သေမင်းတမန် (၁၀)

ابدأ من البداية
                                    

“အိတ်ပေး” လျန်ဂျင်း ကရုတ်တရက် အမိန့်ပေးသည့် လေသံဖြင့် သူမအား စိုက်ကြည့်လိုက်ပြီး သူမအတွေးယဉ်အား နှောင့်ယှက်လိုက်သည်။

ဝမ်ရှင်း ကသူမအသိကို ပြန်ရောက်သွားပြီး ခြေနှစ်လှမ်း လှမ်းလိုက်ကာ ပလတ်စတစ်အိတ်အား သူ့ဆီ အလျင်အမြန် ကမ်းပေးလိုက်သည်။

သို့သော် သူမက လက်အိတ် ဝတ်ထားတာတောင် သူမလက်က အနက်ရောင်အိတ်ကို ထိလိုက်ချိန်တွင် ချောမွေ့မှုနဲ့ တချို့တောင့်တင်းသည့် ခံစားချက်က သူမတစ်ကိုယ်လုံးအား ထုံကျင်သွားစေသည်။

ဒါက လူသေပဲ! ကိုယ်လက်တွေကို ဖြတ်တောက်ထားတဲ့ လူသေအလောင်းပဲ!

သူမအသက်ရှူသံက ပိုပြီးတော့ မငြိမ်မသက် ဖြစ်လာခဲ့သည်။

ဘယ်လိုတောင် ရက်စက်လိုက်တဲ့ လူသတ်နည်းလဲ? နောက်ပြီး ခုတ်ပိုင်းထားသေးတယ်?

လျန်ဂျင်း ကသူမတွေးနေတာကို ခန့်မှန်းဖို့ အချိန်မရှိသလို မတွေးလည်း မတွေးပေ။ သူက ချွေးအေးတွေနဲ့ ရွှဲနေပြီး သူ့လက်ချောင်းတွေက တောင့်တင်းနေရင်း တူညီစွာသာ ဆက်လုပ်နေခဲ့သည်။

နောက်ဆုံးတော့

သူ့မျက်လုံးတွေက ကြောက်လန့်မှုတွေ ပယ်ပျက်သွားပြီး ပိုပြီးပီတိဖြစ်နေခဲ့သည်။

နောက်ဆုံးတော့ လူစားထိုး!

နောက်ဆုံးတော့ သူသေဖို့ မလိုတော့ဘူး!!!

-

“ကျွန်တော်တို့ နှစ်ယောက်တွေ့တဲ့ ပထမဆုံး အကြိမ်ကို မှတ်မိလား?” ရှောင်ချန်း ကထိုလူရဲ့ လက်မောင်းထဲတွင် လှဲလျောင်းနေပြီး ရုတ်တရက် ခေါင်းစောင်းလိုက်ကာ သူ့အကြည့်က ထိုလူပေါ် ရောက်နေခဲ့သည်။

“အင်း?” ထိုလူရဲ့အသံက နူးညံ့နေသည်။

“ကျွန်တော် ခင်ဗျားကို မြင်ခဲ့တယ်” ရှောင်ချန်း ရဲ့နှုတ်ခမ်းက ကွေးသွားခဲ့သည်။ “ခင်ဗျားက လမ်းဘေးမှာ ရပ်နေခဲ့တာ၊ ကျွန်တော် ခင်ဗျားကို အရင်မြင်ခဲ့တာ!”

ဆူညံနေသည့် ပတ်ဝန်းကျင်၊ အော်ဟစ်နေသည့် လူအုပ်နဲ့ ရုတ်တရက် ကားမတော်ဆမှုကြောင့် ကားတွေက အများအပြား ရပ်နေခဲ့သည်။ သို့သော် ဒီလူကတော့ နှစ်ပေါင်း တစ်သောင်းလောက် တစ်ယောက်တည်း လျှောက်သွားနေသည့် ခရီးသွားလိုမျိုး ခံစားချက်မဲ့သည့် အမူအရာမျိုးဖြင့် ကမ္ဘာကြီးကို ကြည့်နေခဲ့သည်။ သူ့ပတ်လည်မှ ကမ္ဘာကြီးက ပွတ်လောရိုက်နေရင်တောင် သူ့အမူအရာကို မပြောင်းလဲနိုင်ခဲ့ပေ။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙حيث تعيش القصص. اكتشف الآن