အခန်း (53.2)

1.7K 363 13
                                    

မွှေးပျံ့တဲ့အသားဟင်းနံ့ကြောင့် နှစ်ရက်စလုံးဗိုက်ဟောင်းလောင်းနဲ့နေခဲ့ရတဲ့ချင်းယီက ခေါက်ဆွဲတစ်ပန်းကန်ကို အငမ်းမရစားသောက်နေတယ်။အဖွဲ့သားတွေရဲ့ အမြင်မှာ ချင်းယီက အငတ်ဘေးဆိုက်နေတဲ့သားရဲကောင်ကြီးနဲ့တူနေတယ်။ဒါ့ကြောင့် တစ်ယောက်ကို တစ်ယောက် ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီး...

"ငါတို့တွေ ဆန်ပြုတ်တစ်အိုးလောက်ထပ်ချက်လိုက်သင့်ပြီ...."

တနင့်တပိုးစားသောက်ပြီးလိုက်ရတဲ့အတွက် အလုပ်ဆက်လုပ်ဖို့ ခွန်အားတွေပြန်ပြည့်လာတယ်။တကယ်တမ်းကျတော့ ချင်းယီတစ်ယောက်တည်းကသာ အစီအရင်တွေကိုလေ့လာနေတာဖြစ်ပြီး လုဟန်က ဘေးမှာထိုင်ပြီး ကျင့်ကြံနေခဲ့တာပါ....ချင်းယီအားအင်ကုန်ခမ်းခါနီးတိုင်း အနားယူဖို့ လုဟန် သတိပေးနေရတယ်။

အခန်းအောင်းပြီး ရက်အနည်းငယ်လောက်လေ့လာပြီးချိန်မှာ အစီအရင်ပုံကြမ်းကို ပထမအဆင့်ထိ ပုံဖော်နိုင်ခဲ့ပြီဖြစ်တယ်။

အမြူတေတွေရဲ့အတွင်းဘက်နံရံမှာရှိတဲ့အစီအရင်ကို ချင်းယီ ခန့်မှန်းလို့ရနေခဲ့ပါပြီ....

"စွမ်းအင်ပြောင်းလဲခြင်းအစီအရင်...."

"နတ်ဆိုးစွမ်းအင်တွေကို ဝိဉာဉ်စွမ်းအင်ဖြစ်အောင် ပြောင်းပစ်နိုင်တဲ့အစီအရင်...."

လုဟန်က ချင်းယီရဲ့ ထင်မြင်ယူဆချက်ကို အတည်ပြုပေးလိုက်တယ်။

"သေချာအတည်မပြုရသေးပေမယ့်....တစ်ခုခုတော့တစ်ခုခုပဲ...."

လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိထားသမျှတွေက ရှုပ်ထွေးနေတဲ့ ချည်မျှင်တွေလိုဖြစ်နေတယ်။သေချာမဖြေရှင်းနိုင်သေးခင်မှာ တံခါးခေါက်သံကြားလိုက်ရတယ်....

"ယီကော!!!!တံခါးမြန်မြန်ဖွင့်!!!!အခြေနေဆိုးနေပြီ!!!"

ထိုသူက ကျန်းစစ်လော့ဖြစ်တယ်....အခန်းထဲဝင်လာတဲ့ ကျန်းစစ်လော့ရဲ့မျက်နှာက အလွန်တရာစိုးထိတ်နေပုံရပြီး သူ့ပုံစံကစနောက်နေတဲ့ပုံနဲ့လုံးဝမတူခဲ့ပေ...

"ယီကော...ကျွန်တော်အိမ်မက်မက်တယ်...နောက်နှစ်ရက်နေရင် ဒီအခြေစိုက်စခန်းကို ဖုတ်ကောင်တွေလာတိုက်တော့မယ်..."

How to die as heavy as mount TaiWhere stories live. Discover now