အခန်း (12) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး

3.5K 670 1
                                    

Atlantic ဂြိုလ်က လူသားတွေရဲ့ ကမ္ဘာဂြိုလ်နဲ့အတော်လေးဆင်တူပါတယ်။ မိခင်ဂြိုလ်ပေါ်ကထွက်ပြေးလွတ်မြောက်လာတဲ့လူသားမျိုးနွယ်အတွက် Atlantic ဂြိုလ်က နွေးထွေးလုံခြုံတဲ့ပတ်ဝန်းကျင်အသိုက်အဝန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ Atlantic ဂြိုလ်ပေါ်မှာ ကမ္ဘာဂြိုလ်ပေါ်က ဗိသုကာလက်ရာ ပုံစံအဆောက်အဉီးမျိုးတွေကျန်ရှိနေပါသေးတယ်။ ထိုအဆောက်အဉီးတွေကို
ဖက်ဒရယ်ဉပဒေအရ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

ထို့ကြောင့် လုဟန် ရဲ့ လျှို့ဝှက်အခြေစိုက်စခန်းငယ်လေးကလဲ ပင်လယ်ကမ်းစပ်နံဘေးမှာယခင်တုန်းကကဲ့သို့ပင် မပျက်မယွင်းတည်ရှိနေဆဲပါပဲ။ကျောက်ဆောင်တွေကိုရိုက်ခတ်နေတဲ့ပင််လယ်လှိုင်းပုတ်သံတွေကိုနားဆင်ရင်း ကွေ့ကောက်တဲ့လှေကားလေးပေါ် လုဟန် တိတ်တဆိတ်တက်လှမ်းခဲ့တယ်။ခေါင်မိုးထိပ်ပေါ်က သံချေးတက်နေတဲ့ သံတံခါးကိုတွန်းဖွင့်လိုက်တဲ့အခါ ဆူညံသံတစ်ချို့ထွက်ပေါ်လာခဲ့တယ်။ဤသို့တိုင်အောင် လုဟန် ရဲ့အရှေ့မှာရှိနေတဲ့သူကတော့ တစ်ချက်လေးမှ လှုပ်ရှားမသွားခဲ့ပေ။

လုဟန် ခြေလှမ်းတစ်ချို့ဆက်လှမ်းလိုက်ပြီး ရှို့ရီထယ့် ရဲ့နံဘေးမှာ ဝင်ထိုင်လိုက်တယ်။

ရှို့ရီထယ့် ကသူ့ရဲ့ ဂျာကင်ကို ဘေးမှာ ပစ်ထားတယ်။ အနက်ရောင်လေ့ကျင့်ရေးဝတ်စုံလက်တို ကိုသာဝတ်ဆင်ထားတာကြောင့် သန်မာကျစ်လစ်တဲ့ကြွက်သားတစ်ချို့ကို မြင်တွေ့နေရတယ်။ ရှို့ရီထယ့် ရဲ့ နဂို ပုံပန်းသဏ္ဍာန်က ကျားသစ်နက်တစ်ကောင်လို ဝံ့ကြွားခဲ့ပေမယ့် လက်ရှိမှာတော့ ပျင်းရိနေတဲ့ ကြောင်နက်ကြီးတစ်ကောင်နဲ့ ပိုတူနေတယ်။ပူနွေးစိုစွတ်တဲ့လေညှင်းတွေက ရှို့ရီထယ့် ရဲ့အနီရောင်ဆံပင်တွေကို ရှုပ်ပွစေပေမယ့် သူက ဒါတွေကို ဂရုစိုက်ဖို့ပျင်းရိနေသလိုပုံမျိုးနဲ့ အဝေးကိုသာ ငေးမျှော်ကြည့်နေပြန်တယ်။

ရှို့ရီထယ့် ရုတ်တရက် အေးစက်နေတဲ့ မျက်နှာတစ်ခုကိုတွေ့မြင်လိုက်ရတယ်။ သူ ခေါင်းကိုလှည့်ကြည့်လိုက်တဲ့အခါ သူရင်းရင်းနှီးနှီးမှတ်မိနေတဲ့ ပုလင်းတစ်ချို့ကို လုဟန် ရဲ့ လက်ထဲမှာတွေ့လိုက်ရတယ်။ ထိုအရာတွေကသူတို့နှစ်ယောက်ငယ်စဉ်အခါက အမြဲသောက်လေ့ရှိတဲ့ ဝိုင်ပုလင်းတွေပဲဖြစ်တယ်။ရှို့ရီထယ့် ဝိုင်ပုလင်းတွေကို ယူလိုက်တဲ့အခါနှစ်ယောက်သားနောက်တစ်ဖန်တိတ်ဆိတ်သွားပြန်တယ်။နှစ်ယောက်သား တိတ်ဆိတ်စွာနဲ့ ဝိုင်ပုလင်းတွေကုန်တဲ့အထိသောက်ခဲ့ကြတယ်။

How to die as heavy as mount TaiWhere stories live. Discover now