲရှိအလုပ်သမားများ၏လှုပ်ရှားမှုများ
အားတခုမလွတ်အောင် လိုက်ကြည့်နေကာ
တခါတစ်လေတော့ ပြုံးယဲ့ယဲ့...
တခါတစ်လေတော့လည်း...ခံစားချက်မဲ့သွားတတ်သည်။

"နင်ဒူးထောက်နေ ငါလာလို့မပြောမချင်း
ထမလာနဲ့...လက်မြှောက်ထား..."

ခြံထဲရှိမြက်ခင်းပြင်ပေါ်တွင်အလယ်တန်း
ကျောင်းသားလေးသည်ကျောင်း၏
Top10 လူရည်ချွန်ထဲက ပြုတ်ကျခဲ့တာကြောင့်
အပြစ်ပေးခံနေရခြင်း....။
စာမှမကြိုးစားချင်တော့တာ...
စာတော်နေလို့ မချီးကျူးခဲ့ကြပေမယ့်
တစုံတခုများလွဲသွားခဲ့လျှင်
ထိုအမှားသည်သိသိသာသာပေါ်ထွက်လာသည်။

Top10ထဲပါလို့ တော်တယ်လို့ မေမေ့ပါးစပ်က
မထွက်ခဲ့ပေမယ့် ပြုတ်သွားတဲ့အခါတော့
အပြစ်ပေးတတ်သည်....။

ဘာကိစ္စနဲ့မှစာကြိုးစားနေစရာအကြောင်းပြချက်
မရှိပါ....ဦးနှောက်သည်ထိုအချိန်က
လေးလံလွန်းနေပါသည်။

"Jungkook...ဘာလုပ်နေတာလဲ..."

"မေမေ အပြစ်ပေးလို့....ဖေဖေ..
ဘာမှမဟုတ်ပါဘူး အေးဆေးပါ"

"ဘာကိစ္စကိုအပြစ်ပေးနေတာလဲ
ဒီမိန်းမကတော့...."

"ရတယ် ဖေဖေ ခဏနေရင် လာခေါ်မှာပါ
ရန်မဖြစ်ပါနဲ့...ဖေဖေပင်ပန်းလာပုံပဲ...
နားလိုက်ပါ..."

Butterfly...Jeon🦋 (Completed)Where stories live. Discover now