သေမင်းတမန် (၄)

Comenzar desde el principio
                                    

ရန်မိုင်လီ ကအရုပ်လေးအား သူမလက်မောင်းထဲ ပွေ့ဖက်လိုက်သည်။ သူမ တစ်ခုခုကို တွေးလိုက်ပြီး သူမဆီမှ ရှိုက်သံက ထွက်လာခဲ့သည်။

“မေမေ...”

“မေမေ ဘာကြောင့် မီးမီးကို ထပ်မလိုချင်ရတော့တာလဲ...?”

ရန်မိုင်လီ ကအတော်လေးကို ထိတ်လန့်သွားခဲ့သည်။ သူမက အဖြူရောင် ဆေးပုလင်းကို အလျင်အမြန် ဆွဲယူလိုက်ပြီး အဖုံးဖွင့်လိုက်သည်။ မထိန်းနိုင်ပဲ ဆေးနှစ်လုံးကို မြိုချလိုက်သည်။ သူမမျက်လုံးအောက်တွင် အနက်ရောင် အဝိုင်းက ရှိနေပြီး သူမက စတင်တုန်ရီလာခဲ့သည်။

“မေမေ...” ရန်မိုင်လီ ကဆေးသောက်ပြီးတာတောင် အဝေးမှအသံက မပျောက်သွားပေ။ အသံက ပိုတောင်ကျယ်လာခဲ့သည်။

ပြတင်းပေါက် အပြင်မှ မိုးကြိုးနဲ့ လျှပ်စီးတွေက တောက်ပနေသည်။ လေက ကြမ်းတမ်းစွာ တိုက်ခတ်နေပြီး မိုးက ပြတင်းပေါက်ကို လာရိုက်ခတ်နေတာကြောင့် အသံက ထွက်ပေါ်နေသည်။

ရန်မိုင်လီ ကအိပ်ရာမှ ရုတ်ချင်း ထ,ရပ်လိုက်ပြီးနောက် အခန်းအပြင်ကို ပြေးထွက်သွားခဲ့သည်။ သူမက တံခါးဘေးမှ ထီးကို ဆွဲယူလိုက်သည်။ ဖိနပ်ပါးလေးကို စီးလိုက်ပြီး ထိတ်လန့်ပြီး ကြောက်ရွံ့နေသလို ပြေးထွက်သွားခဲ့သည်။

သူမက အဆောက်အဦးဟောင်းတွင် နားလိုက်သည်။ အဆောက်အဦးက ဓာတ်လှေကား မရှိပဲ သူမကတော့ ၁၃ လွှာတွင် နေထိုင်သည်။

သူမစိတ်ထဲတွင် ဘာတွေဖြစ်နေမှန်း ဘယ်သူမှ မပြောနိုင်ပေ။ သူမက ချက်ချင်းပင် လှေကားမှ ပြေးဆင်းသွားပြီး သူမလက်ထဲတွင် ထီးကိုကိုင်ထားခဲ့သည်။ သူမပုံစံက အနောက်မှ တစ်စုံတစ်ယောက် အလိုက်ခံနေရတာနဲ့ တူနေသည်။

“ဘမ်း” သူမဖိနပ်ပါးကြောင့် သူမညာခြေထောက်က ရုတ်တရက် လိမ်သွားခဲ့ပြီး သူမတစ်ကိုယ်လုံးက ရှေ့ကိုကျသွားခဲ့သည်။ ထို့နောက် သူမလက်ထဲမှ ကိုင်ထားသည့် ထီးကလည်း ကျသွားခဲ့သည်။

အစက လှေကားကို ထိသွားခဲ့ပြီး ပြန်ကန်ထွက်လာခဲ့သည်။ နောက်တော့ လေထဲတွင် စက်ဝိုင်းပုံစံ လည်သွားခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Donde viven las historias. Descúbrelo ahora