🦋8🦋

15.4K 1.9K 241
                                    

အသိစိတ်သည် ကိုယ့်အိပ်ယာ
ကိုယ့်နေရာမဟုတ်ဘူးဆိုတာသိလိုက်သော
အချိန်သည် မနက်ခြောက်နာရီခွဲ.....။

ကိုယ်ငွေ့နွေးနွေးထဲဝင်တိုးကာ
သူအိပ်လို့ကောင်းလွန်းနေတာတော့သိပါသည်...
သို့သော် ဘယ်သူ့ရင်ခွင်မှန်းတော့မသိ...။
အသိစိတ်ကပ်သွားသောအချိန်တွင်
ဖျက်ခနဲမျက်လုံးတွေဖွင့်လိုက်တော့
အသက်ရူမှန်နေသောရင်ခွင်တစုံ...။
ဘာတွေဖြစ်ကုန်လို့ ဖြစ်ကုန်မှန်းကိုချက်ချင်း
မစဉ်းစားနိုင်သေး ကုန်းရုန်းထကာ
ကြည့်မိလိုက်တော့ လိပ်ပြာအပြည့်နှင့်
အခန်းထဲကိုသူရောက်နေတာ....။

ကြောက်လန့်တကြားအိပ်ယာပေါ်က
ကောင်လေးကြည့်မိတော့
နူတ်ခမ်းအောက်ကမဲ့လေးတလုံးက
ဝိဥာဉ်လွှင့်မတတ်ကြိုဆိုနေကာ
ထအော်တော့မည့်စိတ်အားထိိန်းလိုက်ရသည်။

ကိုယ့်ကိုကိုယ်ငုံ့ကြည့်ပြန်တော့လည်းစိတ်ပျက်ဖို့အတိ
ကောင်းစွာကြယ်သီးတွေအားအမြန်တပ်လိုက်သည်။
အိပ်ယာပေါ်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေဆဲ
ကောင်လေးကိုလည်း မရဲတရဲကြည့်လိုက်ပြီး
ညကမူးမူးနှင့် ဘာတွေပြောလို့ ဘာတွေလုပ်မိလဲ
ဆိုတာ ခေါင်းအေးအေးထားပြန်စဉ်းစားရန်
လိုနေသည်။

Hannaနိူးလို့ သူဒီအခန်းထဲမှာ
တညလုံးအိပ်ခဲ့ပါတယ်ဆိုရှင်း၍ရမှာမဟုတ်။
ရန်ဖြစ်ကြအုန်းမည်....။
ခြေစလက်စဖျောက်ကာကုတင်ပေါ်မှထပြေး
ပြီးအခန်းတံခါးအားတိုးတိုးလေးဖွင့်ကာ
သူ့အတွက်ပေးထားခဲ့သောအခန်းဘက်သို့ကူးရင်း
ဝင်နေလိုက်သည်...။

မနက်ခြောက်နာရီနေမထွက်တထွက်အချိန်တွင်
လိပ်ပြာလေး၏အခန်းထဲမှဝရုန်းသုန်းကား
ပြေးထွက်လာသောဆရာဝန်လေးသည်
မျက်စိပျက်မျက်နှာပျက်။
ဒါကိုသေချာမြင်လိုက်ရသူကKimSeokJin....

သူချက်ချင်း Jungkook အခန်းထဲသို့
သွားကာကြည့်လိုက်တော့ နှစ်ခြိုက်စွာအိပ်ပျော်
နေဆဲကောင်လေးသည် ငြိမ်ငြိမ်သက်သက်ရယ်....။
မငြိမ်သက်တာက ကုတင်ဘေးတွင်ထောင်ထား
သောပန်းချီကားတချပ်....။
မျက်လုံးတွေပါပြာသွားကာအဝတ်စအဖြူအား
ယူလိုက်ပြီးဘယ်သူမှမတွေ့ခင်ဖုံးဖိလိုက်ရသည်။

Butterfly...Jeon🦋 (Completed)Where stories live. Discover now