အခန်း(30.2)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်

2.5K 521 35
                                    

သံမဏိမျှော်စင်တစ်ခုကဲ့သို့ရှည်လျားသော
အရပ်အမောင်းရှိတဲ့နတ်ဆိုးတစ်ယောက်က မီးကဲ့သို့ရဲရဲနီနေတဲ့ ပန်းတစ်ပွင့်ကို လက်ထဲမှာကိုင်ထားတာကို လုဟန် တွေ့နေရတယ်။ထိုနတ်ဆိုးရဲ့ရက်စက်ကြမ်းကြုတ်တဲ့မျက်နှာက တစ်စုံတစ်ခုကိုရှက်ရွံ့နေပုံရတယ်။ထိုနတ်ဆိုးက သူ့ရင်အုပ်သာသာလောက်သာအရပ်မြင့်တဲ့မိန်ကလေးတစ်ယောက်ဆီကို လျှောက်လှမ်းသွားတယ်။

လှပသွယ်လျစွာမွေးဖွားလာတဲ့ထိုမိန်းကလေးနဲ့ ထိုသံမဏိမျှော်စင်တမျှရှည်လျားတဲ့ နတ်ဆိုးတို့အတူတူယှဉ်တွဲဲနေတာကိုကြည့်ရတာ လုံးဝကို Beauty and beast ရုပ်ရှင်လိုပဲလို့  လုဟန် တွေးနေမိတယ်။အရပ်ရှည်တဲ့ထိုနတ်ဆိုးကမိန်းကလေးကိုပန်းပေးဖို့သွားနေတာနဲ့မတူဘဲ လူသတ်ဖို့သွားနေတဲ့ပုံပေါက်နေတာ
ကြောင့်ထိုမိန်းကလေးကြောက်နေလောက်မှာပဲလို့ လုဟန် ထပ်တွေးနေပြန်တယ်။ဘယ်သူထင်ထားမှာလဲ?ထိုမိန်းကလေးက ပန်းပွင့်လေးကို ကျက်သရေတင့်စွာလက်ခံလိုက်ပြီး...

"အရူး၊ နောက်ဆုံးတော့ ဉာဏ်အလင်းပွင့်ပြီပေါ့"

ထိုမိန်းကလေးက အရပ်ရှည်တဲ့နတ်ဆိုးရဲ့ဝတ်ရုံကော်လံကိုဆွဲပြီးခေါင်းငုံ့ခိုင်းလိုက်ကာ ထိုနတ်ဆိုးရဲ့နှုတ်ခမ်းကိုနမ်းလိုက်တယ်။အနားမှာရှိတဲ့နတ်ဆိုးစုံတွဲတွေကချီးကျူးထောပနာပြုပေးနေကျပြီး တစ်ချို့တွေဆို ပွင့်ဖတ်လေးတွေကိုတောင်လေထဲကြဲပေးနေလိုက်သေးတယ်။

လုဟန် တို့အနီးအနားတစ်ဝိုက်မှာ ဟိုစုံတွဲလိုအခြေနေမျိုးတွေဆက်တိုက်ဖြစ်ပွားနေတယ်။

//ဒါက လပွဲတော်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ချစ်သူအချင်းချင်းဖွင့်ဟဝန်ခံတဲ့အစီအစဉ်ဖြစ်လောက်တယ်//

သွယ်လျတဲ့လက်ချောင်းဆယ်ချောင်းနဲ့ဆုပ်ကိုင်ထားတဲ့ ပန်းရောင်ပန်းပွင့်တစ်ပွင့်က လုဟန် ရဲ့နှာခေါင်းအောက်နားမှာရုတ်တရက်ထွက်ပေါ်လာတယ်။မြင်မြင်ချင်းမှာပဲ ဒါက မိန်းကလေးတစ်ယောက်ဆိုတာကိုသိနိုင်ပါတယ်။ လုဟန် ခေါင်းမော့ကြည့်လိုက်တဲ့အခါ လှပတဲ့မျက်နှာလေးတစ်ခုကိုမြင်လိုက်ရတယ်။

How to die as heavy as mount TaiWhere stories live. Discover now