အခန်း (54.1)

1.5K 340 17
                                    

လုဟန် ချက်ချင်း ချင်းယီရဲ့လက်မောင်းကို ဖမ်းထိန်းလိုက်ပြီး.....

"နတ်ဆိုးစွမ်းအင်တွေကို မြန်မြန် ထုတ်ပစ်လိုက်!!!"

ချင်းယီက တင်ပြင်ခွေထိုင်ပြီး မျက်လုံးတွေမှိတ်ကာ အာရုံစုစည်းလိုက်တယ်။အနက်ရောင်အခိုးငွေ့တွေက မျက်နှာပေါ်ကနေ လည်ပင်းဆီကိုတဖြည်းဖြည်းချင်းလျော့ကျသွားခဲ့တယ်။ဒါပေမယ့် တခဏအပြာမှာ မျက်နှာဆီကို လျင်မြန်စွာဆန်တက်လာပြန်တယ်။

လုဝန်အတော်လေးထိတ်လန့်နေပြီ...ချင်းယီရဲ့ရှေ့မှာ ဝင်ထိုင်လိုက်ပြီး ချင်းယီရဲ့ ဒန်တျန်ပေါ် လက်တင်လိုက်ကာ.....

"ငါ မင်းကို ကူညီမယ်"

လုဟန်ရဲ့ကြိုးစားမှုတွေ အရာမထင်ခဲ့ပေ...ပျံ့နှံ့နှုန်းနှေးသွားတာကလွဲရင် အမြစိပြတ်သွားမယ့်ပုံမပေါ်ဘူး။ရှိသမျှကိုယ်တွင်းစွမ်းအင်တွေခမ်း​ခြောက်ကုန်တဲ့အထိ ရသလောက်ညှစ်ထုတ်လိုက်တဲ့အခါ နှုတ်ခမ်းထောင့်ကနေ သွေးတွေစီးကျလာခဲ့တယ်။

ချင်းယီရဲ့ ဒန်တျန်ပေါ် ဖိကပ်ထားတဲ့ လုဟန်ရဲ့လက်က ညှင်သာစွာဖယ်ထုတ်ခြင်းခံလိုက်ရတယ်။

လုဝန်မျက်လုံးတွေဖွင့်ကြည့်လိုက်တဲ့အခါ ချင်းယီရဲ့ နူးညံ့ညှင်သာတဲ့အမူအရာကို မြင်လိုက်ရတယ်။

"အသုံးမဝင်တော့ပါဘူး ဆရာတူအစ်ကိုရယ်....ဒီနတ်ဆိုးစွမ်းအင်တွေက သာမာန်ဖုတ်ကောင်တွေရဲ့အဆိပ်တွေလို ရိုးရှင်းမနေဘူး....နတ်ဆိုးဆန်တဲ့အငွေ့အသက်တွေရနေတယ်...ငါရဲ့ ကျင့်ကြံရေးအဆင့်နိမ့်ကျမှုကြောင့် နတ်ဆိုးစွမ်းအင်တွေကို မချေဖျက်နိုင်တော့ဘူး..."

ချင်းယီရဲ့မျက်နှာတစ်ဝက်လောက်က သွေးတွေချင်းချင်းနီနေတဲ့အပြင် ဒဏ်ရာတစ်ဝိုက်မှာ အနက်ရောင်အခိုးငွေ့တွေရစ်သိုင်းနေတယ်။ခြုံငုံကြည့်လိုက်ရင် သွေးပျက်ထိတ်လန့်ဖွယ်ကောင်းနေပေမယ့် နှုတ်ခမ်းထောင့်က အပြုံးဖျော့ဖျော့လေးက သူမတူအောင်နူးညံ့နေတဲ့အပြင် လုဟန်ကိုကြည့်တဲ့အကြည့်တွေမှာ ချစ်ခြင်းမေတ္တာတရားတွေအပြည့်အဝပျော်ဝင်နေတယ်။သူ့ဘဝရဲ့နောက်ဆုံးလက်ကျန်အချိန်လေးမှာ သူ့ရဲ့အသက်တမျှချစ်ရသူရဲ့ပုံရိပ်လေးကို တမလွန်အထိ အမှတ်တရသိမ်းဆည်းသွားချင်ပါတယ်။

How to die as heavy as mount TaiWhere stories live. Discover now