သေမင်းတမန် (၅)

Start from the beginning
                                    

ယွမ်ဇောင် ကလည်း ဖုန်းကိုယူလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဒါပေမဲ့ နောက်ပိုင်းမှာ အဲ့ကောင်လေး ဘာတွေဖြစ်ခဲ့လဲဆိုတာ မပြောထားဘူးလေ! သူလည်း သေသွားပြီဆိုရင်ကော?”

ရုတ်တရက် လေထုက တင်းမာသွားခဲ့သည်။

ရှောင်ချန်း က ယွမ်ဇောင် ရဲ့အနောက်တွင် ရပ်နေခဲ့သည်။ ယွမ်ဇောင် ကသူလည်း ဖုန်းကို ကြည့်ချင်နေတာလို့ ထင်လိုက်တာကြောင့် သူ့ကို ကမ်းပေးလိုက်သည်။

ရှောင်ချန်း ကမထူးခြားသည့် အမူအရာဖြင့် သတင်းတွေကို ကြည့်နေခဲ့သည်။ နောက်ဆုံးပုံကို သူမြင်လိုက်ချိန်တွင် မထိန်းချုပ်နိုင်ပဲ မျက်စိမှေးကာ ကြည့်လိုက်သည်။ သူ့လက်တွေက သတိလက်လွတ်ပင် သူ့ပုခုံးမှရှရာဆီ ရောက်သွားခဲ့သည်။

လွန်ခဲ့သည့် ၇ နှစ်တုန်းက...

သူက အသက် ၁၂ နှစ်ပင်။

ဒီအမျိုးသမီးကို သူအမြဲတမ်း အမှတ်ရခဲ့သည်။ သူမက သူ့ရှေ့တွင်ပဲ သေဆုံးသွားခဲ့သည်။ အမျိုးသမီးက ကားတိုက်ခံရမှုတွင် သူက မျက်မြင်သက်သေပင်! နောက်ပြီး သူကတော့ လမ်းဘေးတွင် ရပ်နေခဲ့ပြီး အရာအားလုံးကို အမူအရာမဲ့စွာ ကြည့်နေခဲ့သည်။ သူ့နှလုံးသားထဲတွင် ဘာခံစာချက်မှ ရှိမနေပေ။

အဲ့အမျိုးသမီးက လူကုန်ကူးသူသာ ဖြစ်သည်။

နောက်ပိုင်းတွင် ထိုလူနဲ့ သူဆုံခဲ့သည်။

ဒီကမ္ဘာတွင် ဒီလိုထူးဆန်းမှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ပေ။ နောက်ပြီး ပြန်မွေးဖွားတာလည်း မရှိပေ။ သေမင်းကသာ အန္တရာယ်ကနေ ကာကွယ်ချင်တဲ့ လူရှိနေချိန်မှသာ အိမ်မက်ဆိုးလုပ်ပြီး အသက်ရှင်သူရဲ့ ဦးနှောက်ထဲကို ပို့ပေးနိုင်သည်။ တန်ဖိုးထားသည့် သူကိုခေါ်ပြီးနောက် သူတို့ကို သေမင်းက ခေါ်လိမ့်မည်။

ဒါက လွန်ခဲ့သည့် ၇ နှစ်ကဖြစ်ပြီး လက်ရှိတွင်လည်း အခုလို ဖြစ်နေခဲ့သည်။

“ငါတို့က တကယ်ပဲ အစားသေပေးမဲ့သူကိုပဲ ရှာနိုင်တော့မှာလား?” ဝမ်ရှင်း ကပြိုလဲနေသည်။ “တခြားတစ်ယောက်ကို ငါဘယ်လိုလုပ်ပြီး သတ်ရဲမှာလဲ?”

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now