"သူတို့ကိုလွှတ်ပေးရမယ်လား!? ငါ့ကောင်မလေးကွ ငါကစားလို့ပျင်းသွားရင်တောင်မှ ဘယ်သူမှဖြတ်ခုတ်ခွင့်မရှိဘူး!"

ယန်ထန်ကအေးစက်စွာသာ နှာခေါင်းရှုံ့လိုက်ပြီး
"မင်းမကျေနပ်ရင်လည်း သူတို့နဲ့ရှင်းလေ၊ ဘာလို့ငါ့ကိုဆွဲထည့်နေတာလဲ? မင်းတို့ဘဲစုံတွဲကိစ္စ ငါလာရှင်းပေးနေရမှာလား!?"

ယန်ထန်စကားအဆုံးမှာ လီဝမ်ယုကရယ်မောလာပြီး၊ သူ့လက်မောင်းပေါ်ကတက်တူးတွေကို ထိတွေ့နေကာ
"မင်းစိတ်မဝင်စားလည်းကိစ္စမရှိဘူး၊ ဒုတိယနှစ်တုန်းက မင်း ငါ့ကိုလမ်းကြားထဲပိတ်ပြီးပြဿနာရှာတာမှတ်မိသေးလား?"

"အဲ့ဒါဘာဖြစ်လဲ?"

"ဘာဖြစ်လဲဆိုတော့၊ မင်းဒီအထိရောက်လာပြီးမှတော့ ငါတို့ရိုက်တာခံနိုင်ရင် ငါလွှတ်ပေးမယ်လေ။ ကောင်မလေးကိုလည်း မင်းတို့ပဲယူလိုက်တော့"

...

ဗိုက်ကနာကျင်မှုက သူ့ကိုတုန်ရီနေစေတယ်။
ကံကောင်းစွာပဲ တစ်ခြားအရေးကြီးအပိုင်းတွေကို ကောင်းကောင်းကာကွယ်ထားနိုင်လိုက်တယ်။
လမ်းကြားထဲမှာတော့ လူတွေမရှိကျတော့ဘူး။
ယန်ထန်ကထောင့်ချိုးနားမှာထိုင်ရင်း စီးကရက်တစ်လိပ်ကို ရှိုက်ဖွာနေလိုက်တယ်။
နှုတ်ခမ်းထောင့်နားကတော့ စပ်ဖျင်းဖျင်းဖြစ်နေရပြီ။

"ထန်ကော..."

"ရတယ် မင်းအရင်ပြန်လိုက်တော့"

ယန်ထန်က ဖက်တီးကိုတွန်းလွှတ်လိုက်ပြီး၊ လမ်းကြားထဲကနေ ထော့နဲ့စွာထွက်လာခဲ့ရတယ်။

လူဆယ်ယောက်ကျော်လောက်ဝိုင်းရိုက်တာလေး ခံရရုံပါပဲ။
လီဝမ်ယုက လုံးဝအရှုံးမခံနိုင်ပုံပဲ။
ပထမတော့ လူသုံးယောက်ပဲရှိတယ်၊ နောက်တော့ သုံးဆလောက်ထပ်ရောက်လာသေး။

ပါးစပ်ထဲကသွေးထွက်နေတာကို ခံစားမိတယ်၊ ဒဏ်ရာတွေကြောင့် တော်တော်နာနေပြီ။

နံရံကိုမှီနေရင်းမှာပဲ ပျားရည်စုပ်ပန်းအနံ့ကို ထပ်မံရရှိလိုက်တယ်။

ဒီနွေရာသီ အဘွားအိမ်ဆီပြန်ရင်၊ အဘွားနဲ့တူတူစိုက်ရမယ်။
နွေရာသီတစ်ခုလုံးမွှေးပျံ့နေမှာပဲ၊ ဘယ်လောက်ကောင်းလိုက်မလဲ။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now