🦋6🦋

14.7K 1.9K 279
                                    

"မေမေက ဘယ်တော့မှကတိမတည်ဘူး
ဖေဖေ...ကျတော့်ကိုမြင်တိုင်းအပြစ်သား
လိုကြည့်တယ်...စကားလုံးတွေကိုခံစား
တတ်တဲ့အရွယ်ထဲက အသုံးမကျဘူးဆိုတဲ့
စကားကိုပဲအထပ်ထပ်ပြောတယ်
မေမေ စကားလုံးတွေက ကျတော့်ဘဝကို
သတ်ပစ်ခဲ့တဲ့ အဆိပ်တွေပဲ
ကျတော် ဘာအပြစ်မှလည်းမလုပ်ဘဲ
မေမေက အမြဲတမ်းမုန်းနေတယ်.....
ကျတော် ဘာလုပ်ရမလဲ ဖေဖေ..."

အုတ်ခုံပေါ်တွင်ထိုင်နေသောဖေဖေ့အား
သူအသဲအသန်ပေါက်ကွဲနေသည်...။
ဖေဖေသည် အရက်ကိုသာမော့သောက်နေပြီး
သူ့ကိုတချက်မှစိတ်မဝင်စားပါ...။
အထက်တန်းကျောင်းဝတ်စုံလေးတွင်
သွေးတွေစွန်းနေကာ သူသည်တကိုယ်လုံး
စုတ်ပြတ်သတ်နေလျက်....။

"ကျတော့်ကို ဂရုစိုက်ပါအုန်း ...."

ထိမလို့လက်လှမ်းရွယ်လိုက်ချိန်တွင်
ဖေဖေသည်အခိုးအငွေ့တွေအဖြစ်ပြောင်းလဲ
ကာဖမ်းဆုပ်၍မရတော့....။

"ဖေဖေ...ဖေဖေ...!!!"

သွေးရူးသွေးတန်းလိုက်ရှာသော်လည်း
အရိပ်အယောင်ပင်မတွေ့တော့....။

"ဘယ်ရောက်သွားတာလဲ....ဖေဖေ!!!"

အသံတွေတုန်သည်အထိအော်ခေါ်မိကာ
ပတ်ဝန်းကျင်သည်ချက်ချင်းအေးစက်လာတာ
ကြောင့်ငုတ်တုပ်ထိုင်ချကာငိုရှိုက်မိတော့သည်။
ကြောက်တယ်....အရမ်းကြောက်တယ်....။

"ကောင်လေး....."

အဝေးမှအသံတသံ...စူးစူးရှရှဖြင့်နားထဲ
ချိုအီစွာဝင်လာခဲ့တာကြောင့်အရပ်လေးမျက်နှာ
သို့လှည့်ပတ်ကြည့်မိသည်။
ပတ်ဝန်းကျင်သည်နွေးထွေးလာကာ
ကျောင်းဝတ်စုံမှသွေးစက်တို့သည်ထူးဆန်းစွာ
တစတစပျောက်လာခဲ့သည်....။
ဟောင်းနေပြီဖြစ်သော ဖိနပ်အစုတ်လေးအောက်
ကလမ်းသည်
စိမ်းလန်းသောမြက်ခင်းကြီးတခုဖြစ်သွားကာ
မှောင်မိုက်သော အခြေအနေမှ ကောင်းကင်
ပြာကြီးအောက်သူရောက်သွားခဲ့သည်....။

"ကောင်လေး...ကိုယ်ပါ...."

နောက်ထပ်အော်သံလေးတခု ဘယ်သူဆိုတာ
သိချင်၍သူထလိုက်သောအချိန်တွင်
ပတ်ဝန်းကျင်တခုလုံးပန်းခင်းကြီးဖြစ်နေခဲ့ပြီ'..
အဖြူရောင်စွယ်တာလေးနှင့်ဖိနပ်လှလှလေး
စီးထားသောသူသည် အသံရှိရာသို့ပြေးအသွား
ရင်ခွင်ထဲသို့ ဝင်တိုက်လာသော
အပြာရောင်လိပ်ပြာတစု..။

Butterfly...Jeon🦋 (Completed)Where stories live. Discover now