အခန်း(52.1)

1.6K 354 11
                                    

ဖန်ရုံရှီးရဲ့ ကုသရေးစွမ်းအင်တွေ မြန်ဆန်စွာ အဆင့်တက်လာခဲ့တယ်။ဒီလို အဆင့်တက်ဖို့ဆိုတာကလဲ အမြူတေတွေ အမြောက်အမြားလိုအပ်ပါသေးတယ်။တိုက်ပွဲမဝင်နိုင်တဲ့ ကုသရေးစွမ်းအားရှင်တွေအတွက် ကုသရေးအမြူတေရဖို့ဆိုတာ အခွင့်အရေးနည်းပါးလွန်းပါတယ်။ ကုသရေးအမြူတေဆိုတာ လူတစ်ယောက်ရဲ့ အသက်ထက်များ ပိုတန်ဖိုးကြီးနိုင်ပါ့မလား??

ဒီလိုအခြေနေမျိုးမှာ ချင်းယီက ယုရှန်ကို ဖန်ရုံရှီးကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ပေးအပ်ခဲ့တယ်။ဖန်ရုံရှီးလို စိတ်သဘောထားရိုးဖြောင့်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူအတွက် ကာကွယ်စောင့်ရှောက်မှု လိုအပ်တာ မဆန်းတော့ပါဘူး။

Accident တွေ ဒီလောက်ထိ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ပေ....

ထိုနေ့က....

ခြံဝင်းထဲမှာ လုဟန်က ဓားရေးလေ့ကျင့်နေပြီး ချင်းယီက တရားထိုင်နေခဲ့တယ်။

အဖွဲ့သားတစ်ယောက်က ခြံတံခါးကို တွန်းဖွင့်ပြီး...

"Bossရေ...စုန်မိသားစုခေါင်းဆောင်က အရေးကြီးကိစ္စရှိလို့ Bossနဲ့ တွေ့ချင်တယ်တဲ့....

ချင်းယီ မျက်လုံးဖွင့်လိုက်ပြီး...

"သူတို့ကို ပေးဝင်လိုက်..."

လုဟန်က ဓားကို သိမ်းလိုက်ပြီး ချင်းယီဘေးနားမှာ ထိုင်လိုက်တယ်။

ရောက်လာသူကတော့ စုန်မိသားစုခေါင်းဆောင် စုန်ယုရန် ဖြစ်တယ်။သူ့ရဲ့ ခေါင်းဆောင်ဂုဏ်ပုဒ်ကို ဘေးချိတ်ပြီး အပူသည်တစ်ယောက် သဖွယ် ခြံဝင်းထဲကို ဝင်လာပြီး ချင်းယီဆီကို တန်းတန်းမတ်မတ် ပြေးသွားလိုက်ပြီး....

"ခေါင်းဆောင်ချင်း!!!ဒီ နိမ့်ကျတဲ့ အသက်တစ်ချောင်းကို ကျေးဇူးပြုပြီး ကယ်တင်ပေးပါ...ဘာပဲဖြစ်ဖြစ် စုန်မိသားစုက အကုန်ဖြည့်ဆည်းပေးပါ့မယ်"

ကြည့်ရတာ....စုန်ကွမ်ယု က သူ့ကိုယ်သူ စွမ်းလှပြီထင်ပြီး ဖုတ်ကောင်တွေကို အမဲလိုက်ခဲ့တယ်နဲ့တူတယ်။အဆင့်ကိုးဖုတ်ကောင်ကို မဆင်မခြင်သွားရန်စမိတဲ့အတွက် အကိုက်ခံခဲ့ရတယ်။ကျန်တဲ့အဖွဲ့သားတွေကောင်းမှုကြောင့်သာ အခုချိန်ထိ အသက်နဲ့ ခန္ဓာမြဲနေသေးတာပါ....

How to die as heavy as mount TaiWhere stories live. Discover now