အခန်း (51.2)

1.7K 359 13
                                    

ချင်းယီနဲ့ လုဟန်က ကျန်းစစ်လော့ထက် ပိုပြီး အားနည်းနေတယ်။သွေးတစ်လုတ်အန်လိုက်တာကြောင့် လုဟန်မူးဝေပြီး နောက်ပြန်လဲသွားခဲ့တယ်။ချင်းယီက အချိန်မှီဖမ်းလိုက်နိုင်ပေမယ့် သူလဲ အားနည်းနေတာဖြစ်တဲ့ အတွက် နှစ်ယောက်သား လုံးထွေးပြီး လဲကျသွားလေတယ်။

ချင်းယီဆိုတဲ့ လူသားကူရှင်ကြီးရှိနေတာကြောင့် လုဟန် နာကျင်မှု တစ်စုံတစ်ရာမျှ မခံစားခဲ့ရပေ။မူးဝေမှုတွေပျောက်ကွယ်သွားတဲ့အထိ ခဏလေးငြိမ်နေလိုက်တယ်။အမြင်အာရုံတွေ ကြည်လင်သွားချိန်ကျမှ သူ့အောက်ကလူ  မလှုပ်မယှက် ငြိမ်သက်နေတာကို သတိပြုမိလိုက်တော့တယ်။

"ငါ့ကြောင့် သတိလစ်သွားပြီနဲ့တူတယ်"

လုဟန်က ထထိုင်လိုက်ပြီး စစ်ဆေးဖို့ပြင်လိုက်ချိန်မှာ ခါးကိုတင်းကြပ်စွာဖက်တွယ်ထားသလိုခံစားရပြီး ချင်းယီ ရဲ့အသံခပ်တိုးတိုးကို ကြားလိုက်ရတယ်။

"မလှုပ်နဲ့...ဖက်ထားပါရစေ..."

​ခြေကုန်းလက်ပန်းကျနေတဲ့ ချင်းယီရဲ့ အသံခပ်နွမ်းနွမ်းလေးကြောင့် လုဟန်က ချင်းယီပြောစကားနားထောင်ပြီး ဖက်ထားဖို့ ခွင့်ပြုလိုက်တယ်။

ဘေးနားမှာ ထိုင်ကြည့်နေတဲ့ မူဖေးက ပါးစပ်ထဲမှာ အရသာမရှိတဲ့ ဘီစကွတ်တွေဝါးစားနေရသလိုခံစားနေတယ်။ခွေးစာရဲ့အရသာကို ဘယ်သူသိချင်လဲ...သိချင်ရင်ငါ့ကိုလာမေး......ဘာမှမစားပဲ ရင်ပြည့်ရင်ကယ်ဖြစ်နေတဲ့ခံစားချက်ကြီးလေ....

တကယ်တော့ အစ်ကိုတစ်ယောက်ဖြစ်တဲ့ မူဖေးရဲ့စိတ်ထဲမှာ ယောက်ယက်တွေခတ်နေတယ်။သူ့ညီကို သူတောင်မမှတ်မိသေးခင် တခြားဘူတစ်ယောက်က အပိုင်သိမ်းသွားခဲ့ပြီလေ...ချင်းယီမဟုတ်ဘဲ တခြားတစ်ယောက်သာဆို မူဖေး တုံးတိုက်တိုက် ကျားကိုက်ကိုက် ရင်ဆိုင်ပစ်လိုက်မှာပါ...ဒါပေမယ့် ချင်းယီရဲ့ အကျင့်စရိုက်ကို မူဖေး ကောင်းကောင်းနားလည်တယ်။ချင်းယီက တစ်စံတစ်ယောက်ကို လက်ခံလိုက်ပြီဆိုတာနဲ့ သေတပန်သက်တဆုံး လင်တွဲဖြုတ်မယ့်လူစားမျိုး မဟုတ်ဘူး။သူ့ညီအတွက်ဆို ချင်းယီ ထက်သာတဲ့လက်တွဲဖော်မျိုး မရှိနိူင်တော့ဘူးလေ.....

How to die as heavy as mount TaiWhere stories live. Discover now