အခန်း(37.2)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်

Magsimula sa umpisa
                                    

နတ်ဆိုးဘုရင်ကြီးက ပြည်မကြီးမှာရှိတဲ့ကုန်းနေ၊ရေနေသက်ရှိအပေါင်းရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်တယ်။နတ်ဆိုးဘုရင်ကြီးပေါ်ကျုးလွန်ခဲ့တဲ့ နွေဉီးသန့်စင်ဂိုဏ်းခေါင်ဆောင် ချင်ခုန်ကျစ် ရဲ့ယုတ်မာတဲ့လုပ်ရပ်တွေကလဲ ဖုံးဖိမရအောင် အပုပ်အပွတွေလိုပေါ်ထွက်လာခဲ့တယ်။တစ်ချိန်က နွေဉီးသန့်စင်ဂိုဏ်းရဲ့ကျော်ကြားမှုတွေကလဲ အခုချိန် မှာမှေးမှိန်ပျောက်ကွယ်သွားခဲဲ့ပြီ။နတ်ဆိုးဘုရင်ကြီးကိုထောက်ခံသူတွေက ချင်ခုန်ကျစ် ကိုအဆိပ်ခတ်ခဲ့ကြတယ်။ကျင့်ကြံရေးဖျက်စီးခံခဲ့ရတဲ့အပြင် အဆိပ်ဒဏ်ကြောင့် ဒဏ်ရာဗလပွနဲ့ နာကျင်စွာသေဆုံးခဲ့ရတဲ့ ချင်ခုန်ကျစ် ရဲ့ အလောင်းကို လူသားလောကထဲက စွန့်ပစ်ထားတဲ့ဘုရားကျောင်းပျက်တစ်ခုထဲမှာ ပုပ်ပွနေတော့မှသာရှာတွေ့ခဲ့ကြတယ်။

လုဟန် ဒီအရာတွေကို သိပ်စိတ်မဝင်စားတာကြောင့် သာမာန်ကာလျှံကာလောက်ပဲကြည့်နေလိုက်တယ်။သူ စစ်ခုန်း ရဲ့ပုံရိပ်ကို မတွေ့လိုက်ရမှာကိုပဲစိတ်ပူနေခဲ့တာ။

ပိုင်လီ ရဲ့ပုံရိပ်အလှည့်ကိုရောက်လာပြီ.......

ကပ်ဘေးတစ်ခုကိုဖန်တီးခဲ့တဲ့ ပိုင်လီ ကတော့ သူမ အမွေရထားတဲ့ လျို့ဝှက်နယ်မြေတစ်ခုမှာသွားပုန်းနေခဲ့တယ်။လျို့ဝှက်နယ်မြေထဲရောက်တဲ့အခါ သူမရဲ့စိတ်တွေတည်ငြိမ်နေပြီ။သူမရဲ့ မတည်ငြိမ်တဲ့စိတ်အစဉ်က မီးတောက်နဂါးရဲ့ခါးသီးတဲ့ဒေါသကိုဆီလောင်းပေးလိုက်သလိုဖြစ်သွားတာကြောင့် ဒီလို ပြသာနာတွေဖြစ်လာရတာဖြစ်တယ်။

ဒီအကျိုးဆက်က သူမကို ကောင်းကင်ကိုတက်လှမ်းဖို့ခွင့်မပြုခဲ့ဘူး။အပြစ်မဲ့စွာသေဆုံးခဲ့ရတဲ့ ဖန်ရင်းဘုရားကျောင်းက တပည့်ထောင်ပေါင်းများစွာအပေါ်မှာသူမ အသက်ကြွေးတင်နေခဲ့တယ်။လျို့ဝှက်နယ်မြေထဲမှာသူမပုန်းနေရုံနဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ဖမ်းဝရမ်းကနေလွတ်နိုင်ရင် လွတ်နိုင်မယ် ဒါပေမယ့် အတိဒုက္ခအတွက်ကျဆင်းလာတဲ့အပြစ်ပေးမိုးကြိုးလက်ကနေမလွတ်နိုင်ခဲ့ဘူး။အပြစ်ပေးမိုးကြိုးတွေ သူမကို ထပ်ခါထပ်ခါပစ်ခတ်နေခဲ့တယ်။သူမ သေတော့မလို ဖြစ်တိုင်း လျို့ဝှက်နယ်မြေက သူမကို အကောင်းပကတိဖြစ်အောင် ကူညီပေးပြန်တယ်။အကြိမ်ပေါင်းများစွာနေ့ရော၊ ညပါအချိန်တိုင်း ညှင်းပန်းနှိပ်စက်ခံနေခဲ့ရတယ်။

မိုးကြိုးတွေကျဆင်းလာတဲ့အခါတိုင်း သူမကိုယ်သူမ အဆုံးသတ်ပစ်လိုက်ချင်တယ်။ဒါပေမယ့် ဒဏ်ရာတွေပြန်သက်သာလာတိုင်း သူမ မျှော်လင့်ချက်ရောင်ချည်တွေ သမ်းလာပြန်ပါရော။ဒီနေ့ မိုးကြိုးတွေကင်းစင်သွားချိန်မှာ သူမရဲ့ဒဏ်ရာတွေကို သက်သာအောင်ကုသနေခဲ့တယ်။ ရုတ်တရက်ကောင်းကင်ပေါ်ကနေ အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာတာကြောင့် သူမမော့ကြည့်လိုက်တယ်။ယောက်ကျားတစ်ယောက် လေထဲမှာ မတ်တပ်ရပ်နေတယ်။

ပိုင်လီ အစပိုင်းတော့ အတော်အံ့သြသွားခဲ့တယ်။ထိုယောက်ကျားရဲ့ မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့အခါ သူမ အတော်ဝမ်းသာသွားခဲ့တယ်။

ထိုသူက စစ်ခုန်း.......

သူမ ချစ်မြတ်နိုးရသူကို တွေ့ရတဲ့အခါ ပျော်ရွှင်မှုမှာသူမနစ်မြောနေခဲ့တယ်။စစ်ခုန်း နဲ့ပတ်သတ်ပြီးတစ်ခုခုမှားနေတယ်ဆိုတာ သူမ သတိမထားလိုက်မိဘူး။အမြဲတမ်းလေပြေညှင်းလိုသာယာညှင်သာလှပနေတဲ့ စစ်ခုန်း က အခုဆို မျက်ဝန်းတွေနီရဲနေပြီး၊ မျက်ခုံးနှစ်ခုပေါ်မှာ အနက်ရောင်အခိုးငွေ့တစ်ချို့ကပ်ငြိနေတယ်။ အဖြူရောင်ဝတ်ရုံအစား ရဲရဲနီနေတဲ့ ကြက်သွေးရောင်ဝတ်ရုံကိုဝတ်ဆင်ထားတယ်။တစ်ကိုယ်လုံးကို ခြုံငုံကြည့်လိုက်ရင် စိတ်ရိုင်းဝင်နေတဲ့ နတ်ဆိုးတစ်ကောင်လိုဖြစ်နေတယ်။ဒါက မကောင်းဆိုးဝါး ဖြစ်တော့မယ့်အဆင့်ကိုရောက်နေတာဖြစ်တယ်။

"နောက်ဆုံးတော့ ရှာတွေ့ပြီ"

စစ်ခုန်း ရဲ့လက်ထဲမှာ ဖန်ရင်းဘုရားကျောင်းရဲ့မှော်ရတနာ "ကိလေသာစက်ဝိုင်းပြား"ကိုကိုင်ထားတာမြင်တဲ့အခါ ပိုင်လီ ပျော်မြူးသွားတယ်။

"ဆရာတော် စစ်ခုန်း၊ ကျွန်မတို့နှစ်ယောက်
ဘဝတစ်လျှောက်လုံးအတူနေလို့ရအောင် ဒီကိလေသာဖိအားတွေကို ကူပြီး ဖယ်ပေးပါဉီး"

"သူ့ကိုရှာဖို့သာမဟုတ်ရင်....မင်းခန္ဓာကိုယ်ပေါ်မှာ သူ့အငွေ့အသက်တွေသာမရှိရင်....."

စစ်ခုန်း ကအသံတိုးတိုးနဲ့ရေရွတ်နေခဲ့တယ်။

ပိုင်လီ ကတော့ စစ်ခုန်း ရဲ့ရေရွတ်သံတွေကိုမကြားရရှာဘူး။စစ်ခုန်း ရဲ့လက်တွေကို ပူးကပ်လိုက်တဲ့အခါ စက်ဝိုင်းပြား က သန့်စင်တဲ့ဝိဉာဉ်စွမ်းအားအမြောက်အမြားကို သဏ္ဍာန့်မဲ့တဲ့ဖွဲ့စည်းပုံတစ်ခုဖြစ်အောင်ပုံဖော်လိုက်တာကိုသူမ သိလိုက်ရတယ်။
စစ်ခုန်း ကထိုစွမ်းအားတွေကို သူမ ရဲ့ခန္ဓာကိုယ်ထဲကိုထိုးသွင်းလိုက်တယ်။

သူမခံစားနေရတဲ့ ကိလေသာဖိအားတွေတဖြည်းဖြည်းပျောက်ကွယ်သွားတဲ့အခါ သူမရဲ့စွမ်းအားတွေက တရိပ်ရိပ်မြင့်တက်လာခဲ့တယ်။စစ်ခုန်း ကိုကျေးဇူးတင်စကားပြောအံ့ဆဲဆဲမှာ သူမရဲ့ဒန်တျန်ဆီကနေ ပြင်းထန်စူးရှတဲ့နာကျင်မှုတစ်ရပ်ကိုခံစားလိုက်ရတယ်။သူမငုံ့ကြည့်လိုက်တဲ့အခါ ပြီးပြည့်စုံတဲ့လက်တစ်စုံက သူမရဲ့ ဒန်တျန်ကို ပေါက်တစ်ခုဖြစ်အောင်ဆွဲဆုတ်လိုက်ခြင်းဖြစ်တယ်။အဲ့နောက် သူမ အမှောင်ထုထဲကိုကျရောက်သွားသလိုမေ့မြောသွားခဲ့တယ်။

"ပြည်မကြီးရဲ့မူလအရင်းမြစ်"ရှေ့ကို ရောက်လာခဲ့တယ်။သူ့ရဲ့လက်ထဲမှာ နတ်ဆိုးစွမ်းအင်တွေနဲ့ ဖန်တီးထားတဲ့လှောင်အိမ်တစ်လုံးကို ကိုင်ထားတယ်။ထိုလှောင်အိမ်ထဲမှာ ပိုင်လီ ရဲ့ဝိဉာဉ်ကိုချိတ်ပိတ်ထားတယ်။

စစ်ခုန်း တစ်ယောက်တည်းစကားတွေပြောနေခဲ့တယ်။

"အားလုံးမင်းကြောင့် ဖြစ်ရတာ၊သူ့ဝိဉာဉ်ကိုသုံးပြီး မူလသစ်ပင်ကို ဘယ်လိုတွေကုစားပေးခဲ့ရတာလဲ?ဒီကိလေသာအကြွေးကမင်းကြောင့်ဖြစ်ရတာ၊မင်းအခုသူကို ထုတ်ပေးရမယ်။ဒါမှသာ သူပြန်မွေးဖွားဖို့ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲကိုဝင်နိုင်မှာ....."

အဲ့နောက်စစ်ခုန်း က ပိုင်လီ ရဲ့ဝိဉာဉ်ကို မူလသစ်ပင်နဲ့ပေါင်းစပ်လိုက်တယ်။မျှော်လင့်ချက် အပြည့်နဲ့မူလသစ်ပင်ကိုငေးကြည့်နေခဲ့တယ်။

နေ့ရက်တွေကုန်ဆုံးလာပေမယ့် ဘာမှထူးခြားမလာခဲ့ဘူး.....

စစ်ခုန်း နှလုံးသားတစ်ခုလုံးဆုံးရှုံးသွားခဲ့သလိုခံစားရတယ်။နောက်ဆုံး အကျယ်ကြီးအော်ရယ်လိုက်ပြီး မြေပေါ်ထိုင်ချလိုက်တယ်။

"ငါသဘောပေါက်သင့်တယ်။မင်းကိုနှစ်ပေါင်းရာချီရှာဖွေနေခဲ့တာ။ နတ်ဆိုးဘုရင်ကိုငါမြင်လိုက်ရတဲ့အချိန်မှာကတည်းကငါနားလည်လိုက်သင့်တယ်။မင်းကဒီလောကထဲကလူတစ်ယောက်မဟုတ်ဘူး......."

"နားလည်ရမယ်၊မင်း က ငါ့ကို ဘာတွေနားလည်စေချင်နေတာလဲ?စွန့်လွှတ်ရမယ်၊ဟုတ်လား!!ငါ့နှလုံးနဲ့ချည်နှောင်ထားတဲ့သူက ဘယ်သူမှန်းတောင် ငါမသိခဲ့ရဘူး။ငါ့ကိုယ်တိုင်တောင် ဘယ်လိုရုန်းထွက်ရမလဲမသိသေးဘူး......."

စစ်ခုန်း က စိတ်အစွဲကြောင့် မကောင်းဆိုးဝါးဆန်နေခဲ့ပေမယ့် ဗုဒ္ဓ တစ်ပါးလို မသေနိုင်တဲ့ သက်တမ်းရှည်ကြီးနဲ့ဘဝကိုကုန်ဆုံးရတော့မယ်။အဲ့ဒီ့နေ့ကစပြီး မြွေကြီးတစ်ကောင်ရစ်ပတ်ထားတဲ့ မူလသစ်ပင်ရဲ့အရှေ့မှာ စစ်ခုန်း သူ့ကိုယ်သူအကျဉ်းချထားခဲ့တယ်။နေ့ရက်တွေတစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးလာခဲ့ပေမယ့် စစ်ခုန်း ကတော့ထိုနေရာကနေ ခြေတစ်လှမ်းတောင်မရွေ့ခဲ့ပါဘူး...........

How to die as heavy as mount TaiTahanan ng mga kuwento. Tumuklas ngayon