(အခန်း2) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး

5.1K 886 4
                                    

ကာယလေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းမှာ လုဟန်ရဲ့ လက်ကောက်ဝတ်မှာဝတ်ဆင်ထားတဲ့ Light brain က နေအဝင်call တစ်ခုကိုလက်ခံရရှိခဲ့တယ်။

ခေါ်ဆိုသူက မူလန္ဓာကိုယ်ပိုင်ရှင်နဲ့ရင်းနှီးတဲ့သူဖြစ်မယ်ဆိုတာ လုဟန် သတိပြုလိုက်မိတယ်။

သန်မာပြီးပျူငှာပုံရတဲ့မျက်နှာ၊နှာခေါင်းမြင့်မြင့်၊နက်ရှိုင်းတဲ့မျက်ဝန်း၊အနည်းငယ်ပွယောင်းယောင်းဖြစ်နေတဲ့အနီရောင်ဆံပင် နဲ့ လူတစ်ယောက်ရဲ့ပုံရိပ်ကို ၃ ဖက်မြင်ပုံရိပ်ကနေတဆင့်မြင်တွေ့လိုက်ရတယ်။ကြယ်သီးအပြည့်အစုံမတပ်ထားတဲ့စစ်တပ်uniformကပုခုံးကနေ လျှောကျနေတာကြောင့်သန်မာတဲ့ရင်အုပ်ကြွက်သားတွေကိုအရှင်းသားတွေ့မြင်နေရတယ်။

ဟုတ်ပါတယ်။ ပုံရိပ်ပိုင်ရှင်ကတော့ အရိုင်းဆန်မှုတွေပြည့်နေတဲ့ဆွဲဆောင်မှုလုံးဝမရှိတဲ့ ရှို့ရီထဲ့ ပဲဖြစ်ပါတယ်။

"အော်၊နာနာလေးက Trainingဆင်းနေတာကိုး၊ ပါးမို့နီနီလေးတွေကိုမြင်ရတော့အတိတ်တစ်ချို့ကိုအမှတ်ရသွားတယ်"

"ဘာကိစ္စများရှိလို့ပါလဲ တပ်မှုး?"

ရှို့ရီထဲ့ ကအတိတ်အကြောင်းကိုအစဖော်လိုက်တာနဲ့ လက်ရှိဆွေးနွေးနေတဲ့အကြောင်းအရာခေါင်းစဉ်ကိုအချိန်တိုအတွင်းဘယ်လိုမှစကားလမ်းကြောင်းပြန်ဖော်လို့မရတော့တာကြောင့် လုဟန်နှောက်ယှက်လိုက်ရခြင်းဖြစ်တယ်။

"ကိုယ်တို့မှာအချိန်တွေပိုလျှံနေတာပဲ၊အတိတ်အကြောင်းနည်းနည်းလောက်ပြန်ပြောကျတာဘာမှမဖြစ်ပါဘူး"

လုဟန် ဘာ့ကြောင့် အတိတ်ကိုအစပြန်ဖော်တာကိုလုံးဝမကြိုက်ရတာလဲ??

"ဘာကိစ္စများရှိလို့ပါလဲ တပ်မှုး?"

အေးစက်စက်အသံနဲ့ လုဟန်  ထပ်မေးလိုက်တယ်။

ရှို့ရီထဲ့ အသံတိုးတိုးနဲ့သူ့ကိုယ်သူပြောတယ်။

"ရှို့ရီထဲ့ရေ..မင်း ဒုတပ်မှုးရိုင်နာ ဆီဖုန်းခေါ်တဲ့အခါအတိုင်းမင်းဂရုစိုက်သင့်တယ်"

ရိုင်နာ ဆီ ရှို့ရီထဲ့ နောက်ဆုံးအကြိမ်ဖုန်းခေါ်တုန်းကအကြောင်းတွေးမိတဲ့အခါ ခဏလောက်တောင့်တင်းသွားတယ်။သိပ်မကြာလိုက်ခင်မှာပဲ ရှို့ရီထဲ့ သာမာန်အပြုံးတစ်ခုနဲ့ စကားဆက်ပြောတယ်။

" ရိုင်နာ အရေးကြီးတဲ့အရာတစ်ချို့ရှိတာကြောင့် combat command room ကိုလာခဲ့ပါဉီး"

" ဟုတ်ကဲ့၊မကြာခင်အဲ့ကိုရောက်ပါ့မယ်"

ကွဲပြားခြားနားတဲ့အကျင့်စရိုက်ကိုယ်စီရှိကျတဲ့ ဇာတ်ကောင်နှစ်ယောက်က အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်နေကျတယ်ဆိုတာအရမ်းထူးဆန်းလွန်းတယ်။

လုဟန် စားပွဲပေါ်မှာတင်ထားတဲ့မျက်မှန်ကိုယူတပ်လိုက်ရင်း အခန်းထဲကနေ ထွက်လာခဲ့တယ်။ရှည်လျားတဲ့တံတားကိုဖြတ်လျှောက်ပြီးချိန်မှာ Starship ရဲ့ အဆုံးဖက်မှာရှိတဲ့ combat command room ကိုလှမ်းမြင်လိုက်ရတယ်။

လုဟန် ရဲ့ကျောပြင်က ဖြောင်မတ်နေပြီးခြေလှမ်းတိုင်းကလဲသေသပ်တိကျနေတယ်။ စစ်တပ်သုံးဖိနပ်နဲ့ကြမ်းခင်းတို့ထိခတ်တဲ့အသံကစည်းချက်မှန်မှန်ထွက်ပေါ်နေခဲ့ပြန်တယ်။

Wind & Thunder တပ်မဟာ က တစ်ခြားတပ်မဟာတွေလောက်စည်းကမ်းမတင်းကြပ်ပေမယ့် လမ်းတစ်လျှောက်မှာတွေ့ရတဲ့စစ်သားတွေက လုဟန် ကိုစစ်တပ်ထုံးစံအတိုင်းစည်းကမ်းတကျအလေးပြုကျတယ်။

Mission တွေမရှိတဲ့အချိန်တွေမှာ Starship ပေါ်မှာရှိတဲ့သူတွေက သက်တောင့်သက်သာအနားယူအပန်းဖြေကျတယ်။ဒါကလဲ လုဟန် ကိုမတွေ့ခင်အချိန်ထိပါပဲ။လေးနက်တည်ကြည်ပြီး စက်ရုပ်ဆန်တဲ့ကိုယ်အမူအရာရှိတဲ့ ရိုင်နာ ဆိုတာ စည်းကမ်းတင်းကြပ်ခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်နေခဲ့တယ်။

ထပ်ပေါင်းပြောရရင် ရိုင်နာ ရဲ့ ချွင်းချက်မရှိအမိန့်နာခံတတ်ခြင်းတွေကြောင့် ရိုင်နာ ကိုတခြားသူတွေလက်ရှောင်ကျပါတယ်။ဒါကြောင့် ရိုင်နာ က  Wind &
Thunder မှာ အတင်းအဖျင်းတစ်ချို့အပြောခံနေရတုန်းပါပဲ။

အေးစက်နေတဲ့မျက်နှာထားနဲ့ အခန်းထောင့်ဘက်ကိုလျှောက်လှမ်းသွားတဲ့ လုဟန် ရဲ့ကျောပြင်ကိုကြည့်ရင်း အလေးပြုနေတဲ့တပ်သားလေးခမျှာ ခဏလောက်တောင့်တင်းသွားမိပြန်တယ်။ 3S အဆင့်ရှိတဲ့အထက်လူကြီးရဲ့ ပညာပေးခြင်းကိုကြောက်ကျတဲ့အတွက်အသံတောင်ပြင်းပြင်းမထွက်ရဲကျရှာပေ။

တစ်ဘက်မှာလဲ လုဟန် နဲ့ဖုန်းပြောပြီးပြီးချင်း ရှို့ရီထဲ့ စားပွဲကိုခပ်ပြင်းပြင်းရိုက်လိုက်ရင်း

"နာနာလေး ကိုမျက်နှာတွေနီလာတဲ့အထိစနောက်ရတာ ပိုပိုပြီးပျော်ဖို့ကောင်းလာတယ်"လို့ ပြောလိုက်တယ်။

" ရှို့ရီထဲ့ ၊ ခင်ဗျားနဲ့ဒုတပ်မှုး ရိုင်နာ အရမ်းရင်းနှီးကျတာလား?"

နူးညံ့တဲ့ပုံသဏ္ဍာန်နဲ့ကောင်လေးက မေးခွန်းထုတ်လိုက်တယ်။ဒီကောင်လေးရဲ့အသားအရောင်က အဖြူရောင် cream လေးအတိုင်းပဲ၊ ပွင့်ဖတ်လေးတွေနဲ့တူတဲ့နှုတ်ခမ်း၊ သေးသွယ်တဲ့ပုခုံးနဲ့ခါးလေးကိုပါထပ်ပေါင်းလိုက်ရင် ဒီကောင်လေးက လှပတဲ့Omega ကောင်လေးတစ်ယောက်ဖြစ်တယ်။

"ဟုတ်တာပေါ့၊ငါတို့တွေက အသက်သုံးနှစ်မှာစပြီးတွေ့ကျတာ၊အဲ့တုန်းကဆို နာနာလေးက ကားလို့စ်လေးလို
ချစ်ဖို့ကောင်းတယ်လေ"

ရှို့ရီထဲ့ ပြောရင်း၊ပြောရင်း ငယ်ရွယ်တဲ့ ရိုင်နာ ကိုလွမ်းလာတယ်။ရိုင်နာ  ငယ်ငယ်တုန်းက အရမ်းရှက်တတ်တယ်။ချစ်ဖို့လဲကောင်းတယ်။ကျိူးနွံနာခံမှုလဲရှိတယ်၊ပြီးတော့အယုံလဲလွယ်သေးတယ်။ ရှို့ရီထဲ့ ပြောသမျှအရာတိုင်းကိုအကုန်ယုံတာပဲ။အခုများကျတော့ ဘယ်ကနေဘယ်လို ခေါင်းအစ ခြေအဆုံး စစ်တပ်စည်းကမ်းတွေအပြည့်ထိုးသွပ်ထားတဲ့လူအိုကြီးပုံစံဖြစ်သွားရတာပါလိမ့်။ရှို့ရီထဲ့ကတော့ စိတ်ထဲကနေ သက်ပြင်းတွေအကြိမ်ကြိမ်ချနေရုံပဲတတ်နိုင်တော့တယ်။

အံ့သြသွားတာကြောင့် ကားလို့စ်ရဲ့မျက်ဝန်းတွေကျယ်သွားပြီး နှင်းဆီရောင်နှုတ်ခမ်းတွေတောင် အနည်းငယ်ပွင့်ဟသွားတယ်။

" အဲ့လိုလား? ကျွန်တော့်အထင် ဒုတပ်မှုးရိုင်နာ ကအရမ်းတည်ကြည်လေးနက်တယ်။ပထမဆုံးအကြိမ်ကျွန်တော်သူ့ကိုတွေ့တုန်းကဆိုညွှန်ကြားရေးမှူးလို့တောင်ထင်သွားတာ"

"ဘယ်လိုဖြစ်နိုင်မှာလဲ! ငါတို့တွေ စစ်တပ်အကယ်ဒမီမှာတုန်းကဆို မကောင်းတဲ့idea တော်တော်များများက နာနာလေးဆီကထွက်လာတာလေ။ အဲ့ဒီ့ငယ်ရွယ်တဲ့နှစ်တွေတုန်းက ငါတို့တွေတစ်ကယ့်ကိုပျော်ရွှင်ခဲ့ကျတာလေ"

ရှို့ရီထဲ့ တစ္ဆေတစ်ကောင်လိုရုတ်တရက်ဆန်ဆန်မတ်တတ်ရပ်လိုက်ရင်း

"မင်းသိလား! ငါတို့ရဲ့ Training camp က instructor လေ..."

"ကျွန်တော်အကယ်ဒမီမှာတုန်းက Captain ရဲ့ အကြောင်းတွေကြားဖူးတယ်။ ဒါကြောင့်ကျွန်တော် Wind & Thunder တပ်မဟာထဲဝင်ဖို့ဆုံးဖြတ်ခဲ့တာ။"

ကားလို့စ်ရဲ့စကားက  ရှိ့ရီထဲ့ ကို ကမောက်ကမဖြစ်အောင်နှောက်ယှက်လိုက်တာဖြစ်တယ်။

အတိတ်ကမှတ်ဉာဏ်အချို့မှာနှစ်မြောနေတုန်း နှစ်ကြိမ်တိတိအနှောက်ယှက်ခံလိုက်ရတာကြောင့် ရှို့ရီထဲ့နည်းနည်းတော့ စိတ်ပျက်သွားတယ်။ ဒါပေမယ့်လဲရှို့ရီထဲ့ က ကားလို့စ်အပေါ်မှာဆို ပုံမှန်ထက်ကိုပိုပြီး စိတ်ရှည်ရှည်ထားပေးနေကျပဲလေ။ ကားလို့စ်
ရဲ့စကားကြောင့် ရှို့ရီထဲ့အကယ်ဒမီတက်တုန်းက စိတ်ဝင်စားစရာအချို့ကိုပြောပြလိုက်ချိန်မှာတော့ omegaလေးရဲ့ ရယ်မောသံတွေအတောမသတ်နိုင်တော့အောင်ထွက်ပေါ်လာခဲ့တယ်။

သူတို့နှစ်ယောက် ပျော်ပျော်ပါးပါးပြောဆိုနေချိန်မှာCombat command room ရဲ့တံခါးကပွင့်လာခဲ့တယ်။ ကားလို့စ်ရဲ့ရယ်သံတွေလဲတိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်။

အခန်းတွင်းလေထုက ရုတ်တရက် ပုံမှန်မဟုတ်သလိုဖြစ်သွားတယ်။ ဒါပေမယ့် လုဟန် ကတော့ ဘာမှမခံစားသလိုပဲ။
ရှို့ရီထဲ့ ကို အလေးပြုလိုက်ပြီး ရှို့ရီထဲ့ ရဲ့ ညာဘက်ခုံမှာဝင်ထိုင်လိုက်တယ်။

" ဒါဆို စပြီးဆွေးနွေးလိုက်ကျရအောင်"

ရှို့ရီထဲ့ ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း ၃ဖက်မြင်Projector ခလုတ်ကိုနှိတ်လိုက်တယ်။

လေထဲမှာ အဝါရောင်ဂြိုလ်တစ်ခုပုံပေါ်လာတယ်။အဲ့ဒီ့ဂြိုလ်က ကြားနေဂြိုလ်တစ်ခုဖြစ်ပြီး၊ အဝါရောင်သဲတွေနဲ့ပြည့်နှက်နေတာကြောင့်သယံဇာတရှာပါးလှပါတယ်။အဲ့ဒီ့ဂြိုလ်က လူတွေပိုင်တာမဟုတ်ပါဘူး။
အဲ့ဒီ့ဂြိုလ်ကတော့ လူလိမ်၊လူသတ်ဝရမ်းပြေး၊ သူခိုး၊မဒိန်းကောင် အစရှိတဲ့သူတွေအတွက်တော့ သုခံဘုံကြီးတစမခုလိုပါပဲ။ကြယ်သူခိုးတွေအတွက်ကတော့ ရွှေတွင်းကြီးတစ်ခုလို့တောင်ခေါ်ဆိုနိုင်ပါသေးတယ်။ဘယ်ကြောင့်လဲဆိုတော့ အဲ့ဂြိုလ်ပေါ်မှာ ဘာဉပဒေမှာမသက်ရောက်တာကြောင့်ပါ။

"ယုံကြည်ရတဲ့အချက်အလက်တွေအရ Frizianမှာရှိတဲ့ အကြီးဆုံးမြို့တော်Nabia  မှာ အာဒန် ပုန်းနေတယ်"

ရှို့ရီထဲ့ က ဂြိုလ်ရဲ့ ပုံကိုZoom ဆွဲပြရင်း မြောက်ပိုင်းမှာရှိတဲ့နေရာတစ်ခုကိုညွှန်ပြတယ်။

"Star roadမြေပုံကို လေလံတင်ချင်တာလား?"

လုဟန် မျက်မှောင်ကြုတ်ပြီးမေးလိုက်တယ်။

"Bingo! နာနာလေးက ဉာဏ်ကောင်းလိုက်တာ"

ရှို့ရီထဲ့ ကရှင်းပြရခက်တဲ့အပြုံးနဲ့ရယ်မောနေတယ်။သူ့ရဲ့စကားတွေကိုလျစ်လျူရှုပြီး projector ကိုသာအလေးအနက်စိုက်ကြည့်နေတဲ့ လုဟန် ကိုမြင်လိုက်ရတဲ့အခါ ပုခုံးကိုတွန့်လိုက်ပြီးဆွေးနွေးလက်စကိုပဲဆက်ဆွေးနွေးရပြန်တယ်။

"ဒါကြောင့် လေလံပွဲမတိုင်ခင်သူ့ကိုတွေ့အောင်ရှာပြီး road map ကိုပြန်ယူလာရမယ်"

" တပ်မဟာကိုသုံးပြီး Frizian ကိုငါတို့ ပေါ်တင်ဝင်လို့မရဘူး။ နောက်ဆုံးတစ်ခေါက်ပြသာနာတုန်းက ပါလီမန်က စစ်တပ်အထက်ပိုင်းကလူတွေကိုတင်းကြပ်တဲ့ညွှန်ကြားချက်တွေပေးထားတယ်"

အချိန်အတော်ကြာတိတ်ဆိတ်နေတဲ့
ကားလို့စ် က စကားစပြောတယ်။

"ဒါကြောင့်ပဲအခုလိုဆွေးနွေးနေရတာလေ၊ ကျွန်တော်တို့ သုံးယောက် ခိုးဝင်ကျမယ်လို့ ရှို့ရီထဲ့ ပြောထားတယ်"

အဲ့စကားကိုကြားလိုက်တာနဲ့ လုဟန်ရဲ့ မျက်ခုံးတွေပိုပြီးတွန့်ချိုးလာတယ်။

ဇာတ်ကြောင်းအရဆို ဒီmission အတွင်းမှာ ကားလို့စ် heat ဖြစ်တာကြောင့်omega ဆိုတာပေါ်သွားတော့မှာ၊ဒါ့အပြင် ရိုင်နာ နဲ့ ရှို့ရီထဲ့ တို့ရဲ့သူငယ်ချင်းဆက်ဆံရေးလဲပျက်စီးရတော့မှာဖြစ််တယ်။

အာဒန်  ဆိုတဲ့သစ္စာဖောက်ကောင်က စစ်တပ်ရဲ့အသည်းနှလုံးလိုတန်ဖိုးထားရတဲ့ star road map ကိုခိုးယူသွားခဲ့တယ်။ Star road map မှာ မတူးဖော်ရသေးတဲ့ သတ္တုရိုင်းတွေရှိတဲ့ဂြိုလ်တွေကိုမှတ်ထားထားတာကြောင့်တန်ဖိုးကမှန်းဆမရအောင်ကြီးမားလွန်းတယ်။အခု mission က အာဒန် ကိုဖမ်းပြီး road map ကိုပြန်ယူရမှာဖြစ်တယ်။

ကားလို့စ်ရဲ့အဖေက ရှို့ရီထဲ့ ကိုကာကွယ်ပေးဖို့စတေးခံရင်းသေဆုံးသွားရတာကြောင့် ရှို့ရီထဲ့ က ကားလို့စ် ကိုအရမ်းမျက်နှာသာပေးတယ်။ဒါပေမယ့်လဲ အခုလိုအရေးကြီးတာဝန်ကို လူသစ်တစ်ယောက်ကိုထမ်းဆောင်ခိုင်းတာကတော့အရမ်းကိုမျှော်လင့်လွန်းရာကျနေတယ်။

လုဟန် ရဲ့ သဘောမတူတဲ့အကြည့်တွေကို ကားလို့စ် မြင်လိုက်တာကြောင့် သတ္တိမွေးပြီးပြောလိုက််

" ဒါကကျွန်တော့်ရဲ့ပထမဆုံးMissio ဖြစ်တာကြောင့် သေချာပေါက် ကြိုးကြိုးစားစားထမ်းဆောင်ပါ့မယ်"

လုဟန် စားပွဲကိုညှင်သာစွာခေါက်လိုက်ပြီး

" တပ်မှုး၊ ဒါက အရေးကြီးတာဝန်ဖြစ်တဲ့အတွက် သင့်တော်မယ့်သူကို ဂရုတစိုက်ရွေးသင့်တယ်"

ကားလို့စ် မတ်တပ်ရပ်လိုက်ပြီး ရှို့ရီထဲ့ကိုမျက်လုံးအပြူးသားနဲ့ပြောတယ်

" ရှို့ရီထဲ့ ကျွန်တော်အများကြီးကြိုးစားပါ့မယ်၊အခွင့်ရေးတစ်ကြိမ်လောက်ပေးပါ"

လုဟန်  ပြုံးချင်တာကိုအတင်းခုခံနေရတယ်။ကံကြမ္မာကတွဲဖက်ပေးတဲ့ဒီအတွဲက အတော်လိုက်ဖက်သားပဲ။ ကားလို့စ် လို ဒုတိယအဆင့်တပ်သားက ရှို့ရီထဲ့ ကိုနာမည်တောင်တပ်ပြီးခေါ်လိုက်သေးတယ်။

ရှို့ရီထဲ့ က ကားလို့စ် ရဲ့ပုခုံးကိုပုတ်ပြီးနှစ်သိမ့်ပေးလိုက်တယ်။

" ကားလို့စ်၊ မင်းစိတ်မပူနဲ့။ ရိုင်နာ ကလဲကွာ၊ ကားလို့စ်ကို mission မှာပါခွင့်ပေးလိုက်ပါ။ ငါတို့က သူခိုးတွေလိုအသွင်ယူရမှာလေ၊  Omega အလှလေးတစ်ယောက်ကိုဘာလိို့တွဲဖက်အနေနဲ့ခေါ်မသွားရမှာလဲ?"

ရှို့ရီထဲ့  ကလက်တွေကိုဖြန့်လိုက်ရင်း

" ငါတို့အဖွဲ့တစ်ခုလုံးမှာ ကားလို့စ်လောက် omega နဲ့တူတဲ့သူဘယ်သူရှိလို့လဲ?"

"ဒါကနည်းလမ်းတစ်ခုဆိုရင်တောင် ငါကတော့ ကားလို့စ်ကို သင့်တော်တယ်လို့ မထင်ဘူး။ သူက Wind & Thunder ကို အထူးခွဲတမ်းနဲ့ဝင်လာတာလေ။ဒါ့အပြင် ဒုတိယတန်းစားတပ်သားဖြစ်တဲ့ အတွက်F level ၊Missio သုံးခုကိုထမ်းဆောင်ထားနိုင်မှရမှာ၊ အခုက သူရဲ့သင်တန်းကာလမှာပဲရှိနေသေးတယ်။ဒါကြောင့် A level ရှိတဲ့ တာဝန်ကိုထမ်းဆောင်ဖို့မသင့်တော်ဘူး"

လုဟန် ရဲ့စကားတွေကြားလိုက်ရချိန်မှာ ကားလို့စ်ရဲ့မျက်နှာနီမြန်းလာရုံမက၊မျက်လုံးတွေပါနီမြန်းလာပြီးတွန့်ဆုတ်စွာနဲ့ပြောလိုက်တယ်

" ကျွန်တော်လုပ်နိုင်တယ်၊ကျွန်တော်ကြိုးစားပါ့မယ်"

"ရိုင်နာ မင်း...."

ရှို့ရီထဲ့ကတော့ မနှစ်မြို့စရာတစ်ခုကိုမြိုချလိုက်ရသလိုဒုက္ခရောက်နေပုံနဲ့ခေါင်းကိုပွတ်လိုက်တယ်။

"ကားလို့စ် ရဲ့  ကျောင်းတွင်းလုပ်ဆောင်မှုအမှတ်တွေအတော်ကောင်းတယ်၊သူ့ကိုမြန်မြန်ကြီးထွားဖို့အခွင့်အရေးပေးလိုက်ကျရအောင်"

" ဒုတပ်မှူး ရိုင်နာ ကျွန်တော့်ရဲ့ ဘွဲ့ရတဲ့ရမှတ် A+ "

ကားလို့စ် စိတ်လှုပ်ရှားမှုအပြည့်နဲ့ပြောလိုက်တယ်။လုဟန် ဒါကိုကြားလိုက်တာနဲ့ Light Brain က ခလုတ်တစ်ခုကိုနှိပ်လိုက်တယ်။အလင်းဖောက် Secrren တစ်ခုပွင့်လာပြီး ကားလို့စ် ရဲ့ရမှတ်မှတ်တမ်းတွေပေါ်လာတယ်။ လုဟန် ရှင်းပြလိုက်တယ်။

" ဒုတိယအဆင့်တပ်သား ကားလို့စ်မယ်ဂါ၊ မင်းရဲ့ ရမှတ်မှတ်တမ်းတွေက Theoretical ရမှတ် S၊Practical ရမှတ် B၊ ဉာဏ်ရည် A+၊ Frizian မှာ ထနခိုက်မှုနှုန်းအမြင့်ဆုံးက Aသမားတွေ ပဲ "

ကားလို့စ် ရဲ့ထိခိုက်နာကျင်နေတဲ့ အကြည့်တွေကိုလျစ်လျူရှုလိုက်တယ်။Frizian ရဲ့ သတင်းအချက်အလက်ကိုပြန်စစ်ဆေးလိုက်တယ်။

" ပထမဆုံးအချက်က လျှပ်စစ်သံလိုက်မုန်တိုင်းပဲ၊ပထမဆုံးအနေနဲ့အတွေ့အကြုံမရှိဘူးဆိုရင်ဉီးနှောက်နဲ့ခန္ဓာကိုယ် သယဇာတမဖြစ်ဘဲမသက်မသာခံစားရမယ်၊ဒုတိယအနေနဲ့က Frizian က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့နေရာ၊ အမိန့်တွေဉပဒေတွေကအစ အတော်လေးလူမဆန်ဘူး ၊ပုန်းအောင်းနေတဲ့ရာဇဝတ်သားတစ်ဝက်လောက်က 3S အဆင့်ရှိတဲ့သူတွေချည်းပဲ၊ ဒါကြောင့်လူသစ်တစ်ယောက်သာ ဒီတာဝန်မှာဝင်ပါလာရင် ကျရှူံးနိုင်ချေက 80% ရှိတယ်"

လုဟန် ရဲ့ မထူးခြားနားတဲ့အကြည့်၊ စိမ်းသက်သက်စကားသံ အဲ့ ၂ ခုကြားမှာ ရှို့ရီထဲ့ ဘာကိုဒေါသထွက်မှန်းမသိ ဒေါသထွက်လာတယ်။လုဟန် ပြောသမျှတိုင်းက ကျိုးကြောင်းဆီလျော်တာကိုသိနေပေမယ့်လဲ ခံစားချက်၂ခုကြားမှာ ရှို့ရီထဲ့ လမ်းပျောက်နေခဲ့တယ်။စကားကိုနှုတ်ကထုတ်မပြောခင်ဉီးနှောက်ကမစဉ်းစားတော့ပဲ

" စစ်တပ်ရဲ့စည်းမျဉ်းအရ ဒုတပ်မှုးက အဆိုတင်သွင်းခွင့်ပဲရှိတယ်။ဆုံးဖြတ်ချက်ချရမယ့်အာဏာက Commaner ဆီမှာပဲရှိတယ်။အခြေအနေပေါ်မူတည်ပြီး Commander ကသင့်တော်တဲ့အမိန့်ကိုချမှတ်မယ်"

စကားကိုဆုံးအောင်ပြောပြီးတာတောင်မှ သူ့ရဲ့အသံက အရမ်းခက်ထန်နေတယ်လို့ ရှို့ရီထဲ့ ကိုယ့်ကိုကိုယ်ပြန်တွေးမိတယ်။ကသိကအောက်နဲ့ခေါင်းကုတ်လိုက်ပြီးဘာမှဆက်မပြောဖြစ်တော့ချေ။

"အမိန့်ကိုနာခံပါ့မယ် Sir"

လုဟန်မှာ ထိခိုက်စရာမှမရှိတာ။ဒါ့ကြောင့်ခေါင်းညိတ်လိုက်ပြီး Light brain ကနေတဆင့် လေလံပွဲအချက်အလက်တွေကိုစုဆောင်းနေလိုက်တယ်။

" သင့်တော်မယ့်သူကိုလဲရွေးချယ်ပြီးပြီဆိုတော့ အသေးစိတ်အချက်တွေကိုဆက်ဆွေးနွေးကျရအောင်"

လုဟန် ရဲ့ အပြုအမူတွေကိုကြည့်ရင်း ရှို့ရီထဲ့ ရဲ့ နှလုံးသားထဲမှာရှိတဲ့အကြောက်တရားတွေလေးလံကြီးမားလာခဲ့တယ်။ဒါကြောင့်၊ ဆက်လက်ဆွေးနွေးတဲ့အသေးစိတ်အကြောင်းအရာတွေဆီ ရှို့ရီထဲ့ အာရုံရောက်တော့ဘူး။ဒါပေမယ့်၊ ဒါတွေက ဒုတပ်မှူးတစ်ယောက်ရဲ့တာဝန်တွေဖြစ်နေတာကြောင့် ရှို့ရီထဲ့ ရဲ့ စိတ်ပျံ့လွင့်ခြင်းက ဆွေးနွေးပွဲကိုမကျိုးမသက်ရောက်စေခဲ့ပါဘူး။





Zawgyi code

How to die as heavy as mount TaiWhere stories live. Discover now