အခန်း(19)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်

3.4K 639 26
                                    


သမင်နတ်ဆိုးငယ်လေးကို မောင်းထုတ်ပြီးနောက်မှာ လုဟန် တံခါးပိတ်ကျင့်ကြံရာနေရာဆီလှည့်ပြန်ခဲ့တယ်။ နှစ်တစ်ထောင်ကြာရှည် အသက်ရှင်နေခဲ့ရတဲ့ နတ်ဆိုးဘုရင်အတွက် ကျင့်ကြံရေးကလွဲရင်ကျန်တာဘာကိုမှ စိတ်ထဲမထည့်ထားခဲ့ပါဘူး။တံခါးပိတ်ကျင့်ကြံရာနေရာ က တောင်ထိပ်ပေါ်မှာ တည်ရှိတဲ့ ဉမင်တစ်ခုဖြစ်ပါတယ်။ထို ဉမင်ထဲမှာ အေးမြတဲ့ကျောက်စိမ်း ကုတင်တစ်လုံးရှိပြီး ဉမင်အပြင်ဘက်မှာတော့ ရေပူစမ်းတစ်ခုရှိပါတယ်။ ရေပူစမ်းရဲ့နံဘေးမှာ ကျောက်သားကိုထွင်းထုထားတဲ့ စားပွဲခုံတစ်လုံးနဲ့ ထိုင်ခုံလေးလုံး အစီအရီရှိနေပြန်ပါတယ်။

လုဟန် ကျောက်သားထိုင်ခုံပေါ်မှာ ထိုင်ပြီး စက္ကူဌက်ကို ဖြန့်လိုက်ပါတယ်။စက္ကူငှက်လေးအဖြစ်ကနေ အမွှေးတောင်ပါတဲ့ ငှက်အစစ်တစ်ကောင်သဖွယ်အသွင်ပြောင်းသွားခဲ့ပြီး ချွန်မြတဲ့ နှုတ်သီးကနေ စကားသံတွေထွက်ပေါ်လာပါတယ်။

" ကျန်း ကယ်ပါဉီး၊ ဘယ်ကမှန်းမသိတဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ချောင်းမြောင်းတိုက်ခိုက်တာကိုခံရတာကြောင့် ကျွန်မ ဒဏ်ရာရထားတယ်။ဒဏ်ရာပြင်းထန်တာကြောင့် ကျွန်မရဲ့ မူလနတ်ဆိုးအသွင်ပြောင်းသွားတယ်။ ကံကောင်းတာက နွေဉီးသန့်စင် ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်က ကျွန်မကို ကယ်တင်ခဲ့တယ်။ ဒါပေမယ့် နတ်ဆိုးမျိုးနွယ်တွေရဲ့ ကုသရေးနည်းလမ်းကို သူတို့မသိကျဘူး။ ဒါကြောင့် ကျွန်မမှာ ပါလာတဲ့ ကုသရေးရတနာနဲ့ ဒဏ်ရာကို ခဏထိန်းထားရတယ်။ကျွန်မ ကို နတ်ဆိုးနယ်မြေဆီပြန်လာခေါ်ပေးပါ။ ရှင် ကလွဲရင် ကျွန်မ ဘယ်သူ့ကိုမှမယုံဘူး။ ရှင်ကိုယ်တိုင် လာခေါ်ပေးပါ။"

စက္ကူငှက် က သတင်းစကားကို အစအဆုံး ထပ်တလဲလဲ ပြန်ရွတ်နေခဲ့တယ်။ ပိုင်လီ ရဲ့ အသံက ကြွပ်ရွ ချိုသာနေတယ်။ ဒါက ကျောက်စိမ်းပန်းကန်ပြားပေါ် ပုလဲလုံးလေးတွေ ပြုတ်ကျသလိုသာယာနေပြန်တယ်။ပိုင်လီ ရဲ့စကားသံက အလျင်လိုနေပုံပေါက်ပြီး တစ်ခုခုကို သဲလွန်စပေးနေသလိုဖြစ်နေပါတယ်။ပိုင်လီ ရဲ့ အသံကိုကြားလိုက်ရချိန်မှာ လုဟန် သွေးတွေဆောင့်တက်လာသလိုခံစားလိုက်ရပါတယ်။လုဟန် သူ့ရဲ့ လက်အမူအရာကို ဂရုမစိုက်နိုင်တော့တာကြောင့် စက္ကူငှက် မီးလောင်းကျွမ်းသွားခဲ့ပါတယ်။မကြာခင်မှာပဲ ပြာပုံတစ်ပုံကလွဲလို့ ဘယ်အရာမှ ကြွင်းကျန်ခဲ့ခြင်းမရှိပါချေ။

How to die as heavy as mount TaiWhere stories live. Discover now