🦋Ending🦋(Part1)

22.8K 2K 242
                                    

ငါးလကြာပီးတဲ့နောက်.......။

"ပဲ့ကြွေသွားမှာစိုးနေတုန်းပဲလား Seok...."

"အေးကွာ ငါလည်းတကယ်စိတ်မရှည်တော့ဘူး...."

"ထားလိုက်တော့ငါဆိုးလ်ကိုလာပြီး
ခေါ်လိုက်တော့မယ် ငါအစထဲကမစမ်းသပ်ခဲ့သင့်တာ
သူကအတင်းအကျပ်လုပ်တာပဲအဆင်ပြေတယ်
Romatic ဆန်လ်ု့မရဘူး...."

လိပ်ပြာငယ်၏မျက်ခုံးတန်းတို့သည်
တွန့်ချ်ုးသွားခဲ့သည်....။
ငါးလ.....အချိန်သည်ငါးလ
ရက်ပေါင်း ၁၅၀ကျော်.....။
လွမ်းရ မျှော်ရ တမ်းတလွန်းလို့လည်း
နှလုံးသားက အသံပေါင်းစုံပေးနေလှပြီ.......။
လန်ဒန်မြို့ကြီး၏ လှပသောခြံဝန်းလေးထဲရှိ
ဒန်းပေါ်တွင်ထိုင်ကာ လိပ်ပြာငယ်သည်
ဖုန်းကိုပစ်ချပြီးနောက်
အိမ်ထဲသို့ဆောင့်ဆောင့်အောင့်အောင့်
ဝင်သွားတော့သည်။

ဆိုးဝါးတဲ့အဖြစ်အပျက်တွေတပြိုင်နက်ဖြစ်တဲ့ညက
ဆေးရုံပေါ်သို့ တယောက်ကဓားနဲ့ထိုးခံရပြီး
တယောက်ကပြင်းထန်သောကားAccident
ကြောင့်ဆေးရုံပေါ်အတူတူရောက်ခဲ့ကြသည်....။
နှစ်ယောက်စလုံးသတိမလည်ခဲ့ကြကာ
အရေးပေါ်ခန်းထဲတွင် ချက်ချင်းဆိုသလိုရှုပ်ယှက်ခတ်
ခဲ့ကြသည်။

LeeHanna သည်ပွဲချင်းပီးသေဆုံးပြီး
တခဏအတွင်းပြောင်းလဲသွားသောအခြေအနေ
များသည်Cameraတဖျက်ဖျက်နှင့်သတင်း
တွေထဲပလူပျံစွာ ဖြေရှင်းဖို့ပင်မနိုင်ခဲ့တော့...။

Jungkook သည်ပုခုံးတဖက်ထိခိုက်သွားကာ
ရောဂါအခံတွေကြောင့်ရှော့ရပီးသတိလစ်နေခဲ့သည်။

မင်္ဂလာပွဲသည်ရုပ်ဆိုးစွာပျက်ဆီးခဲ့ပြီး...
LeeHanna ၏အလောင်းသည်လည်း
မြင်ရက်စရာမရှိခဲ့...။
သွေးစက်လက်ဖြင့်ဆေးရုံသို့ရောက်လာခဲ့သော
သားဖြစ်သူအားထပ်တွေ့လိုက်ရသော်အခါ
Jiminအဖေနှင့်အမေသည်....
ဟန်မဆောင်နိုင်ပေါက်ကွဲကြတော့သည်။

Jungkook ၏ဆေးကုရာအခန်းထဲကို
ဝင်လာကာပြင်းထန်သောစကားများကို
သတိရတိုင်းအားမနာတမ်းလာပြောဆိုခဲ့ကြသည်....။
အရာအားလုံး၏တရားခံသည်Jungkook
ဖြစ်နေတာကြောင့် တစိမ့်စိမ့်ပြန်တွေးမိကြတိုင်း
ထပ်ခါထပ်ခါလာပြောခဲ့ကြသည်..။

Butterfly...Jeon🦋 (Completed)Where stories live. Discover now